Thursday, August 23, 2007

စိတ်မသက်သာခြင်းများ...

အခုတလော စိတ်မသက်မသာစရာတွေ များလွန်းလှပါတယ်။

အဓိက စိတ်မသက်မသာ အဖြစ်ရဆုံးကတော့ အားလုံး သိကြတဲ့ အတိုင်း မြန်မာပြည်က လောင်စာဆီ ဈေးနှုန်း အပြောင်းအလဲ သတင်းနဲ့ အဲဒါနဲ့ ပတ်သက်တဲ့ ဆန္ဒပြပွဲတွေအပေါ် အာဏာပိုင်တွေရဲ့ ကိုင်တွယ်မှုပါ။

၁၉၈၈ ခုနှစ် အရေးတော်ပုံ၊ ၁၉၉၆ ခုနှစ် ကျောင်းသားများ ဆန္ဒပြမှု တွေကို ကိုင်တွယ်ခဲ့ဖူးတဲ့ အာဏာပိုင်တွေဟာ ဒီတချီမှာ ခေတ်စကား ပြောရရင် အတော်လေးကို စာတတ်နေပါပြီလို့ ပြောလို့ ရနေပါတယ်။

၁၉၈၈ ခုနှစ်တုန်းကတော့ အစ ပထမမှာ လုံထိန်းတွေနဲ့ ရှင်း၊ နောက်ပိုင်း မနိုင်တော့ စစ်တပ်၊ ပစ်… သတ်။ ၁၉၉၆ မှာတော့ လည်စည်း အနီပတ်၊ ရဲယူနီဖောင်းဝတ် (ရဲ ဟုတ်မဟုတ် မသေချာပါ) တွေကို ရှေ့ဆုံးမှာထား၊ နံပါတ်တုတ်တွေနဲ့ အားရပါးရ အရိုက်ခိုင်း၊ ပြီးမှ နောက်က စစ်သားတွေက စစ်ကားတွေပေါ် ကျောင်းသားတွေကို ၀က်တွေပစ်တင်တဲ့အလား ပစ်တင် လူစုခွဲ။

အခုအချိန်မှာတော့ အာဏာပိုင်တွေရဲ့ ကိုင်တွယ်မှုက အရင်ထက် စာပိုတတ်လာသလို အရင်ထက်လည်း ပိုယုတ်မာပါတယ်။ ယူနီဖောင်းဝတ် တယောက်တလေကိုမှ လူမြင်ကွင်းမှာ အမြင်မခံစေရဘဲ ပြည်သူ အမည်ခံ လက်သပ်မွေးထားသူများနဲ့ အချင်းချင်း ရန်တိုက်ပေးတာဟာ ရင်နာစရာလည်း ကောင်း၊ ခံပြင်းစရာလည်း ကောင်းလှပါတယ်။

ဘယ်လို အခွင့်အရေးမျိုးတွေကို မျှော်ကိုးပြီး ကိုယ့်ပြည်သူ အချင်းချင်း ရိုက်နှက်ဖို့ အထိ လူစိတ်မဲ့သွားရသလဲ ဆိုတာ စဉ်းစားမိလေ ၀မ်းနည်းစရာ ကောင်းလေပါပဲ။ ရုပ်သံမှတ်တမ်းမှာ ကြားရတဲ့ `သွား… သွား… သွားရိုက်၊ သွား…´ လို့ အမိန့်ပေးနေသူဆီမှာ ကိုယ်ချင်းစာ ခံစားတတ်တဲ့ နှလုံးသား မရှိတော့ဘူးလား။ သူ အရိုက်ခိုင်းတဲ့လူဟာ အမျိုးသမီးတယောက်ဆိုတာကိုတောင် မငဲ့ကွက်တော့ဘူးလား။ ကျနော်တို့ မြန်မာလူမျိုးတွေရဲ့ ကြင်နာသနားတတ်တဲ့ စိတ် ဆိုတာကို အခွင့်အရေးတစုံတရာက ၀ါးမျိုပစ်လိုက်ပြီလား။

