Sunday, August 26, 2007

ချီကာဂိုမှ ဆန္ဒပြပွဲ…

၂၀၀၇ ခုနှစ်၊ သြဂုတ်လ (၂၆) ရက်နေ့၊ ဒေသစံတော်ချိန် ညနေ ၃ နာရီခန့်မှာ အီလီနွိုက်၊ အင်ဒီယားနား၊ ၀က်စ်ကောင်စင်၊ စိန့်လူးဝစ်စ် ပြည်နယ်ရောက် ဒီမိုကရေစီလိုလားသူ မြန်မာများနဲ့ US Campaign အဖွဲ့တို့ ပူးပေါင်းပြီးတော့ ချီကာဂို မြို့ရှိ တရုတ်နိုင်ငံ၊ ကောင်ဆယ်လာ ရုံးရှေ့မှာ မြန်မာ့အရေးကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ တင်ပြခြင်းကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မှု၊ မြန်မာ စစ်အာဏာရှင်အား အားပေး ထောက်ခံပြုနေမှုများ အတွက် ကန့်ကွက် ဆန္ဒပြခဲ့ပါတယ်။

အဲဒီ ဆန္ဒပြပွဲမှာ မြန်မာ့ ဒီမိုကရေစီရေး စိတ်ဝင်စားသူ အမေရိကန် ကျောင်းသားတချို့လဲ ပူးပေါင်းပါဝင်ခဲ့ပြီး စုစုပေါင်း အင်အား ၅၀ ခန့် ပါဝင် ဆန္ဒပြခဲ့ပါတယ်။

ဒီဆန္ဒပြပွဲကနေ မြန်မာအာဏာပိုင်တွေအပေါ် ထိရောက်တဲ့ အားသက်ရောက်မှုတွေ ရနိုင်မယ်လို့ မျှော်လင့်ထားဖို့ မဖြစ်နိုင်ပေမယ့် ပြည်တွင်းမှာ အဖမ်းအဆီးခံ၊ အရိုက်အနှက်ခံ တောင်းဆို တိုက်ပွဲဝင်နေကြတဲ့ ကျနော်တို့ရဲ့ နောင်တော်များဖြစ်တဲ့ ကိုမင်းကိုနိုင် အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားများနဲ့တကွ မတရားမှုကို မလိုလားသူ ပြည်သူ အားလုံးနဲ့ တသားတည်း ရှိနေတယ်ဆိုတဲ့ အသိတရားနဲ့ ကျနော်လည်း အဲဒီ ဆန္ဒပြပွဲလေးကို အရောက်သွားခဲ့ပါတယ်။ မှတ်တမ်းတင် ဓာတ်ပုံများကိုတော့ အောက်မှာ ကြည့်ရှုနိုင်ပါတယ်။

ဆန္ဒပြပွဲကို ညနေ လေးနာရီခွဲ မှာ တစုံတရာ အနှောက်အယှက်မရှိ၊ အေးချမ်းစွာ ပြီးစီးခဲ့ပါတယ်။











ကလိုစေးထူး

3 comments:

မြရွက်ဝေ said...

ရင်မောပါတယ်-------
နေစရာမြေနေရာအတွက် မြစ်ချောင်းတွေကို မြေဖို့နေရတဲ့ နိုင်ငံထက် ကိုယ့်နိုင်ငံက နေဖို့မြေနေရာ အများကြီး-----
အသီးနှံစိုက်ဖို့မြေနည်းလို့ တခြားနိုင်ငံကနေ တင်သွင်းနေရတဲ့နိုင်ငံထက် ကိုယ့်နိုင်ငံမှာ စိုက်ပျိုးမြေ အများကြီး---------
ဒါပေမယ့်လည်းလေ

MELODYMAUNG said...

အဲဒီ ဆန္ဒပြပွဲလေးကို အရောက်သွားခဲ့ပြီး မှတ်တမ်းတင် ဓာတ်ပုံများတင်ထားပေးတာ အားရှိတယ်

Anonymous said...

နောက်လဲ ဒီလိုပုံစံမျိုးနဲ့ နိုင်ငံတကာက တရုတ်သံရုံးတိုင်းသွားပြီး ပေကျင်းအိုလံပစ်ကို ဆန့်ကျင်ဆနပြကြရင် ကောင်းမယ်ဗျ..။