အိတ်ဖွင့် ပေးစာ ဆိုတာကို တော်တော်များများ ဖတ်ဖူးကြပါတယ်။
လူတယောက်ကိုပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ်လဲ အဖွဲ့အစည်း တခုခုပဲဖြစ်ဖြစ် ပေးစာသဘောမျိုး ရေးတဲ့အခါမှာ အဲဒီစာထဲက အချက်အလက်တွေကို တခြားသာ စာဖတ်သူတွေလဲ သိရှိစေရအောင်၊ လူအများလဲ ပေးစာထဲမှာပါတဲ့ စာအသွားအလာကို ဖတ်ပြီးတော့ ဘယ်ဟာမှန်၏၊ ဘယ်ဟာမှား၏ ဆိုတာ ဆုံးဖြတ်သုံးသပ်နိုင်ကြအောင် အလို့ငှာ အိတ်ဖွင့် ပေးစာရယ်လို့ ရေးကြသားကြတာကို လေ့လာခဲ့ရဖူးပါတယ်။
အခုလဲ ...၊ ကျနော် အိတ်ဖွင့် ပေးစာတစောင်လောက် ရေးချင်နေတယ်။ ဒါပေမယ့် ကျနော် ပေးချင်တဲ့လူက လူတယောက်ထဲကိုလဲ မဟုတ်ဘူး၊ အဖွဲ့အစည်း တခုခုလဲ မဟုတ်ဘူး။ ဒီတော့ ခေါင်းစဉ်ထဲမှာ ဘယ်သူသို့ ဘယ်ဝါသို့ဆိုပြီး နာမည်မတပ်တော့ဘဲနဲ့ အိတ်ဖွင့်ပေးစာလို့ပဲ နာမည်ပေးပါရစေ။
လူတွေက များသောအားဖြင့် စာတွေရေးကြသားကြတဲ့အခါမှာ `မည်သူ့ကိုမှ မရည်ရွယ်ပါ၊ တိုက်ဆိုင်မှုရှိရင် ခွင့်လွှတ်ပါ´ ဆိုတာလေး ထည့်ရေးကြတာကို ကျနော် ဖတ်ခဲ့ရဖူးတယ်။ ဒါပေမယ့် ကျနော် အခုရေးမယ့်စာကတော့ `ရည်ရွယ်ပါသည်၊ တိုက်ဆိုင်မှုရှိလျှင် သင့်ကို ပြောနေသည်ဟု မှတ်ပါ´ လို့ ပြောရပါမယ်။ မည်သူ့မည်သူကိုမှ ပုဂ္ဂိုလ်ရေးအရ ထိခိုက်နစ်နာစေမှု မရှိစေရဘဲ အပြန်အလှန်နားလည်မှု၊ လေးစားသမှုတွေ ပိုရှိလာစေဖို့ အပြုသဘောရည်ရွယ်ချက်နဲ့ ဒီပေးစာကို ကျနော်ရေးပါမယ်။
***
တချိန်က ကျနော်ရေးခဲ့ဖူးတဲ့ အချက်တခု ရှိပါတယ်။
အဲဒါကတော့ ကျနော်တို့တွေ ဘလော့ဂ်ရေးကြတဲ့အခါမှာ ကြာလာတဲ့အခါကြတော့ ပြည်တွင်းကရေးကြ၊ သားကြသူတွေနဲ့ ကျနော်တို့လို ပြည်ပရောက်တွေရဲ့ ကြားမှာ `စည်း´ တခု မသိမသာခြားနေတယ်လို့ ကျနော်ပြောခဲ့ဖူးတယ်။ အဲဒီတုန်းကတော့ `ဒီလို မမြင်ပါနဲ့ အကိုရာ၊ အားလုံးအတူတူပါပဲ´ လို့ ဖေးဖေးမမ အားပေးခဲ့သူတွေ ရှိသလို ကျနော် ပြောချင်တာဟာ ဘာလဲ ဆိုတာကို ကောင်းစွာ နားလည်တဲ့ မိတ်ဆွေတွေလဲ ရှိခဲ့ပါတယ်။
တကယ်တော့ အဲဒီစကားဟာ ပြည်တွင်းနဲ့ပြည်ပ ခွဲခြားလိုက်မယ်ဟဲ့ ဆိုတဲ့ စိတ်နဲ့ ပြောတာမဟုတ်ပါဘူး။ တကယ့်တကယ်တမ်းမှာ အခြေအနေ အကြောင်းအရာ တခုခုကို စဉ်းစား သုံးသပ်ကြပြီလားဟေ့ဆိုရင် မိမိရှင်သန် ရပ်တည်နေရတဲ့ အနေအထားကို လိုက်ပြီးတော့ ပြောကြဆိုကြ ဆွေးနွေးကြတဲ့အခါမှာ အဲဒီ `စည်း´ က ပိုပြီး ထင်သာမြင်သာ ရှိလာပါတယ်။ နောက်ပိုင်းကျတော့ အဲဒီစည်းကပဲ ကျနော်တို့တွေရဲ့ အချင်းချင်းကြားကို နားလည်မှု ကွက်လပ်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် နေရာယူလိုက်ပါတော့တယ်။
ယခင့်ယခင်ကတော့ သတင်းတို့၊ ဆောင်းပါးတို့ဆိုတာက မြန်မာ့အသံရေဒီယိုတို့၊ နေ့စဉ်ထုတ် သတင်းစာတို့၊ မြန်မာ့ ရုပ်မြင်သံကြားတို့၊ ဒါတွေကိုပဲ အားကိုးရတာကိုး။ ဟုတ်သည်ရှိ၊ မဟုတ်သည်ရှိ ဒါပဲ နားထောင်၊ ဒါပဲဖတ်၊ ဒါပဲ သိစေပေါ့...။ နောက်ပိုင်းကျတော့ အခြေအနေက ပြောင်းလာတယ်။ အာဏာပိုင်တွေက မီဒီယာလောကကို ဘယ်လောက်ပဲ အုပ်ကိုင်စိုးမိုးထားပါစေဦး၊ သူတို့ပြောဆို ရေးသားနေတာတွေကို တန်ပြန်တုံ့ပြန်တဲ့ မီဒီယာတွေဟာ တစတစနဲ့ ကျယ်ပြန့်လာတယ်။
မြန်မာပြည်မှာ `အစိုးရ´ တရပ်လို့ အမည်ခံထားသူတွေအဖို့ကတော့ သူတို့ ထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေသည် မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ သူတို့ ဂရုမစိုက်ပါဘူး။ အဓိကက သူတို့ပြောချင်တာကို ပြောမယ်၊ သူတို့ပြောတာကိုပဲ နားထောင်၊ ယုံယုံမယုံယုံ ဒါပဲသိထား ဆိုတဲ့ လမ်းကြောင်းကို သွားပါတယ်။ အဲဒီလိုပြောဖို့ဆိုဖို့အတွက်လဲ ရေဒီယို၊ ရုပ်မြင်သံကြား၊ သတင်းဌာနတွေကို ထူထောင်ထားတဲ့ စရိတ်စကကို ပြည်သူတွေဆီက ကောက်ထားတဲ့ အခွန်ငွေတွေထဲကသာ ပြန်သုံးတဲ့အတွက် ဘယ်သူကမှ မထောက်ခံလဲ သူတို့ လက်ရှိအာဏာတည်မြဲနေသရွေ့ ပြောချင်ရာပြော၊ ရေးချင်ရာ ရေးနိုင်ပါတယ်။ ရေးလဲရေးနေ၊ ပြောလဲ ပြောနေကြတာပါပဲ။
အာဏာပိုင်တွေက ထိန်းချုပ်ထားတဲ့ `နိုင်ငံပိုင်´ ဆိုတဲ့ မီဒီယာတွေကနေ ပြောတဲ့ အချက်အလက်တခုဟာ လုံးဝ မှားယွင်းနေတယ် ဆိုပါစို့...။
ပြည်ပကိုရောက်နေတဲ့လူတွေကတော့ ဒါကို လွတ်လပ်ပွင့်လင်းစွာနဲ့ပဲ `ဒီသတင်းဟာတော့ဖြင့် ဘယ်လိုမှားပါတယ်၊ ဘယ်လိုလိမ်ညာထားတာပါ´ လို့ ပြောရဲဆိုရဲပေမယ့် ပြည်တွင်းကလူတွေမှာတော့ မှားနေသည့်တိုင်အောင် ပေါ်ပေါ်ထင်ထင် မဝေဖန်ဝံ့၊ မပြောဆိုဝံ့ပါဘူး။ ပေါ်ပေါ်ထင်ထင် ဝေဖန်မိရင်လဲ ဝေဖန်မိတာနဲ့ ခံရတာနဲ့က မတန်တဆ ပေးဆပ်လိုက်ရတဲ့ သာဓကတွေ ရှိနေတာကြောင့် အာဏာပိုင်တွေ ဘယ်လောက်ကြီးပဲ သတင်းတွေ ပစ်စလတ်ခတ် မှားနေပါစေ၊ ရေငုံနှုတ်ပိတ်နေလိုက်တဲ့ အကျင့်က တစတစနဲ့ နေသားကျသွားပါတယ်။ ဒါဟာ ပြည်တွင်းကလူတွေကို အပြစ်တင်တဲ့ သဘောမဟုတ်ပါဘူး။ ဖြစ်နေတာကိုက အဲဒီအတိုင်းပါပဲ။