နောက်ထပ် စိတ်မသက်မသာ ဖြစ်ရတာ တခုကတော့ စီဘောက်စ်တွေထဲက ပဋိပက္ခ တချို့ပါ။ ဘယ်လို အသိ၊ ဘယ်လို နှလုံးသားနဲ့ ဒီလောက်တောင် ရုန့်ရင်းကြမ်းတမ်းတဲ့ စကားတွေကို လူမြင်ကွင်းမှာ ပြောရဲသလဲ ဆိုတာ အတော်ကြီးကို အံ့အားသင့်မိပါတယ်။ ဒီထက်ပိုပြီး စိတ်မသက်မသာ ဖြစ်ရတာက အဲဒီလို မိုက်ရိုင်းသူတွေကို သူတို့နည်းတူ ပြန်ပြီး မိုက်မိုက်ရိုင်းရိုင်း ပြန်ဆဲဆိုတဲ့ ပုဂ္ဂိုလ်များကိုပါ။

နောက်တခု စိတ်မသက်မသာ ဖြစ်ရတာကတော့ ဘလော့ဂါ အသစ်တချို့ ကိစ္စပါ။

အခုအခါမှာ မြန်မာဘလော့ဂါ အသစ်တွေ အရင်ထက် တော်တော်ကြီးကို များပြားလာပါပြီ။ မိမိ စိတ်သန်ရာ၊ မိမိယုံကြည်ရာ အတိုင်း ရေးကြတာကို ဘာမှပြောစရာ မရှိပေမယ့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုပါ ရင့်သီး စော်ကားထားတာကို တွေ့ရတော့ စိတ်မချမ်းမြေ့ခြင်း ကြီးစွာ ဖြစ်ရပါတယ်။ ဒီထက် ပိုဆိုးတာက အဲဒီအပေါ် တုံ့ပြန်ကြတဲ့ စာဖတ်သူများကိုပါ ရိုင်းစိုင်းစွာ တုံ့ပြန်ထားတာကိုပါ။ အဲဒီထက်ကို ပိုဆိုးသေးတာက အဲဒီလူဟာ တချိန်ချိန်မှာ ကျနော်တို့ တိုင်းပြည်ကို အုပ်ချုပ်ဖို့ မျှော်လင့်ချက်နဲ့ ရုရှမှာ ပြည်သူ့ဘဏ္ဍာတော်တွေနဲ့ ပညာတော်သင်နေတဲ့ စစ်ဘို တယောက် ဖြစ်နေတာပါပဲ။ တခြားသော ရုရှရောက် ယဉ်ကျေးတဲ့ မြန်မာစစ်ဘိုများ အဲဒီ ပုဂ္ဂိုလ်လေးရဲ့ စိတ်အခြေအနေကို လေ့လာပြီး ၀ိုင်းဝန်း ထိန်းသိမ်းပေးကြရင် ပိုကောင်းမယ်လို့ ထင်မိပါတယ်။ နို့မို့ရင်တော့ တပ်မတော်ဖခင်ကိုပါ စော်ကားနေတဲ့ တပ်မတော်သားကြောင့် အားလုံး နာမည်ပျက်ဖို့ ရှိပါတယ်။



ကလိုစေးထူး

14 comments:

Anonymous said...

