Friday, May 25, 2007

စကားလုံးမဲ့ ၀မ်းနည်းခြင်း..




အထက်ပါ သတင်းဟာ အန်တီစုကို သူတို့ လွှတ်ပေးမှာလား၊ ဆက်လက် ချုပ်နှောင်ထားမှာလားဆိုတာရဲ့ ရှေ့ပြေး နိမိတ်ဖြစ်ခဲ့ပေမယ့် အန်တီစု လွတ်ပါစေလို့သာ အခါခါ ဆုတောင်းခဲ့မိပါတယ်။

အခုတော့..။

သူတို့ နောက်ထပ် တနှစ် သက်တမ်းတိုး ချုပ်နှောင်ထားလိုက်ကြပြန်ပါပြီ..တဲ့။ စိတ်ထဲမှာ ခံပြင်းမှုက ဘာနဲ့မှ နှိုင်းလို့မရအောင်ပါပဲ။

`မတရားဘူးးးးးးးး´
`မကျေနပ်ဘူးးးးးးးး´
`လူမဆန်ဘူးးးးးးးး´

အော်ဟစ်ပေါက်ကွဲပစ်လိုက်ချင်ပေမယ့် ကျနော် ဘာမှ လုပ်မပေးနိုင်ပါလား လို့ သိလိုက်ရတော့……..။

လောကကြီးက အားလုံးလိုလို အရုပ်ဆိုး အကျည်းတန်နေလေရဲ့။


ကလိုစေးထူး

4 comments:

Anonymous said...

ရင်ထဲမှာ အတိုင်းမသိတဲ့ ၀မ်းနည်းမှုတွေနဲ့ ပြည့်နေတယ်...
မျှော်လင့်ချက်တွေလည်း ပျောက်ဆုံးကုန်ပါပြီ...

Anonymous said...

အစကတည်းက မဖြစ်နိုင်ဘူးဆိုတာသိတယ်။ မျှော်လင့်နေတာလဲ အမှန်ပဲ။ ဖြစ်မလာတော့လဲ စိတ်ဆိုးရတယ်။ ဒေါသထွက်ရတယ်။ ၀မ်းနည်းရတယ်။ ယူကြုံးမရဖြစ်ရတယ်။
ဒီအဖြစ်တွေကလွတ်အောင် တခုခုလုပ်ပေးနိုင်တဲ့ကိုယ် ဖြစ်ရပါလို၏ လို့ ဆုတောင်းမိတယ်။

Hteink Min said...

တည်ဆဲ ဥပဒေ၊ ဟားဟားဟားနဲ့ ရယ်လိုက်ချင်တယ်။ ရယ်လည်း ရယ်ချင် ငိုလည်း ငိုချင် ကိုစေးထူး လုပ်ပါဦးဗျို့ အရူးလေး ဆေးရုံ ကျွန်တောဒိုးရတော့မယ်ထင်တယ်

Unknown said...

What r shame regime."BLAME TO DAW SU.' In fact, they r afraid about DEPAYIN MESSCARE mone village, skytyaing, over 450 people died. and other crimes.


jimmy