နောက်တခု...။
အာဏာပိုင်တွေက ထိန်းချုပ်ထားတာ မဟုတ်တဲ့ ပြည်ပမီဒီယာကနေ ထုတ်ပြန်တဲ့ သတင်းတခုခုဟာ မှန်တယ် ဆိုပါစို့...။
ပြည်ပမှာနေထိုင်ကြသူတွေကတော့ စောစောကလိုပဲ လွတ်လပ်စွာနဲ့ပဲ သတင်းမှန်ဖြစ်တယ်ဆိုပြီး အတည်ပြုပေးနိုင်ပါတယ်။ ဒါပေမယ့် ပြည်တွင်းကလူမှာတော့ `ဒီသတင်းဟာ မှန်ပါတယ်´ လို့ ပြောမယ်ဆိုရင်တောင် ဘာဖြစ်လာနိုင်မလဲဆိုတာကို တွေးရပြီ။ သိရသလောက်ကတော့ အာဏာပိုင်တွေကို အတိုက်အခံ ပြုနေတဲ့ ထင်ရှားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေက လွဲရင် ပြည်တွင်းက သာမန်ပြည်သူတွေအဖို့ သာမန်အားဖြင့် ကျနော်မောင်ဖြူ၊ ကျမ မနီကတော့ဖြင့် ပြည်ပသတင်းဌာနက ဘယ်နေ့ကထုတ်ပြန်သွားတဲ့ သတင်းဟာ `မှန်ပါတယ်´ လို့ ပေါ်ပေါ်ထင်ထင် ဘယ်သူကမှ အသိအမှတ်မပြုဝံ့၊ အတည်မပြုဝံ့ပါဘူး။
တကယ်လို့များ ပြည်ပမီဒီယာက ထုတ်ပြန်တဲ့ သတင်းဟာ မှားနေတယ်ဆိုပါစို့...။
ပထမတခုအနေနဲ့ သတင်းမှန်တွေ ထုတ်နေစဉ်တုန်းကတောင် `အဲဒီသတင်းဌာနတွေဟာ လေလှိုင်းပေါ်က လူသတ်သမားတွေပါ၊ အဲဒါတွေကတော့ အမှားတွေပါ၊ အစိုးရထုတ်ပြန်တာပဲ ယုံပါ´ လို့ တစာတစာနဲ့ အော်နေတဲ့ အာဏာပိုင်တွေအတွက် ကြီးမားတဲ့ ထောက်ကွက် ရသွားပါတယ်။ အဲဒီ သတင်းထုတ်ပြန်ချက် အမှားတခုကို ထောက်ပြပြီးတော့ `တွေ့လား၊ သတင်းမှားကြီး၊ အဲဒါကြောင့်ပြောတာပေါ့၊ ပြည်ပက သတင်းဌာနတွေဆိုတာက မယုံနဲ့၊ သွေးခွဲနေတာပါ´ အစရှိတဲ့ စကားလုံးတွေနဲ့ ကောင်းကောင်းကြီး ပုတ်ခတ်လို့ ကောင်းသွားပါတယ်။
ဒုတိယ တခုအနေနဲ့ကတော့ ပြည်သူတွေပါပဲ။ အာဏာပိုင်တွေ ထုတ်ပြန်တဲ့ သတင်းတွေကိုတော့ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ဘာမှ မဝေဖန်ဝံ့၊ ဝေဖန်ဖို့လဲ အခြေအနေ မပေးပေမယ့် ပြည်ပသတင်းမီဒီယာတွေက ထုတ်ပြန်လိုက်တဲ့ သတင်းတခုခုဟာ တစိတ်တဒေသဖြစ်စေ၊ တခုလုံးဖြစ်စေ မှားနေရင်တော့ ကောင်းကောင်းကြီး ဝေဖန်နိုင်ပါတယ်။ အတားအဆီးမရှိ၊ ခြိမ်းခြောက်မှု မရှိ လွတ်လပ်စွာ ဝေဖန်လို့ရတာက အဲဒီ ပြည်ပ သတင်းဌာနတွေကို ဆိုတော့ တခုခု တစုံတရာ အမှားအတွက် ထောက်ပြဖို့ ဘာတခုကိုမှလဲ ကြောင့်ကြနေစရာ မလိုပါဘူး။
ဒီလိုပြောရခြင်းဟာ ပြည်ပမီဒီယာတွေဘက်က အကာအကွယ်ပေးလိုစိတ် အလျဉ်းမရှိတာတော့ အမှန်ပါ။ ဒါပေမယ့် လက်ရှိဖြစ်နေပျက်နေတဲ့ အခြေအနေတွေကတော့ အဲဒီအတိုင်းကို ဖြစ်နေတာတော့ အသေအချာပါပဲ။
ပြည်ပသတင်းမီဒီယာတွေကိုဆိုရင် အားမနာစတမ်း ဝေဖန်ဖို့၊ ခေတ်စကားနဲ့ပြောရရင် ဆော်ပလော်တီးဖို့ အဆင်သင့် ဖြစ်နေတဲ့ အခြေခံအကြောင်းရင်းတွေကလဲ တခြားတဘက်မှာ ရှိနေပါသေးတယ်။ အဲဒါကတော့ ပြည်ပမီဒီယာတချို့ရဲ့ သတင်းတခုကို ချဲ့ကားတတ်ကြတဲ့ အကျင့်ကြောင့်ပါ။ ဇာတ်နာစေချင်လို့လား၊ ဒါမှမဟုတ် အာဏာပိုင်တွေရဲ့ ဆိုးကွက်ကို ပိုပြီးပေါ်လွင်စေချင်လို့လား ဆိုတာ မသိနိုင်ပေမယ့် တချို့သော သတင်းတွေမှာ ပြည်ပမီဒီယာတွေရဲ့ ရေးသားချက်တွေဟာ သာမန်ထက်ပိုပြီး ချဲ့ကားထားတာကိုတော့ သတိထားမိပါတယ်။
အဲဒီလို ချဲ့ကားလိုက်တဲ့အတွက် တကယ့်တကယ်တမ်းမှာ သွားထိခိုက်နေတာက အာဏာပိုင်တွေတော့ မဟုတ်ခဲ့ပါဘူး။ အဲဒီ သတင်းထဲမှာပါတဲ့ အချက်အလက်တွေနဲ့ ဆက်စပ်ပတ်သက်နေသူတွေကိုသာလျှင် တိုက်ရိုက်တနည်း၊ သွယ်ဝိုက်တမျိုး သွားထိခိုက်ပါတယ်။ ဒါကြောင့်မို့လို့လဲ သေသေချာချာ သတိထားဖတ်ကြည့်မယ်ဆိုရင် စက်တင်ဘာ သံဃာ့အရေးတော်ပုံ ကိစ္စ၊ နာဂစ်မုန်တိုင်း ကိစ္စတွေမှာ ဆိုရင် ပြည်တွင်းမှာ လက်တွေ့ အလုပ်လုပ်နေသူတွေနဲ့ ပြင်ပမီဒီယာတွေရဲ့ သတင်းထုတ်ပြန်မှု တချို့ဟာ ချိတ်ဆက် နားလည်မှုတွေ လွဲတာတွေ ရှိခဲ့ပါတယ်။
နောက်တခုကတော့ ပြည်ပသတင်းမီဒီယာတချို့ဟာ `သတင်းအမှန် တင်ပြတာပဲ´ ဆိုတဲ့ အကြောင်းပြချက်နဲ့ တချို့သော သတင်းတွေကို တင်တဲ့နေရာမှာ နောက်ထပ်ဖြစ်လာနိုင်စရာတွေကို တွက်ချက်သုံးသပ်မှု အလျဉ်းမရှိဘဲနဲ့ သတင်းလက်ဦးမှု တခုတည်းကိုသာ ဦးစားပေး တင်တတ်တဲ့ အကျင့်ပါပဲ။ သတင်းမှန်ပဲ ဖြစ်ပါစေဦး၊ မိမိတင်ပြလိုက်တဲ့ သတင်းကြောင့် ယနေ့ကာလမှာ ကမ္ဘာ့အရက်စက်အကြမ်းကြုတ်ဆုံးသော အာဏာပိုင်တွေရဲ့ အုပ်ချုပ်မှုအောက်မှာ တိုက်ရိုက်နေထိုင်နေရသူတွေ ရင်ဆိုင်ရမယ့် အခက်အခဲတွေကိုတော့ သတိထားသင့်တာ အမှန်ပါပဲ။ သတင်းဆိုတာ ထိန်ချန်ကောင်းလား၊ မထိန်ချန်ကောင်းလား ဆိုတာ ကျနော် တကယ် မသိပါဘူး။ ဒါပေမယ့် တချို့သော သတင်းတွေကတော့ ဖြစ်ပေါ်လာမယ့် ရလဒ်တွေဟာ အကျိုးထက် အပြစ်ဘက်ကို ပိုများနေမယ်ဆိုတာ သေချာရင်တော့ စဉ်းစားဆင်ခြင်သင့်တာ အမှန်ပါ။