ဟေ့ မင်းတို့မှာ ရေးစရာမရှိတိုင်း အစိုးရ မကောင်းကြောင်းပဲ ရေးဖို့ရှိသလား။ အစိုးရမကောင်းကြောင်းရေးတော့ လက်ရှိအစိုးရဆိုတာ တပ်မတော် အစိုးရပဲမို့ တပ်မတော် မကောင်းကြောင်းပဲ မင်းတို့ရေးတာပဲ။ ဟေ့ တပ်မတော်ဆိုတာ သမိုင်းရဲ့လိုအပ်ချက်ကြောင့် ပေါ်ပေါက်လာတာ။ ဒီ တပ်မတော်မရှိရင် မင်းတို့ကို ဘယ်သူက ဖက်ဆစ်ကို တိုက်ပေးမလဲ။ ဘယ်သူက မိဘအရင်းပြန်သတ်တဲ့ ကွန်မြူနစ်ကို တိုက်ပေးမလဲ။ ဘယ်သူက တိုင်းပြည်ချောက်ထဲကျမယ့် အခြေအနေက ကယ်ဆယ်မလဲ။
အခု ဒီတပ်မတော်ကပဲ တိုင်းပြည်ကို အုပ်ချုပ်ရုံ သက်သက်မဟုတ်။ လမ်းတွေဖေါက်။ တံတာတွေဆောက်။ ဒါတင်မကဘူး။ နိုင်ငံတကာက လေးစားရတဲ့ နူကလီးယား လက်နက်ပိုင်ရှင် နိုင်ငံဖြစ်ဖို့ တပ်မတော်သားတွေ ဘယ်လောက်စွန့်စား လုပ်ကိုင်နေရသလဲ မင်းတို့သိလား။
ငယ်ငယ်တုန်းက မင်းတို့သင်ဖူးတယ်မဟုတ်လား။ မိုး မရှိရင် စပါးစိုက်လို့ မရ။ စပါးစိုက်လို့မရရင် ထမင်းစားစရာမရှိ။ အားလုံးငတ်သေကုန်မယ်။ ဒီလိုပဲ။ လေ မရှိရင် မင်းတို့ဘာရှူပြီး အသက်ဆက်ကြမလဲ။
အဲဒီလိုဘဲ။ တပ်မတော် မရှိရင် မင်းတို့ အသက်ဆက်လို့ ရမယ်ထင်နေလား။
မင်းတို့ ကြိုက်ကြိုက် မကြိုက်ကြိုက်။ တပ်မတော်ဟာ မိုးလို လေလို အင်မတန် အရေးပါတယ်။ ဒါကြောင့် ငါကတော့ တပ်မတော်သားတွေကို ဒီလို လေးလေးစားစားဂုဏ်ပြုပြီးခေါ်ချင်တယ်။ မိုးလိုလေလို အရေးပါတဲ့ တပ်မတော်သားတွေမို့
ကိုမိုးကိုလေ တပ်မတော်သားများ လို့

Anonymous said...

ပိုစ့်ကိုဖတ်ပြီး ခေါင်းညိမ့်မိပါတယ်။ ကော်မန့်ကိုဖတ်ပြီး ခေါင်းခါပြီးပြန်ထွက်သွားပါတယ်...

Anonymous said...

So sorry for it.I think they don't have intelligent in order to know truth.So i am ashamed of it.I am reading your blog all most every day and most of the points you posted hold my heart and soul.

Anonymous said...

Hello anonymous,

you should be ashamed yourself that you told this kind of words. Everybody know what kind of Tatmadaw is this, you are the one who doesn't know. Please open your eye properly. Don't need to compare this tatmadaw with General Aung San Tatmadaw.

Anonymous said...

ကို anonymous ပြောတာ တစ်ခုတော့ မှန်တယ်၊ ကိုလေ ဆိုတာ၊ လေ...လေလား မောင်ရို့ ဆိုတာလေ၊ အမြင်မှန်ရပါစေလို့ ဆုတောင်းပေးပါတယ်

Anonymous said...

To Cadets form Russia

You have been brain washed by selfseeker Than Shwe.
Everything is essential for any purpose.
For example:Salt is important for cook the dish but if you put a lot it can be destroyed the taste.
So you should have to be awared of your position.
Do you aware that Selfseeker Than Shwe is leading Burma to Second North Korea.

PS. Ko Kalo SeHtoo,Could you give me the URL of Russia Blogger.Thanks.

Anonymous said...

ko moe ko lay ? ko may ko @#$ . lol

Unknown said...

