Saturday, September 06, 2008

စိတ်ညစ်နေလား…(၄)

ဒီနေ့တော့ မတင်ဖြစ်တာ ကြာနေပြီ ဖြစ်တဲ့ ပို့စ်လေး တခုကို တင်ဆက်ချင်ပါတယ်။ အဲဒါကတော့ `စိတ်ညစ်နေလား´ လို့ အမည်ပေးထားတဲ့ America's Got Talent (AGT) အစီအစဉ်ပါပဲ။ ကျနော် စိတ်တွေရှုပ်ထွေး ညစ်နွမ်းနေခိုက်မှာ အဲဒီ အစီအစဉ်ကို ကြည့်မိရာကတဆင့် တခြားသော ကျနော့် မိတ်ဆွေများထဲက စိတ်ပင်ပန်းနွမ်းနယ်နေသူတွေ အခိုက်အတန့်လေး ဖြစ်ဖြစ် စိတ်ပျော်ရွှင်မှု ရကြစေဖို့ ရည်ရွယ်ပြီးတော့ ဒီပို့စ်ကို တင်ဆက်ဖို့ စိတ်ကူးရခဲ့တာပါ။

ပထမအဆင့် ပြိုင်ပွဲတွေအနက်က သဘောကျနှစ်သက်စရာ ကောင်းနိုးရာရာလေးတွေကို တင်ဆက်ဖြစ်ခဲ့တာကို ကြည့်မိဖူးတွေ မှတ်မိကြဦးမယ် ထင်ပါရဲ့။

AGT 2008 ပြိုင်ပွဲရဲ့ ပထမအဆင့်ကနေ လူပေါင်း ၇၀ ကို ထုတ်နှုတ်ရွေးချယ်ပြီးတော့ လာ့ဗေးဂက်စ်မြို့မှာ တဆင့်အနေနဲ့ ယှဉ်ပြိုင်စေပြီးတော့ ပြန်လည် စိစစ်ရွေးချယ်ခဲ့ကြပါတယ်။ ဒိုင်သုံးယောက်ရဲ့ ပေးမဲတွေနဲ့ အဲဒီ လူ ၇၀ အနက်က အယောက် ၄၀ ကို ရွေးချယ်ပြီးတော့ လော့စ်အိန်ဂျလိစ်မြို့မှာ ဆီမီးဖိုင်နယ် အဖြစ် ယှဉ်ပြိုင်စေပါတယ်။ အဲဒီ ၄၀ ထဲက အယောက် ၂၀ ကို ဆန်ကာတင် ရွေးပြီး နောက်ဆုံးအဆင့်အဖြစ် ထပ်မံယှဉ်ပြိုင်စေပြီးတော့မှ ပထမ ရသူကို အမေရိကန်ဒေါ်လာ တသန်း ဆုချီးမြှင့်မှာ ဖြစ်ပါတယ်။ ဒီနေ့တင်ဆက်မှာကတော့ ဆီမီးဖိုင်နယ်မှာ ယှဉ်ပြိုင်သွားကြတဲ့ ပြိုင်ပွဲဝင် ၄၀ အနက် ကောင်းနိုးရာရာလေးတွေပါ...။





ရုပ်နဲ့ ထိန်းဆိုသွားတာနေမယ်လို့ ကျနော် မှတ်ချက်ချခဲ့ဖူးတဲ့ Jessica Price ရဲ့ ဆီမီးဖိုင်နယ်မှာ ယှဉ်ပြိုင်သွားတဲ့ သီချင်းပါ။ ဆီမီးဖိုင်နယ်မှာ ယှဉ်ပြိုင်သွားတဲ့ သူ့ဟန်ပန်ဟာ ယုံကြည်မှု ပိုရလာပုံပေါ်သလို ပထမတခေါက်က ဆိုသွားတဲ့ သီချင်းထက်လဲ ပိုနားထောင်ကောင်းပါတယ်။ အကောင်းဆုံးဆု ရလောက်တဲ့အထိတော့ သိပ်မလွယ်လှဘူးလို့ ထင်မိတယ်။




အော်ပရာ သီချင်းအဆိုမှာ ထူးချွန်ပြောင်မြောက်တဲ့ သူ့ရဲ့ ပထမအဆင့် ပြိုင်ပွဲဝင်တဲ့ဟန်ကို ကျနော် တင်ဆက်ခဲ့ဖူးပါတယ်။ အသံပါဝါနဲ့ ပါရမီအားကောင်းလှတဲ့ Neal Boyd ရဲ့ ဆီမီးဖိုင်နယ် ယှဉ်ပြိုင်မှု အပြီးမှာ ဒိုင်သုံးယောက်စလုံးက မတ်တပ်ရပ်ပြီး ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ ဆုရဖို့အတွက် တစ်ပြေးတဲ့အထဲမှာ ပါတဲ့ အဆိုရှင်တယောက်ပါ။ ဒီနှစ်အတွက် AGT ပြိုင်ပွဲမှာ ထူးခြားတာ တခုကတော့ နောက်ဆုံး အဆင့်တွေကို တက်လာကြသူတွေမှာ အဆိုပိုင်းဆိုင်ရာနဲ့ ယှဉ်ပြိုင်ကြသူတွေ ပိုများပါတယ်။