ဒီကနေ့ မြန်မာပြည် သတင်းမီဒီယာ အနေအထားက ပြည်ပမီဒီယာတွေအနေနဲ့ သတင်းတခုကို အမှန်ပင်ဖြစ်ပါစေဦး၊ သက်သေသက္ကာယ အနေနဲ့ လူပုဂ္ဂိုလ်တယောက်ယောက်ရဲ့ အမည်နာမကို ပေါ်ပေါ်ထင်ထင် ဖော်ပြဖို့ အခြေအနေ မပေးပါဘူး။ ဒါကြောင့် `ပြည်သူတဦးရဲ့ ပြောပြချက်´ `စာနယ်ဇင်းသမားတဦးက ပြောပါသည်´ `မြို့ခံလူထုက ပြောဆိုနေကြပါသည်´ အစသဖြင့် ယေဘုယျသဘော နာမ်စားသုံးရတာတွေကို သတိထားမိပါတယ်။ ဒါပေမယ့် အဲဒီလို သုံးပါများလာရင် အာဏာပိုင်တွေဘက်က ထောက်ကွက်ကောင်းကောင်း ဖြစ်နိုင်တဲ့ အပြင် တကယ်လို့များ မိမိတင်ပြတဲ့ သတင်းမှာ အားနည်းချက်တခုခု ရှိလာရင် အဲဒီ နာမ်စားတွေနဲ့ ပတ်သက်ဆက်စပ်နိုင်သူတွေကပါ အပြစ်တင် စောကျောတာ ခံရပါလိမ့်မယ်။
ဒါ့အပြင် `သတင်းမှန်ကို ဖော်ပြတာပဲ´ ဆိုတဲ့ နေရာမှာ တင်သင့်တဲ့ သတင်း၊ စောင့်ကြည့်သေးသင့်တဲ့ သတင်း၊ လုံးဝဥဿုံ ထိန်ချန်သင့်တဲ့ သတင်းဆိုပြီးတော့ သေသေချာချာ နားလည်စိစစ်ဖို့ကောင်းပါတယ်။ အဲဒီလို သေချာကျနစွာ စိစစ်နိုင်ပါမှလဲ အဓိကကျပါတယ်လို့ အားလုံးက သတ်မှတ်ထားတဲ့ ပြည်တွင်းက ပြည်သူတွေကပါ ပိုပြီးတော့ ကိုးစားယုံကြည်လာမှာပါ။ တကယ်တော့ ကျနော်ပြောတာတောင် နောက်ကျကောင်း နောက်ကျနေဦးမှာပါ။ အာဏာပိုင်တွေဘက်ကပဲဖြစ်ဖြစ်၊ အာဏာပိုင်တွေကို မလိုလားတဲ့ ပြည်ပမီဒီယာတွေကပဲ ဖြစ်ဖြစ် အကြောင်းကြောင်းကြောင့် ထိန်ချန်ကြတဲ့ သတင်းတွေ အများကြီးပါ။ အခု ကျနော် တင်ပြတာကတော့ သတင်းတပုဒ်ကြောင့် ဒုက္ခရောက်သွားနိုင်တဲ့ ဘ၀တွေအတွက် ထည့်သွင်းစဉ်းစားစေချင်မိတာပါ။
ပြည်တွင်းက လူငယ်တွေ၊ တိတိပပပြောရရင်တော့ ယနေ့ခေတ်မှာ အလွန့်အလွန်မှ ရေပန်းစားလာတဲ့ ဘလော့ဂ်တွေမှာ ရေးနေကြတဲ့ မြန်မာပြည်တွင်းက ဘလော့ဂါတွေ အနေနဲ့လဲ `ငါ့ကို အရေးယူမှာက အစိုးရ၊ အစိုးရကို ဆန့်ကျင်ရင် ဒုက္ခရောက်မှာက ငါတို့´ ဆိုတဲ့ အမြင်တခုတည်းနဲ့ ဒီဘက်က မီဒီယာတွေကို သိမ်းကြုံးပုတ်ခတ်တာမျိုးတွေ မဖြစ်စေချင်ပါဘူး။ တချို့သော ပို့စ်တွေမှာ ရေးထားတာတွေကို ဖတ်ရတာဆိုရင် စကားလုံးအရတော့ ဆဲတာဆိုတာမပါပေမယ့် ရေးထားတာတွေရဲ့ အနှစ်ချုပ်က အတော်ဆိုးပါတယ်။ ပြည်ပမီဒီယာနဲ့ အာဏာပိုင်တွေကို ဆန့်ကျင်နေတဲ့ ဘလော့ဂါတွေဟာ အားအားရှိ သတင်းမှားတွေပဲ တင်နေသလိုလိုကို ပြောကြ၊ ရေးကြတာတော့လဲ တဘက်စောင်းနင်းနိုင်တာ အမှန်ပါ။
တကယ်ဆိုရင် ပြည်ပသတင်း မီဒီယာတွေဆိုတာဟာ ဒီကနေ့ခေတ်ကာလမှာ ပြည်တွင်းက ပြည်သူတွေ အတွက်ရော ပြည်ပရောက် မြန်မာပြည်သူတွေ အတွက်ပါ မရှိမဖြစ် ဆိုတာကို ငြင်းလို့မရပါဘူး။ ပြည်ပသတင်း မီဒီယာတွေနဲ့ ပြည်ပရောက် ဘလော့ဂါတွေရဲ့ စွမ်းဆောင်မှုကြောင့် တကယ်လုပ်သင့်တာတွေကို ပြည်တွင်းနဲ့ပြည်ပ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့တဲ့ နာဂစ်မုန်တိုင်း အရေးကို ကြည့်ရင် အနီးစပ်ဆုံး သာဓကပါ။ နာဂစ်မုန်တိုင်း အရေးမှာ မှန်ကန်ပြီး ထိရောက်တဲ့ သတင်းမှန်တွေကို ပြည်ပမီဒီယာတွေနဲ့ ပြည်ပရောက် မြန်မာဘလော့ဂ်တွေက အချိန်နဲ့ တပြေးညီ တင်ပြနိုင်ခဲ့ခြင်းကြောင့်သာ အကြောင်းအမျိုးမျိုးနဲ့ ပြည်ပကိုရောက်နေတဲ့ မြန်မာတွေရဲ့ များပြားလှတဲ့ ချွေးနည်းစာ အလှူငွေတွေဟာ ပူးပေါင်းပါဝင်နိုင်ခဲ့ကြတာပါ။
တဘက်နဲ့ တဘက်၊ အချေအတင်တွေ ပြောကြဆိုကြတဲ့ အခါမှာ ပြောလိုတဲ့ အကြောင်းရင်းရဲ့ မူလဇစ်မြစ်ကိုသာ အဓိကဦးတည် ချဉ်းကပ်ဆွေးနွေးဖို့ဟာလဲ အရေးပါတဲ့ အချက်တခုပါ။ သတင်းတခုကို တင်ပြလိုက်လို့ အဲဒီသတင်းရဲ့ မှားခြင်း မှန်ခြင်းကို အဓိက အကဲဖြတ်စိစစ်ရမယ့် နေရာမှာ ` ပြည်ပ သတင်းဌာနတွေ ဆိုတာက ပိုက်ဆံရတိုင်း လုပ်စားနေကြတာ´ `ကျနော် ကျမတို့က အလကားရတိုင်း အားအားယားယား အွန်လိုင်းပေါ်မှာ နိုင်ငံရေး လုပ်နေတာ မဟုတ်ဘူး´ အစရှိတဲ့ အပြောမျိုးတွေကနေ စလို့ ပုဂ္ဂိုလ်ရေးထိပါးမှုတွေအထိ အဆုံး ပြောတာဆိုတာတွေဟာ မူလပြောချင်တဲ့ အရာကနေ လုံးဝ သွေးဖယ်ပစ်တာနဲ့ တူသလို နေရင်းထိုင်ရင်းနဲ့ ၀ါးလုံးရှည်နဲ့ သိမ်းရမ်းရာလဲ ရောက်ပါတယ်။
အဲဒီလို စကားစ အပိုတွေ ထွက်လာတာရဲ့ နောက်ဆုံး အကျိုးဆက်ကတော့ တဘက်နဲ့တဘက် လှည့်မကြည့်ချင်လောက်အောင် မုန်းသွားတာတွေ၊ အယုံအကြည်မဲ့သွားတာတွေ ဖြစ်သွားတတ်တာပါပဲ။ ဒီလိုဖြစ်လာအောင် သွေးထိုးမြှောက်ပင့်ပေးမယ့် အချောင်သမားကလဲ အဆင်သင့် ရှိနေလေတော့ စဉ်းစားဆင်ခြင်ကြသင့်လှပါတယ်။
ဒါကြောင့် ပြည်ပက သတင်းမီဒီယာနဲ့ ပြည်တွင်းကလူတွေ အပြန်အလှန်နားလည်မှုဟာ အခုထက်ပို လိုအပ်နေတယ် ဆိုတာကတော့ ထင်ရှားနေပါပြီ။