To burmese solider whoever
when Gen. aung sun and his commareds fought to colonail and facsits with polictians . not only soilders .
2. IN march 3, 1962 Gen. nay win overthrew to paliamentary government.
1988 as u know ' maybe not .Gen.soe mg lead the election 1990. Nld win 82%. of election result . but today, regime Than shwe refused . addton, regime forced NLd member resign form party membership, put them jail etc.
may30, 2003,Gen. Soe win led to kill daw su and his supportors.

i want to say to u . "army is only defent to the country and citizin's lives. NOT TO CRAZAY IN POWER . IF ARMY MAN NEED TO POWER, leave the army . then form party as other people ,then campain in the coutry. if peopel like ur party .they will vote to u . if u dont' win this time . maybe next time.
but today, ur senior.gen than shwe force to draw consitution 25 % from army at lot taw automaticly WTHOUT CAMPAIGN.

Anonymous said...

To Anonymous
ဘာတွေလာရေးနေတာလဲ။ ယဉ်ကျေးမှုမရှိဘူးလား။ တော်တော်ပဲ ကိုမိုးကိုလေကို အားကိုးချင်တယ်ထင်တယ်။ အေး .. ကျပ်ကျပ်အားကိုး...နောက်ဆုံးအဆင့် မင်းတို့အမေတွေ၊အမတွေ၊နှမတွေပါ အားကိုးစာရင်းထဲသွင်းပေးလိုက်..ကြားလား။ မြန်မာနိုင်ငံ ဟိုးအနက်ဆုံးငရဲချောက်ထဲကျနေတာရော...မင်းသိလား။ မင်း..ဘယ်လိုကောင်ဘဲဖြစ်ဖြစ်...ဂရုမစိုက်ဘူး..။ သိလဲမသိချင်ဘူး။ လူ့စည်းကမ်းဆိုတာကို နားလည်ရတယ်...။ လက်တစ်ဆုပ်စာလူတွေ ကောင်းစားပြီး...ပြည်သူတွေတစ်ရပ်လုံး အငတ်ဘေးနဲ့ ရင်ဆိုင်နေရတာရော...မင်းသိလား။
မင်းအားကိုးတဲ့ တပ်မတော်ကြောင့်မြန်မာနိုင်ငံကို ကမ္ဘာက မြန်မာနိုင်ငံကို အဆင်းရဲဆုံးနိုင်ငံအဖြစ်သတ်မှတ်ခံရတာကိုကောမင်းသိသလား....
မင်းမသိရင် အငတ်ဘေးနဲ့ရင်ဆိုင်နေရတဲ့ ပြည်သူတွေကိုမင်းလိုက်ကြည့်လိုက်အုံး.....မင်းအားကိုးတဲ့တပ်မတော်က
အာဏာကိုလည်းမပေးချင်ဘူး ပြည်သူတွေကိုလည်းစိတ်ချမ်းသာအောင်မထားဘူး.....မင်းမသိရင်နောက်ကိုရမ်းမရေးနဲ့...
ကြားလား......ကိုမိုးကိုလေရဲ......

ကလိုစေးထူး said...

စိတ်သက်သာရာ ရတာက အဲဒီ ဘလော့မှာ ကျနော်တို့ လေးစားရတဲ့ ဗိုလ်ချုပ်အောင်ဆန်းကို စော်ကားထားတဲ့ ပို့စ်ကို ပြန်ဖြုတ်ထားလိုက်ပါပြီ ဘာပဲပြောပြော အဲဒီအတွက် စိတ်ချမ်းသာရပါတယ်။
ဖတ်ချင်တယ်ဆိုရင် ကျနော် လင့်ခ်ပေးလိုက်ပါမယ်။ http://oppositeye.blogspot.com/

ဘလူးဖီးနစ် said...