တော်ရုံလေ့ကျင့်မှုနဲ့ အခုလိုမျိုး တင်ဆက်ဖျော်ဖြေနိုင်ဖို့ မလွယ်တဲ့အပြင် အန္တရာယ်ကလဲ များသေးတဲ့ မီးတုတ်တွေနဲ့ ပစ်မြှောက်ကစား ကပြတဲ့ ယှဉ်ပြိုင်မှုကို Jonathan Burkin က အကောင်းဆုံး ယှဉ်ပြိုင်တင်ဆက်သွားခဲ့ပါတယ်။ အကောင်းဆုံးဆု ရနိုင်ပါ့မလား ဆိုတာကတော့ စိတ်ဝင်စားစရာပါ။




တချိန်က နာမည်ကြီးအဆိုတော် အဲလ်ဗစ် ပရက်စလေရဲ့ ဟန်ပန်အတိုင်း တင်ဆက်သွားတဲ့ Joseph Hall ရဲ့ ယှဉ်ပြိုင်မှုပါ။ ရုပ်ရည်ချောမောတဲ့ သူ့ကို ကောင်မလေးတွေက ပိုပြီး သည်းသည်းလှုပ် အားပေးကြပါတယ်။ ကောင်လေးတွေကတော့ Boo တဲ့။ :D




ဒီတယောက်ရဲ့ ယှဉ်ပြိုင်မှုကို ကြည့်စေချင်တာကတော့ သူ့ရဲ့ သီဆိုဟန်က ကောင်းလို့တော့ မဟုတ်ပါဘူး။ တန်ခူးက မှတ်ချက်ပေးခဲ့တဲ့ Negative အမြင်ပိုများတယ် ဆိုတဲ့ Pires ရဲ့ ပြင်းထန်တဲ့ မှတ်ချက်စကားအပြီးမှာ မကျေမချမ်းနဲ့ ခွန်းတုံ့ပြန်တာကို ကြည့်စေချင်တာပါ။ အဝေဖန်ခံရချိန်နဲ့ ချီးကျူးခံရချိန်မှာ ပြောင်းလဲသွားတဲ့ သူ့ရဲ့ မျက်နှာထားကတော့ ဒီပွဲရဲ့ ဆွဲဆောင်မှု တမျိုးလို့ ပြောရမှာပါပဲ။ သူ့မှာ ဒေါ်လာ တသန်းဆု ရဖို့အတွက် လုံလောက်တဲ့ Talent ရှိမရှိဆိုတာကတော့ ကြည့်ရှုအကဲခတ်ကြပါတော့...။




တကယ်လို့များ အခုပြိုင်ပွဲမှာ အဲဒီ လေးနှစ်သမီး ကောင်မလေးသာ ဒေါ်လာတသန်းဆုကို ရသွားမယ်ဆိုရင်လဲ ကျနော်ကတော့ သိပ်မအံ့သြပါဘူး။ လေးနှစ်သမီးတယောက်ရဲ့ ကလေးပီသတဲ့ စကားတတ်ဟန်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ သီဆိုဖျော်ဖြေဟန်ဟာ ကြည့်ရှုမိသူတိုင်းရဲ့ စိတ်ကို အေးမြသွားစေတာ အမှန်ပါ။