ကျနော်ကတော့ ပြည်တွင်းက တယောက်ယောက်ကဖြစ်ဖြစ်၊ ပြည်ပရောက် မြန်မာတွေထဲက တယောက်ယောက်က ဖြစ်ဖြစ် `ကျနော်/ ကျမသည် နိုင်ငံရေး မလုပ်ပါဘူး´ လို့ ပျာပျာသလဲ ငြင်းချက်ထုတ်နေကြတာကိုတွေ့ရင် စိတ်ထဲမှာ ၀မ်းနည်းပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အဲဒီလို ပြောကြတဲ့ လူတွေ အဓိက ပြောချင်တဲ့ အရာ၊ တနည်းအားဖြင့် သူတို့ စိတ်ထဲမှာ တကယ် ရှိနေတဲ့ အရာကို ကျနော် လှမ်းမြင်လို့ပါ။ တကယ်တမ်း သူတို့ ပြောချင်တာက `ကျနော်/ကျမ လက်ရှိအာဏာပိုင်တွေကို ဆန့်ကျင်သမှု မပြုပါဘူး´ လို့ ပြောချင်တာပါ။ ဒါ အသေအချာပါပဲ။ ဒီလိုပြောရတာတော့ စိတ်မကောင်းပါဘူး။ ဒါပေမယ့် အများစုသော `နိုင်ငံရေး မလုပ်ပါဘူး´ လို့ ပြောကြသူတွေရဲ့ အဓိက ဆိုလိုရင်းက ဒီဘူတာပါပဲ။
နိုင်ငံရေး ဆိုတာဟာ လူတယောက်ရဲ့ နေ့စဉ်ရှင်သန် လှုပ်ရှားသွားလာမှုတွေ အားလုံး၊ အားလုံးနဲ့ ဆက်စပ်နေတယ်ဆိုတဲ့ အကြောင်းကို ဆောင်းပါးတွေ၊ ပို့စ်တွေ အများကြီးမှာ ခဏခဏ ရေးခဲ့ပြီးပြီမို့ ထပ်ပြီးတော့လဲ ရှင်းမပြချင်တော့ပါ။
ပြည်ပရောက်နေတဲ့ ကျနော့်အနေနဲ့ကတော့ ပြည်တွင်းမှာ နေနေရတဲ့ လူတွေရဲ့ အခြေအနေအရပ်ရပ်ကို နားလည်ပါတယ်၊ သိရှိပါတယ်။ လက်ရှိ အာဏာပိုင်တွေကို မဆန့်ကျင်ရကောင်းလို့လဲ ဘယ်တော့မှ အပြစ်တင် စောကျောမနေပါဘူး။ ဒါတွေ ဒီလိုရှိတယ်ဆိုတာကို လွတ်လပ်တဲ့ ဟောဒီ အင်တာနက် မီဒီယာကနေ ကျနော်တို့ တင်ပြရေးသားပါမယ်။ မှား၏၊ မှန်၏ ဆိုတာကို ရှင်းရှင်းလင်းလင်း တိတိပပ သိနေရင် ဘာလုပ်သင့်တယ်ဆိုတာကို လူတိုင်းက အသိစိတ်ကိုယ်စီ ရှိကြတာချည်းပါပဲ။ တဘက်နဲ့တဘက် အပြန်အလှန် နားလည်မှုတော့ ရှိဖို့လိုတာ အမှန်ပါ။
ဒါကြောင့် `စည်းခြားနေတယ်´ ဆိုတာကြီးကို ထပ်မပြောချင်ပါရစေနဲ့တော့...။
ကျနော်မြင်ခဲ့ဖူးတဲ့ `စည်း´ဆိုတာကြီးကို နောက်ထပ်လဲ မမြင်ချင်တော့သလို အဲဒီစည်းရဲ့ ရိုက်ခတ်မှုကြောင့် ကျနော်တို့တွေ ထပ်မဝေးပါရစေနဲ့တော့...။
ကလိုစေးထူး

37 comments:
ကောင်းလိုက်တာ ကိုစေးထူးရေ... စဉ်းစားစရာလေးတွေရသွားတယ်။ “နိုင်ငံရေး” ဆိုတာကို ပြည်တွင်းကလူတွေ ရှောင်လွှဲချင်တာ နားလည်ပေးနိုင်ပါတယ်၊ ပြည်ပကလူတွေ ရှောင်လွှဲနေတာကြတော့ အောင့်သက်သက်ဖြစ်ရတယ်။ တကယ်လို့သာ ဒီခေတ်မှာ နိုင်ငံရေးသမားတွေဟာ အခွင့်အာဏာတွေရှိနေမယ်၊ ရာထူးစည်းစိမ်တွေရလွယ်မယ်ဆိုရင် နိုင်ငံရေးသမားလုပ်လိုသူတွေ များပြားဖေါင်းပွနေမှာ မုချပဲ။
very good post! cheer
ကိုစေးထူးရေ ဒီပို့စ် ရေးသားချက်ကို အထူး ထောက်ခံပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် ကျနော့်စီမှာ လင့်ဂ်ကို ညွန်းခွင့်ပြုပါ။
ကောင်းတယ် ကိုစေး...
ဖတ်ရသမျှထဲမှာတော့ fair အဖြစ်ဆုံး အတွေးအခေါ်ပါပဲ...။
very nice post!
cheer!
cheer!
cheer!
Thanks for that post
Phyu
အပေါ်ကလူတွေပြောတဲ့အတိုင်းပဲ။ ထပ်ပြောနေစရာကိုမလိုလောက်အောင်ပဲ ဟဲဟဲ
ဒီပို့စ်ကို သာမာန်အားဖြင့် ဖတ်ပြီးပြောရင်တော့ ရေးပုံတွေးပုံတွေဟာ သင့်တင့်မျှတ တယ်လို့ ထင်စရာပါ။ ဒါပေမဲ့ ကျမစိတ်ထဲမှာ သိပ်ပြီး အစာမကြေမိတာလေးတွေ ရှိနေတာကြောင့် ခုလို ကွန်မန့်ရေးလိုက်ခြင်း ဖြစ်ပါတယ်။
ပထမဆုံး ပြောချင်တာက ... နိုင်ငံပိုင် မီဒီယာတွေ နဲ့ ပြည်ပရောက် မီဒီယာတွေအပေါ် ပြည်သူလူထုရဲ့ ရပ်တည်ချက်ကိုပါ။ များသောအားဖြင့် ကျမတို့ဟာ သတင်းစာ မဖြစ်မနေ ၀ယ်ကြ ဖတ်ကြရပါတယ်။ အဲဒီလို သတင်းစာဖတ်ရင် နာရေးကြော်ငြာ၊ စီးပွားရေးကြော်ငြာ စတဲ့ စာမျက်နှာတွေကိုသာ အဖတ်များကြပါတယ်။ ရုပ်မြင်သံကြားကြည့်ရှုကြတဲ့ အခါမှာလည်း ည ၇ နာရီ ကိုရီးယားဇာတ်လမ်းတွဲ တရုပ်ဇာတ်လမ်းတွဲ စသဖြင့် ကြည့်ရှုပြီးတဲ့အခါ ည ၈နာရီ သတင်းကို (များသောအားဖြင့်) ဘယ်သူမှ တခုတ်တရ စောင့်စား ကြည့်ရှုမနေကြပါဘူး။
အဲဒါ ဘာကြောင့်လဲ ... ဆိုရင် ... သတင်းမှန်တာ မမှန်တာထက် သတင်း အင်္ဂါရပ်နဲ့ ပြည့်စုံတဲ့သတင်းတွေ ဖော်ပြ ထုတ်လွှင့်နေတာ မဟုတ်လို့ပါပဲ။ ဒီသတင်းတွေကို ပြည်သူ လူထုက မသိချင်ပါဘူး။ စိတ်မ၀င်စားကြပါဘူး။ ထပ်တလဲလဲ ထုတ်လွှင့်နေတာမို့ ရိုးအီ နေကြပါပြီ။
ဒါကြောင့်လဲ သူတို့သိချင်တဲ့ စိတ်ဝင်စားတဲ့ သတင်းတွေကို ထုတ်လွှင့်ပေးနိုင်တဲ့ ပြည်ပ မီဒီယာတွေကို ယုံကြည် အားကိုးလာကြတယ်။ နားထောင်လာကြပါတယ်။ ၈၈ အရေးအခင်း နောက်ပိုင်းကစပြီး လူထုဟာ ပြည်ပမီဒီယာတွေရဲ့ သတင်းတွေပေါ်မှာ ပိုမို စိတ်ဝင်တစား ရှိခဲ့ကြပါတယ်။
အဲဒီလို ပြည်သူလူထုက ယုံကြည်အားကိုး စိတ်ဝင်စားကြတဲ့ သတင်းမီဒီယာတွေဟာ ပြည်တွင်းမီဒီယာသမားတွေထက် နည်းပညာ၊ အတတ်ပညာပိုင်းဆိုင်ရာ ပိုမိုပြီး ပြည့်စုံမှုရှိမယ့်အပြင် အသိပညာပိုင်းမှာလည်း နိမ့်လိမ့်မှာ မဟုတ်ဘူးလို့ အားလုံးက သိထားကြပါတယ်။