ကျွန်တော် ဘယ်သူလဲ ဆိုတာ အားလုံးသိကြမယ်ထင်ပါတယ်။
အားလုံးကို ၀ါးလုံးရှည်နဲ့ သိမ်းပြီး ရမ်းတတ်တဲ့ အကျင့် ကို လက်မခံနိုင်ပါဘူး။ ဆွေးနွေးချင်ရင် ဂျီတော့ ကိုလာခဲ့ပါခင်ဗျာ။ ဘယ်သူ့ကို မဆို မိတ်ဆွေတစ်ယောက်လို လေးလေးစားစား ဆွေးနွေးပေးပါမယ်။
လူတိုင်း ဟာ ခံယူချက်ချင်း မတူနိုင်သလို လွတ်လပ်စွာကွဲလွဲခွင့်လည်း ရှိတယ်လို့ထင်ပါတယ်။
ရိုင်းစိုင်းတဲ့ ဝေဖန် ပုတ်ခတ်မှုတွေ လုပ်နေကြတဲ့ ဘယ်ဘက် ကို မဆို ကျွန်တော် အထင်သေး ရှုတ်ချပါတယ်။
ကျွန်တော်တို့ အားလုံးဟာ မြန်မာများ ဖြစ်ကြတယ်လို့ လက်ခံထားလို့ပါ။ မြန်မာဆို တဲ့ သွေး တစ်မျိုးတည်း စီးဆင်းနေတဲ့ လူတွေ ချည်းပါပဲ။
ပြသနာတစ်ခုကို အဖြေရှာတာနဲ့ အပြစ်ရှာတာ ပုတ်ခတ်တာ မတူပါဘူး။ ဒီလိုပဲ ဆွေးနွေးတာနဲ့ ဆဲဆိုတာ မတူနိုင်ပါဘူး။
ရှေ့တန်းမှာ ကျည်ဆံတွေကို ပန်းလို သဘောထားပြီး ဘာအခွင့်အရေး မှ မမျှော်ကိုးပဲ အသက်စွန့်နေတဲ့သူတွေ ၊ စွန့်ပြီးသားလူတွေ ၊ အဲလို စွန့်ဖို့ ပြင်ဆင်နေတဲ့ သူတွေ ဘယ်လောက်ရှိတယ်ထင်ပါသလဲ။
အဲလိုလူမျိုးတွေ ဘယ်လိုနေပြီး ဘာလုပ်နေတယ်ဆိုတာ မြို့ကြီးပြကြီးတွေမှာပဲ နေနေကြတဲ့ ညီအကိုတို့ မျက်ဝါးထင်ထင် မြင်ဘူးပါရဲ့လားခင်ဗျာ။
အများစုမြင်ဘူးတာက မြို့ကြီးတစ်ချို့ပေါ်က တစ်ချို့သောသူတွေကိုပါ။
ဘယ်နေရာမှာ မဆို ဆိုးတဲ့လူရှိတာပဲ။ ကောင်းတဲ့လူလဲရှိမှာပဲ။
တကယ် အနစ်နာခံပြီး လုပ်နေတဲ့ သူတွေကို မမြင်ဘူးတိုင်း ၀ါးလုံးရှည်နဲ့ ရမ်းပြီး မစော်ကားပါနဲ့ လို့ တောင်းပန်ပါတယ်။
အမှားလုပ်တဲ့ လူရှိရင် အဲဒီလူကို နာမည်တပ်ပြီး ကြိုက်သလို ပြောနိုင်ပါတယ်။ ဆဲ ချင်လည်းဆဲနိုင်ပါတယ်။
အားလုံးကို သိမ်းကြုံးပြီး မစဉ်းစားပဲ ပြောနေကြရင်တော့ အတွေးအခေါ်မရှိဘူးလို့ပဲ လက်ခံပေးလိုက်ပါ့မယ်။
ကျွန်တော့် ဂျီတော့ က aungwin.htut@gmail.com ပါ။
မျက်နှာဖုံးတွေ မပါပဲ မိတ်ဆွေလိုလာရင် မည်သူမဆိုလာလို့ရပါတယ်။ အဲ... မျက်နှာမပြရဲရင်တော့ မလာခဲ့ပါနဲ့ အချိန်ကုန်လိုပါ။

Unknown said...

http://www.zshare.net/download/34100342f8f154/

Unknown said...

http://www.zshare.net/download/34100342f8f154/

Unknown said...

http://www.lightofmyanmar.blogspot.com/