ဒီအဆိုရှင်ကတော့ အံ့သြဖွယ်ရာကောင်းတဲ့ ကြိုးစားအားထုတ်သူလို့ တင်စားချင်ပါတယ်။ သူ့ရဲ့ ပထမအဆင့် သီဆိုဟန်ကို ဒီမှာ ကြည့်ပါ။ ပရိသတ်တွေက အစပထမမှာ အော်ဟစ်မောင်းထုတ်ခဲ့သလို ဒိုင်တွေကလဲ သိပ်အကြိုက်ကြီး မဟုတ်ခဲ့ပါဘူး။ ဒါကြောင့်လဲ ဆီမီးဖိုင်နယ်အတွက် လူရွေးတုန်းက ပထမတော့ သူ့ကို ချန်လှပ်ခြင်း ခံခဲ့ရပါတယ်။ ဒါပေမယ့် သူ့အတွက် ကံကောင်းချင်နေသေးတော့ ကျနော် တင်ဆက်ခဲ့ဖူးတဲ့ Russian Bar Trio အဖွဲ့က ကောင်မလေးက ဒဏ်ရာရသွားတဲ့အတွက် အဲဒီနေရာအတွက် တနေရာစာကို ပရိသတ်တွေဆီက မဲနဲ့ပြန်လည် ရွေးချယ်ပြီးတော့မှ ဆီမီးဖိုင်နယ်မှာ ပြန်လည် ယှဉ်ပြိုင်ခွင့် ရခဲ့သူပါ။ ဒါပေမယ့် သူဟာ Talent ကောင်းကောင်းရှိတယ်ဆိုတာကို ဒီတခေါက်မှာတော့ အကောင်းဆုံး ပြနိုင်ခဲ့ပါတယ်။ အနည်းဆုံးတော့ နောက်ဆုံးအဆင့် အယောက် ၂၀ ဆန်ကာတင် စာရင်းမှာ ပါဝင်မှာ သေချာပါတယ်။

ဒီနေ့တော့ အခု တင်ဆက်သမျှကိုပဲ ကြည့်နှင့်ထားကြပါဦး...။ သိပ်မကြာခင်မှာ ဆီမီးဖိုင်နယ်ပြိုင်သွားတဲ့ အယောက် ၄၀ ထဲက ထူးခြား ကောင်းမွန်တဲ့ ပြိုင်ပွဲဝင်ဟန်တွေကို ထပ်မံတင်ဆက်ပေးပါမယ်။ စိတ်ညစ်နေတာလေးတွေ တခဏဖြစ်ဖြစ် ပျောက်နိုင်ကြပါစေ။



ကလိုစေးထူး



5 comments:

Anonymous said...

အစ်ကိုစေးထူးရေ့ ဒီတစ်ခါတော့ စိတ်ညစ်နေလို့ မဟုတ်ဘူး စိတ်ဝင်စားလို့  လာကြည့်သွားတယ်ဗျး) ပြိုင်ပွဲဝင်တွေ အားလုံးကတော့ တစ်မျိုးစီ ဆွဲဆောင်မှုရှိတာပဲ တော်တော်ကောင်းတယ် Jonathan Burkin နဲ့  လေးနှစ်သမီးလေးကို ရစေချင်တယ် ခလေးမလေးကတော်တော်ချစ်ဖို့ ကောင်းပြီး တည်တည်ငြိမ်ငြိမ်လေးပြိုင်သွားတာ ချီးကျူးစရာ Pires ကို ပြန်ပြောတဲ့ ၀၀နဲ့  တစ်ယောက်ကိုလည်း ချီးကျူးမိတယ် သူ့ စကားတွေမှာ မာန်ပါတယ်လို့  ခံစားရတယ် ..ကြော်ငြာဝင်အုံးမယ် ကျနော် အကြိုက်ဆုံးကတော့ အပေါ်ဆုံးက ဂစ်တာတီးပြီး ပြိုင်ပွဲဝင်သွားတဲ့ ကောင်မလေး ချောလည်းချောတယ် အသံလေးလည်းတစ်မျိုးလေး :P

Anonymous said...

ကောင်မလေးကို အရမ်းချစ်တာပဲဗျာ။
သူပဲပေးမယ်ဗျာ

Phyo Evergreen said...

အစ်ကိုရေ..ကျွန်တော်လည်း youtube မှာရှာတာ မတွေ့ဘူးဗျ။ Final ကိုလည်းအဆင်ပြေရင်တင်ပေးပါဦး
ဗျ။ Opera ဆိုတဲ့တစ်ယောက်များရမလားမသိဘူး။ Final ကရော Voting System ပဲလားခင်ဗျ ?

မေ said...

AGT ကို စောင့်ပြီးကြည့်ဖြစ်တယ်။ ဒီမှာတော့ နောက်ကျတယ်။ ခုမှ LasVegas အဆင့်ကို ကြာသပတေးမှ ပြမှာ။

ကလိုစေးထူး said...

မောင်မျိုးနဲ့ ကိုဖြိုးကတော့ ဂျက်စီကာကို အတင်းကြီးကို အမှတ်တွေပေးနေပါလား။ :P ရုပ်ချောတဲ့လူတွေများ တယ်လဲ ကုသိုလ်ကံကောင်းသကိုး...ဟီး။ ဖိုင်နယ်တွေကတော့ မစသေးပါဘူး။ စရင် ဆက်တိုက်တင်ပေးမယ်လေ။
မေ...၊ လာကြည့်ဖြစ်တယ် ဆိုလို့ ၀မ်းသာပါတယ်။ နောက်ထပ်လဲ တင်ဖြစ်ရင် လာကြည့်ပါဦး။