ဒီတော့ကာ ... ကိုစေးထူးပြောတဲ့ သတင်းမှန် သတင်းမှားကိတ်စမှာ ... ပြည်တွင်းမီဒီယာက သတင်းမှားကို လူတွေက အရေးလုပ်ပြီး ပြောဆို မနေကြတော့ပါဘူး။ သတင်းဆိုတာ ဘက်လိုက်မှု မရှိရဘူးဆိုတဲ့ ကျင့်ဝတ်စောင့်ထိန်းမှုမျိုး မရှိခဲ့တဲ့ အာဏာပိုင်တွေ ချုပ်ကိုင်ထားတဲ့ သတင်းမီဒီယာရဲ့ မှားယွင်းမှု ဘက်လိုက်မှုတွေနဲ့ ပြည်သူပြည်သားတွေက ကျင့်သားရခဲ့တာ ကြာခဲ့ပါပြီ။ ဒီလိုကျင့်သားရတယ်ဆိုပေမဲ့ ဒါဟာ ... ပြည်သူလူထုက အမှားကို လက်ခံနေတာ မဟုတ်ပါဘူး။ အမှန်နဲ့အမှားကို အားလုံးသိကြပေမဲ့ ဘယ်ပုံဘယ်နည်းနဲ့ ထုတ်ဖော် ဝေဖန်ရမှာလဲ။ လူထုအချင်းချင်းကြားမှာ ဖြစ်စေ ... လဘက်ရည်ဆိုင်မှာ ဖြစ်စေ ... တဦးနဲ့ တဦး ပြောဆိုနိုင်ကြပေမဲ့ မီဒီယာတခုကို ပိုင်ဆိုင်နိုင်ခြင်းမရှိတဲ့ ဖိနှိပ်ခံ ပြည်သူတွေဟာ ဘယ်လို ပေါ်ပေါ်ထင်ထင် ဝေဖန် ပြောဆိုနိုင်ကြမှာလဲ။
ထိုနည်းတူစွာပါပဲ ... ပြည်ပမီဒီယာတွေဟာ သတင်းမှန်တွေကို မြန်ဆန်စွာ ထုတ်ပြန်ပေးနိုင်တဲ့အတွက် လူတွေလက်ခံ၊ ယုံကြည်လာကြပြီး သတင်းနားထောင်တဲ့ ဦးရေဟာ တဖြည်းဖြည်းတိုးပွားလာပါတယ်။ ဒီအချက်ကို လက်ရှိအစိုးရကိုယ်တိုင် အသိအမှတ်ပြုထားပါတယ်။ (ပြည်ပမီဒီယာတွေနဲ့ ပတ်သက်ပြီး စာလုံးမဲကြီးတွေနဲ့ သတင်းစာတွေမှာ ဖော်ပြနေတာကို ကြည့်ရင် သိနိုင်ပါတယ်။) ဒီလို မှန်ကန်တဲ့သတင်းတွေကို မြန်ဆန်စွာ ထုတ်ပြန်ပေးနိုင်တဲ့ ပြည်ပမီဒီယာတွေရဲ့ သတင်းမှန်တွေတိုင်းကို မှန်ပါတယ်ဆိုပြီး ဘယ်သူက ကြေငြာဖို့ လိုပါသေးသလဲ။
ကျနော် မောင်ဖြူ ကျမ မနီက ဒီသတင်းမှန်ပါတယ်လို့ ထပ်မံအတည်ပြုစရာ လိုအပ်ပါသေးလား။ တကယ်လို့ လိုအပ်ခဲ့ရင် ဒီသတင်းဌာနတွေကသာ အတည်ပြုချက် ရယူရမှာ ဖြစ်ပါတယ်။ ဘေးကနေပြီး မှန်လိုက်လေ ... လို့ ထအော်စရာ မလိုဘူးလို့ ကျမကတော့ ထင်တာပါပဲ။
ဒါဆို ဒီပြည်ပမီဒီယာတွေက သတင်းမှားထုတ်လွှင့်မိတဲ့အခါတော့ ... ဘာဖြစ်လို့ အော်ကြတာလဲ ... ။
ဆိုတော့ .... အမြဲတမ်း မှန်ကန်ပါတယ်လို့ ယုံကြည်ခဲ့တဲ့ အားကိုးခဲ့တဲ့ ဒီသတင်းတွေထဲမှာ အချက်အလက် မှားယွင်းမှု တစုံတရာရှိလာတဲ့အခါ ပရိသတ်က မကျေနပ်၊ လက်မခံ အားမရနိုင်ဖြစ်တတ်တာ သဘာဝပါပဲ။
တဆက်တည်းမှာပဲ အဲဒီ သတင်းမှားရဲ့ ဆိုးကျိုးကိုခံရနိုင်တဲ့သူတွေလည်း ရှိနေပါသေးတယ်။ ဒါကို ပြည်ပမီဒီယာတွေအနေနဲ့ သတိထားသင့်တဲ့အပြင် ပြည်တွင်းမီဒီယာထက် နည်းပညာ၊ အတတ်ပညာ၊ အသိပညာ အစစသာနိုင်တဲ့ ပြည်ပမီဒီယာတွေက သတင်းသမားတွေ အနေနဲ့ ဒီထက်ပိုပြီး သတိပြု ဆင်ခြင်သင့်ပါတယ်။
ဒါပေမဲ့လည်း ဘယ်သူမဆို အမှားမကင်းနိုင်တာမို့ ပရိသတ်အနေနဲ့ နားလည်ပေးဖို့တော့ လိုအပ်တာပေါ့။
ဒါကတော့ ပြည်တွင်းပြည်ပ မီဒီယာတွေနဲ့ ပတ်သက်ပြီး ပြောချင်တာလေးပါ။
နောက်တခုကတော့ ကိုစေးထူးအနေနဲ့ ပြည်တွင်းဘလော့ဂါတွေရဲ့ အခန်းကဏ္ဍကို မေ့မထားသင့်ပါဘူး။ နာဂစ်မုန်တိုင်းအရေးမှာ ပြည်ပမီဒီယာတွေနဲ့ ပြည်ပဘလော့ဂါတွေ ပူးပေါင်းဆောင်ရွက်နိုင်တယ်လို့သာ ဆိုထားပြီး ပြည်တွင်းဘလော့ဂါတွေရဲ့ ဆောင်ရွက်မှုကိုတော့ လစ်လျူရှုထားသလို ဖြစ်နေပါတယ်။
တကယ်တမ်းကြည့်မယ်ဆိုရင် မနှစ်က စက်တင်ဘာ အရေးအခင်းကစပြီး ပြည်တွင်းသတင်းတွေကို မြန်မြန်ဆန်ဆန်နဲ့ ကဘာကသိအောင် စွမ်းဆောင်ပေးနိုင်တာဟာ ပြည်တွင်းဘလော့ဂါတွေကြောင့်ပါပဲ။ အပိတ်အဆို့ အတားအဆီးတွေကြားက အန်တရာယ် အမျိုးမျိုးကြားက လုပ်ဆောင်ခဲ့ကြရတဲ့ ပြည်တွင်းဘလော့ဂါတွေရဲ့ ကဏ္ဍကို ထည့်ပြီး စဉ်းစားပေးသင့်ပါတယ်။ အဲဒီလို ကိုယ့်အတွက် အကျိုးအမြတ်တစုံတရာမပါဘဲ လုပ်ခဲ့ကြတဲ့ ပြည်တွင်းဘလော့ဂါတွေဟာ နိုင်ငံရေးသမားတွေ မဟုတ်ကြပါဘူး။ မျိုးချစ်စိတ် နိုင်ငံချစ်စိတ်ရှိသူများသာလျှင် ဖြစ်ပါတယ်။ ဒီနောက်ပိုင်းမှာမှ အင်တာနက်ပေါ်က ဘလော့စာမျက်နှာတွေပေါ်မှာ အစိုးရကို ဆန့်ကျင်/ထောက်ခံတဲ့ နိုင်ငံရေးဘလော့တွေ အလျှိုအလျှို ပေါ်ပေါက်လာတာ မဟုတ်ပါလား။
တဆက်တည်းပြောချင်တာကတော့ နိုင်ငံရေး ဆိုတဲ့ စကားလုံးပါ။
ကျနော် ကျမတို့ နိုင်ငံရေးမလုပ်ပါဘူးလို့ ငြင်းချက်ထုတ်နေကြသူတွေ သုံးနှုန်းတဲ့ နိုင်ငံရေး ဆိုတဲ့ စကားရဲ့ အနက်နဲ့ ကိုစေးထူးသတ်မှတ်ထားတဲ့ နိုင်ငံရေး နဲ့ မတူညီပါဘူး။ ကိုစေးထူးတို့လို ပညာရှင်တွေ သတ်မှတ်တဲ့ နိုင်ငံရေးဆိုတာ နေ့စဉ်လူတယောက် စားသောက် သွားလာ နေထိုင်တာကို ပြောတာ ဖြစ်ပေမဲ့ ကျမအပါအ၀င် အများစု (လူပြိန်း) သုံးတဲ့ နိုင်ငံရေးဆိုတဲ့ စကားကတော့ ဒါကိုဆိုလိုခြင်း မဟုတ်ဘူးဆိုတာ ကိုစေးထူးတို့ သိထားသင့်ပါတယ်။
ဒါကြောင့် ကျနော် ကျမတို့ နိုင်ငံရေး မလုပ်ဘူး လို့ဆိုခြင်းဟာ ကျနော် ကျမတို့ လက်ရှိအာဏာပိုင်တွေကို ဆန့်ကျင်သမှု မပြုပါဘူးလို့ ဆိုလိုခြင်း လုံးဝ (လုံးဝ) မဟုတ်ပါ။
ဒီလိုဆိုလိုက်ခြင်းဟာ ကျမတို့ သာမာန်ပြည်သူတွေကို နားလည်သလိုလိုနဲ့ နားလည်မှု မရှိလို့သာပဲလို့ ကျမကတော့ ၀မ်းနည်းစွာ မှတ်ယူထားလိုက်ပါတယ်။
ကျမတို့သိတဲ့ နိုင်ငံရေးက ပေါ်လတီကယ်လို့ ဆိုတဲ့ နိုင်ငံရေးပါ။
လယ်သမားတယောက်နဲ့ နိုင်ငံရေးသမား တယောက် အမြင်ချင်းမတူနိုင်ပါဘူး။ နိုင်ငံရေးမလုပ်သူ၊ နိုင်ငံရေးပရိယာယ်ကို နားမလည်သူ၊ နိုင်ငံရေးလှည့်ကွက်တွေကို မတတ်ကျွမ်းသူ ကျမတို့လို သာမာန်ပြည်သူတွေတိုင်းဟာ လက်ရှိအစိုးရကို နှစ်သက်သည် ဖြစ်စေ မနှစ်သက်သည်ဖြစ်စေ ... ကိုယ့်ဘ၀ရပ်တည်ရေးအတွက် ကိုယ့်အလုပ်ကိုယ် လုပ်နေကြရတာပါပဲ။ ဒီလိုလုပ်နေရင်းနဲ့ တခါတလေမှာ အစိုးရရဲ့ ဖိနှိပ်ခြင်းခံရသလို ... နိုင်ငံရေးလုပ်စားနေသူ နိုင်ငံရေးသမားကြီးတွေရဲ့ ခုတုံးလုပ်ခြင်းကိုလည်း ခံရတတ်ပါတယ်။ ဘလော့ရေးသူတိုင်းဟာ နိုင်ငံရေးသမားတွေ မဟုတ်သလို ... ဘလော့ရေးသူတိုင်းဟာ အစိုးရကို ထောက်ခံသူတွေ မဟုတ်ပါဘူး။ လူတိုင်းဟာ ကိုယ်ယုံကြည်ရာ ကိုယ့်ဦးတည်ချက်အတိုင်း ရေးသားနေကြသူတွေချည်းပါပဲ။
ကိုစေးထူးရဲ့ အိတ်ဖွင့်ပေးစာကို ဖတ်ပြီး ပြည်ပရောက် ကိုစေးထူးအနေနဲ့ ပြည်တွင်းမှာ ရင်ဆိုင်နေရသူတွေရဲ့ အခြေအနေကို နားလည်တယ်လို့ ဆိုထားပေမဲ့ တကယ်တမ်း ရာနှုန်းပြည့် နားမလည်နိုင်သေးဘူးလို့ ကျမ သဘောပေါက်မိပါတယ်။
နောက်ဆုံးပြောရရင်တော့ .... ကိုစေးထူးဟာ စည်း ဆိုတာကို မမြင်ချင်ပေမဲ့လို့ ကိုယ်တိုင် စည်းတခုဆွဲနေသူလို့ ကျမကတော့ မြင်မိကြောင်းပါပဲ။
မေဓာဝီ
မမေဓာဝီ ပြောသွားတာ လေးတွေက စဉ်းစားစရာ လေးတွေနဲ့ လက်ခံနိုင်စရာလေးတွေရှိတယ်ဗျာ။
ဇော်ဇော်
်ဘယ်သူ့ ကိုမှ မထိခိုက်အောင် ၊ သတင်းမှန်လည်းဖြစ်အောင် အထူးသဖြင့် mass media
တွေ အနေနဲ့  ရေးနိုင် လွှင့်နိုင်ရင် အကောင်းဆုံးပေါ့ဗျာ။
spin လို့ ခေါ်တဲ့  news management သုံးရင် အမှန် ကို ထိခိုက်မှု အနဲဆုံးနဲ့  ပြည်တွင်းပြည်ပ ပြည်သူအားလုံး ကိုဆွဲဆောင်နိုင်ပါလိမ့်မယ်။
အထူးသဖြင့် ဒီမို ကရေစီနိုင်ငံ သွားနေပါတယ်ဆိုပြီး သတင်းလွတ်လပ်မှု မရှိတဲ့ မြန်မာနိုင်ငံမှာ
အထူးသတိထားဘို့ လိုပါမယ်။
ဥပမာ မြန်မာနိုင်ငံရဲ က လူသတ်မှု ကို mobile phone
ကတဆင့် ခြေရာခံ လိုက်နိုင်တဲ့  technology ရှိပြီဆို တာ မျိုး ပြည်တွင်းသတင်းရေးတာ အန္တရယ်ရှိပါတယ်။
မမေဓါဝီ ခင်ဗျာ
ကျနော်ဟာ comment သိပ်ရေးလေ့ မရှိပါ။ များသောအားဖြင့်
စီဘောက်မှ အော်သွားတာ လောက်ဘဲ လုပ်ပါတယ်။ အခု ကိုစေးထူး
ရေးတဲ့ ပို့စ်ကို အထက်မှာ ကျနော် ထောက်ခံအားပေးတာက သာမန်
လောက် ဖတ်ပြီး ထောက်ခံတာမျိုး မဟုတ်ပါ။ ကြီးတဲ့အမူကို ငယ်စေ၊
ငယ်တဲ့ အမူကို ပပျောက်စေ ဆိုတဲ့ စေတနာနဲ့ ပြည်တွင်းပြည်ပ ဘ
လော့ဂါ အချင်းချင်း ညီညွတ်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ၀င်ပြီး ထောက်
ခံတာပါ။ ပြီးသွားတဲ့ ကိစ္စ တစ်ခုရယ့် နောက်ပိုင်း ဒီလို အမှားမျိုး နောက်
တစ်ခါ မပေါ်ပေါက်အောင် အားလုံး ဂရုစိုက်ရင် ပြီးတာဘဲလို့ ယူဆပါ
တယ်။ အလုပ်တွေ အားလုံးရယ့် သဘောကတော့ အမှားနဲ့ ကင်းဖို့
ဆိုတာ မလွယ်ကူပါဘူး။ ခွင့်လွတ်နိုင်တဲ့ အမှားလား၊ ခွင့်မလွတ်နိုင်
တဲ့ အမှားလား၊ လက်ခံနိုင်တဲ့ အတိုင်းအတား မှာ ရှိလား မရှိဘူးလား
ဆိုတာတွေဟာ နောက်ဆက်တွဲ ရိုက်ခတ်မူ အပေါ်မှာ မူတည်ပါတယ်။
သာမန်လောက် ဖတ်ပြီး ရေးခဲ့တာ တွေးခဲ့တာမျိုးတော့ မဟုတ်ရပါ
ခင်ဗျာ။ လေးစားပါတယ်။
ကိုအောင်
မမေဓါဝီ
ကိုစေးထူးဟာ စည်းဆွဲနေသူမဟုတ်ပါဘူး မမေဓာဝီကိုယ်တိုင် စည်းတခုဆွဲနေသူလို့ မြင်မိကြောင်းပါ
Please read carefully his post.You 'll see it his mind.
ကိုကလိုစေးထူး
ဒီကော်မန့်ကတော့ မျက်ကန်း မြှောက်ရေးမှာ မဟုတ်ပါဘူး။ ခင်ဗျားတို့ ဒီမိုတွေ က လွတ်လပ်စွာတင်ပြဖို့ထက် ခင်ဗျားတို့ ဒီမိုစံနစ်ကို မြှောက်ရေးဖို့ လိုလားတယ်ဆိုတာ သဘောပေါက်ပါတယ်။ ခင်ဗျားတို့ လိုလားချက်ကိုတော့ ကျနော်က လုံးဝ ဆန့်ကျင်တယ်။ ဒီတော့ မြင်တဲ့အတိုင်းပဲ ရေးပါမယ်။
ခင်ဗျား အားသာချက်က စာအရေးအသားကောင်းပါတယ်။ အပြောလည်းကောင်းပါတယ်။ ခက်တာကတော့ ဒီမိုမီဒီယာတွေကို တဖက်သတ်ဖားပြီး နအဖပဲ အတင်းပြောထားတယ်။ ဒီမိုမီဒီယာတွေ လိမ်ညာကြောင်း ကျနော်တို့ ဘလော့မှာ ဗီဒီယိုသက်သေတွေနဲ့ သတင်းအထောက်အထားတွေ ကိုးကားပြီး တင်ပြခဲ့တာပဲ။ ခင်ဗျားလည်းသိပါတယ်ဗျာ။ ဗီဒီယိုတွေ မြင်နေပါလျက်နဲ့ အမှန်ကို လက်မခံရဲဘူးဆိုတာ ဘာဖြစ်လို့လဲ? ခင်ဗျားအတွက် အမှန်တရားက ဘာများ ဒုက္ခပေးမှာ မိုလို့လဲ?
ခင်ဗျားကြည့်ရတာ ကာယ အလုပ်ပဲလုပ်နေတဲ့ ဒီမိုသမားပဲ ဖြစ်မယ်ထင်ပါတယ်။ ခင်ဗျား ရိုးရိုးလေးစဉ်းစားတတ်အောင် ကျနော်ပြောမယ်။ အနောက်ဖက်က dvb, rfa တို့ကို ဒေါ်လာတွေ အများကြီးပေးထားတာ မြန်မာတွေ အတွက်လား? သူတို့ အသိုင်းအ၀န်းထဲမှာ နေထိုင်ကြည့်ပါ။ ဒီဘက်က လူတွေဟာ သူတို့ငွေကို သားအရင်းတောင် အလကားမပေးဘူးဗျ။ ခင်ဗျားတို့ ဒီမိုမီဒီယာတွေကို အလကား ငွေပေးထားတယ်လို့ ထင်နေတော့ ရှက်ဖို့ ကောင်းသလားလို့ပါ။
အရေးအခင်းတုံးက ဘုန်းကြီးအလောင်း သတင်းအတုနဲ့ dvb အရူးလုပ်ခဲ့တာပဲ။ ဘုန်းကြီးကို ဓါတ်တိုင်မှာ ကြိုးတုတ်ရိုက်တယ်ဆိုတာ လဲ ဒီမိုမီဒီယာတွေက လိမ်ခဲ့တာပဲ။ နာဂစ်တုံးကလည်း အလှူရှင်တွေ လှူခွင့်မပေးဘူးဆိုပြီး ပေါက်ကရ ရေးတယ်။ အဲဒါလဲ ခင်ဗျားတို့က အမှတ်သည်းခြေမှ မရှိတော့ ယုံခဲ့တာပဲ။ အဲဒါနဲ့များ ခင်ဗျားတို့က သတင်းကို အမှားအမှန်ခွဲနိုင်တယ်ဆိုပြီး ကြီးကြီးကျယ်ကျယ် ပြောနေသေးတယ်ဗျာ။ နောက်ဆိုရင်ဗျာ . .. မြန်မာလူမျိုးတွေ သိက္ခာကို ငဲ့ညှာတဲ့အနေနဲ့ နအဖအတင်းပြောရင်း စည်းရုံးတဲ့ နည်းလေးကို ဖျောက်ပြီး … ဒီမို၊ နအဖ မခွဲခြားပဲ စာရေးဆရာကျင့်ဝတ်နဲ့ အညီ ကြားနေ ရေးပေးပါလား။ လွတ်လပ်တဲ့ အမြင်ရေးလို့ ဒီမိုတွေက ရန်ပြုရင်တော့ တာဝန် မယူဘူး။ စာရေးတယ်ဆိုတာ အမှန်တရား အတွက်ပဲဖြစ်သင့်ပါတယ်။ သက်မဲ့ ဒီမိုဝါဒကြီး အတွက် နာမည်အပျက်မခံချင်ပါနဲ့။ စေတနာနဲ့ ပြောတာပါဗျာ
ဒီမိုတွေမုံန်းတဲ့ အမှန်ဘက်က
တောသားစစ်စစ်
မှတ်ချက်ပေး ဆွေးနွေးသွားကြသူ အားလုံးကို အထူးကျေးဇူးတင်ပါတယ်။
မမေဓာဝီ တုံ့ပြန်ထောက်ပြသွားတဲ့ အချက်တွေကိုလဲ ပြန်လည် ဆွေးနွေးချင်ပါတယ်။
ကျနော် ဒီပေးစာ ဆောင်းပါးကို ရေးရတာဟာ ပြည်တွင်းကလူတွေက ပြည်ပမီဒီယာတွေ သတင်းမှန်တွေ လွှင့်နေရင် `မှန်တယ်´ လို့ မပြောရကောင်းလား ဆိုတဲ့ အပြစ်တင် စောကြောချင်တဲ့ ပုံစံ မဟုတ်ပါဘူး။ သို့သော်...၊ တကယ်လို့များ ပြည်ပ သတင်းမီဒီယာတွေက ထုတ်ပြန်လိုက်တဲ့ သတင်းတခုခုမှာ ချို့ယွင်းချက်ဖြစ်လာရင် ဒါမှမဟုတ်လဲ မှားနေတယ်ဆိုရင် သူတို့ကို ပြန်ပေးတဲ့ တုံ့ပြန်ချက်တွေဟာ မမေဓာဝီ ပြောသလို `အားမရ´ ဖြစ်တယ် ဆိုတဲ့ စိတ်တခုတည်းနဲ့ မဟုတ်ဘူးဆိုတာကတော့ အခုလတ်တလော ဖြစ်နေပျက်နေတဲ့ ကိစ္စတွေကို သတိထားကြည့်ရင် မမေ သိပါလိမ့်မယ်။ `ဒီကောင်တွေတော့ မှားပြီဟ၊ အခွင့်သင့်တုန်း သမလိုက်မှပဲ´ ဆိုတဲ့စိတ်နဲ့ လူတွေ များလာတာကို သတိထားမိလို့ ဒါကို ရေးရတာပါ။ တခြားကို ဝေးဝေး မကြည့်ပါနဲ့ဦး။ ကျနော် အခုပို့စ်ကို တင်ပြီးတာနဲ့ ကျနော့် စီဘောက်စ်မှာ လာအော်ထားတဲ့ `ကဲကဲ´ ရဲ့ တုံ့ပြန်ချက်ကိုပဲ ကြည့်ပါ။ ဒါဟာ အနီးစပ်ဆုံး သာဓက တခုပါ မမေ။ ပြောရမယ်ဆိုရင် ဒါတွေဟာ ဟိုကတစ၊ ဒီကတစ ကောက်ကြောင်း ပြန်လိုက်ရမယ့် ကိစ္စတွေပါ။ ပြီးတော့ ကျနော်က ပြည်တွင်းက လူတွေကိုချည်းသီးသန့် ရည်ရွယ်ပြီး `အပြစ်တင်ရန်ကော´ လို့ မဆိုလိုပါဘူး။ ပြည်ပ သတင်းမီဒီယာတချို့ရဲ့ သတင်းလက်ဦးမှု ရချင်ဇောနဲ့ မဆင်မခြင် ဖော်ပြတဲ့ သတင်းတချို့ကြောင့် အထဲမှာ နေရသူ အလွန်ဒုက္ခရောက်ရတာကိုလဲ ကျနော် ဝေဖန်ပါတယ်။
နောက်တခုက ကျနော်ရေးလိုက်တဲ့ စာထဲမှာ ပြည်တွင်း ဘလော့ဂါတွေရဲ့ အခန်းကဏ္ဍကို ရည်ရွယ်ချက်ရှိရှိနဲ့ ချန်လှပ်ခဲ့တာ မဟုတ်ပါဘူး။ ပြည်တွင်း ဘလော့ဂါတွေရဲ့ စွမ်းဆောင်မှုတွေကို ဟိုးစက်တင်ဘာ သံဃာ့အရေးတော်ပုံကနေ နာဂစ်မုန်တိုင်း ကိစ္စအထိ အလျဉ်းသင့်တိုင်းမှာ ပို့စ်တွေထဲမှာ ကျနော် တလေးတစား အသိအမှတ်ပြု ရေးခဲ့တာချည်းပါပဲ။ အခု ဒီပို့စ်မှာ ကျနော်ရည်ရွယ်တာက ကျနော်တို့တွေ အချင်းချင်း ပို နားလည်စေချင်တယ်။ ပြည်တွင်းမှာ တကယ်လုပ်နေရသူတွေရဲ့ အခက်အခဲကိုလဲ ကျနော်တို့ ပြည်ပကလူတွေ ဒီထက်ပို နားလည်ရမှာဖြစ်သလို (အဲဒီထဲမှာ ကျနော်လဲ ပါပါတယ်) ပြည်တွင်းကလူတွေအဖို့လဲ တခုခု အကျပ်အတည်း ဖြစ်လာတိုင်းမှာ `ပြည်ပက လူတွေကြောင့်၊ ပြည်ပသတင်းမီဒီယာတွေကြောင့်´ ဆိုတဲ့ အမြင်ကြီးကို တသမတ်တည်း မစွဲစေချင်ဘူး။ အဲဒီသဘောနဲ့ ကျနော်တို့ ပြည်ပရောက်တွေလဲ အဲဒီ၊ အဲဒီ အရေးကိစ္စတွေမှာ ပူးပေါင်းခဲ့တာ ရှိတယ်ဆိုတာကို ရေးခဲ့တာပါ။ တမင် ရည်ရွယ်ချက်ရှိရှိနဲ့တော့ မေ့ပျောက်ချန်လှပ်ထားတာ မဟုတ်ပါဘူး။
နောက်ထပ် တခု...။
ကျနော် `ပညာရှင်´ မဟုတ်ပါဘူး။ နိုင်ငံရေး ဆိုတဲ့ စကားလုံးကို ကျနော် နားလည်ထားတာနဲ့ ပြည်တွင်းက ပြည်သူတွေ နားလည်ထားတာဟာ ကွဲလွဲကောင်း ကွဲလွဲပါမယ်။ ဒါပေမယ့် ပြည်သူတွေဟာ လူပြိန်းတွေလို့ ကျနော် လုံးဝ မတွေးထားပါဘူး။ တချို့တွေက နိုင်ငံရေး ဆိုတာကို ဘယ်လို သတ်မှတ်လဲ ဆိုတော့ တယောက်ယောက်က အစိုးရကို ဆန့်ကျင်စကားပြောရင်၊ ဒါမှမဟုတ်လဲ ထောက်ခံစကားပြောရင် ဒါဟာ `နိုင်ငံရေး´ လို့ သတ်မှတ်ကြတာက များတယ်လို့ ယူဆပါတယ်။ အဲဒီလို ဆန့်ကျင်တာ၊ ထောက်ခံတာဟာ `နိုင်ငံရေးလုပ်တယ်၊ နိုင်ငံရေးစကားပြောတယ်´ လို့ မြန်မာပြည်မှာ သာမန်အားဖြင့် သတ်မှတ်ကြတာများပါတယ်။ ဒီတော့ ကျနော်ရေးခဲ့တဲ့ အဲဒီ နောက်ဆုံးတပိုဒ်က `ကျနော် ကျမတို့ နိုင်ငံရေး မလုပ်ပါဘူး လို့ ပြောတာဟာ အာဏာပိုင်တွေကို ဆန့်ကျင်သမှု မပြုပါဘူး လို့ ပြောတာနဲ့ အတူတူပဲ´ ရေးခဲ့တာဟာ ထောက်ပြစရာ ဟာကွက်ဖြစ်သွားပါတယ်။ ဒီအတွက်ကိုတော့ ၀န်ခံတောင်းပန်ပါတယ်။
ဘလော့ဂ်ရေးသူတိုင်းဟာ နိုင်ငံရေးသမား မဟုတ်ဘူးလို့ မမေ ပြောခဲ့တယ်နော်။ ကျနော်က ထပ်ဆင့်ဖြည့်ပြောပါရစေဦး...။ နိုင်ငံရေးတွေ ရေးနေတဲ့ ဘလော့ဂါတိုင်းဟာလဲ (မမေနားလည်ထားတယ်ဆိုတဲ့) နိုင်ငံရေးသမားတွေ မဟုတ်ပါဘူး။ ဘလော့ဂ်ကို လွတ်လပ်ခုံမင်စွာ ရေးရင်းနဲ့ နိုင်ငံရေးအကြောင်းတွေ ရေးမိတာသာ ရှိပါတယ်။
ကျနော် ဒီပေးစာကို ရေးတာဟာ ရည်ရွယ်ချက်က ရှင်းရှင်းလေးပါ။ ပြည်တွင်းကလူတွေက ပြည်ပရောက်တွေနဲ့ ပြည်ပမီဒီယာတွေကို နားလည်မှုလွဲတာကနေ တဆင့် ပြည်သူနဲ့ မီဒီယာ တသီးတခြားစီ ဖြစ်သွားမှာကို ကျနော် မလိုလားဘူး။ (မီဒီယာ ဆိုတဲ့နေရာမှာ ယနေ့ခေတ် အနေအထားအရ ဘလော့ဂါတွေလဲ ပါပါတယ်)။ ဒါကြောင့် စည်းတခု ခြားစ ပြုနေတယ်လို့ ကျနော်မြင်နေတာကို ပြန်ဆွဲစေ့ကြည့်ချင်တဲ့ ဆန္ဒနဲ့ ရေးလိုက်ခြင်း သက်သက်ပါပဲ။ ပြည်တွင်းကလူတွေကို ကျနော်က ရာနှုန်းပြည့် နားလည်မှု မရှိသေးဘူးဆိုတဲ့ အဓိပ္ပာယ်မျိုး ကျနော်ရေးခဲ့တဲ့ ပို့စ်မှာ ပေါ်လွင်သွားခဲ့တယ် ဆိုရင်တော့ ကျနော့်ရဲ့ ညံ့ဖျင်းမှုသာ ဖြစ်ပါတယ်။ စည်းဆွဲဖို့တော့ ဘယ်တုန်းကမှ မစဉ်းစားမိကြောင်းပါ။
ကလိုစေးထူး
အရေးအခင်းတုံးက ဘုန်းကြီးအလောင်း သတင်းအတုနဲ့ dvb အရူးလုပ်ခဲ့တာပဲ။
မင်းမှာ ဘာသက်သေရှိလို့ အရူးလုပ်တယ်ပြောနိုင်တာလဲ
ဘုန်းကြီးကို ဓါတ်တိုင်မှာ ကြိုးတုတ်ရိုက်တယ်ဆိုတာ လဲ ဒီမိုမီဒီယာတွေက လိမ်ခဲ့တာပဲ။
ဘုန်းကြီးကို ကြိုးတုတ်ရိုက်တာ မမြင်ရပေမယ့် မင်းအမေလင်တွေက သာသာနာ့အလံ ကိုင်ထားတဲ့ သင်္ဃာတော်တွေကို တုတ်နဲ့တစ်ဖုန်းဖုန်း ရိုက် လည်ဂုတ်ကဆွဲပြီး လုပ်တာ မင်းမျက်စိကန်းနေလားကွ
နာဂစ်တုံးကလည်း အလှူရှင်တွေ လှူခွင့်မပေးဘူးဆိုပြီး ပေါက်ကရ ရေးတယ်။
ဆိုတော့ မင်းအမေလင်တွေက အလှူရှင်တွေကားကိုပိတ် အလှူရှင်တွေကို တရားခံတွေလို ဖမ်းဆီးနေတာတွေ အလောင်းတွေတောင်လိုပုံနေတာကိုလဲ မရှင်း ဒုတ်ခသည်တွေကို နည်းမျိုးစုံနဲ့နှိပ်စက်နေတာ မင်းမျက်စိကန်းနေလားဟေ့ကောင်
အဲဒါလဲ ခင်ဗျားတို့က အမှတ်သည်းခြေမှ မရှိတော့ ယုံခဲ့တာပဲ။ အဲဒါနဲ့များ ခင်ဗျားတို့က သတင်းကို အမှားအမှန်ခွဲနိုင်တယ်ဆိုပြီး ကြီးကြီးကျယ်ကျယ် ပြောနေသေးတယ်ဗျာ။
မင်းရော အမှန်အမှား ဘာမြင်လဲဟေ့ကောင် ဘာကို အမှတ်သည်းခြေမရှိတာလဲ နအဖလေသံအတိုင်းလာမထွက်နဲ့ စစ်ခွေးရဲ့
နောက်ဆိုရင်ဗျာ . .. မြန်မာလူမျိုးတွေ သိက္ခာကို ငဲ့ညှာတဲ့အနေနဲ့ နအဖအတင်းပြောရင်း စည်းရုံးတဲ့ နည်းလေးကို ဖျောက်ပြီး … ဒီမို၊ နအဖ မခွဲခြားပဲ စာရေးဆရာကျင့်ဝတ်နဲ့ အညီ ကြားနေ ရေးပေးပါလား။
ဘာနေရာ ကြားနေရမှာလဲ ဟေ့ကောင် မင်းလိုနအဖ အကြိုက်လိုက် ဟောင်ပေးနေတဲ့ ကောင်ကမျုားပြောရဲသေးတယ်
ကိုအောင် (ပျူနိုင်ငံ) ရှင့် ...
ကျမသည်လဲ ဘယ်ဘလော့မှာမှ ကွန်မန့်ရေးလေ့ရှိသူမဟုတ်သလို ကိုယ်တိုင် ဘလော့ရေးခြင်းကိုလဲ ရပ်ထားသူ ဖြစ်ပါတယ်။ ကျမ ရေးခဲ့တဲ့ ကွန်မန့်ဟာ စာရေးသူ ကလိုစေးထူးကို ရည်ရွယ်ပြီး ရေးသားခြင်းသာ ဖြစ်ပါတယ်။ အထက်ပါ ထောက်ခံသူများကို အပြစ်တင် ပြောဆိုလိုတဲ့ ဆန်ဒ မရှိရိုး အမှန်ပါ။
ဒါကြောင့်မို့လဲ ကလိုစေးထူး ရေးခဲ့တဲ့စာထဲမှာ ကျမ အစာမကြေတဲ့ အကြောင်းအရာများကို ထောက်ပြ ပြောဆိုခဲ့ခြင်း ဖြစ်ပါတယ်။ သူ့စာထဲက အရာအားလုံးကို မှားယွင်းသည်လို့ ကျမ မဆိုလိုခဲ့ပါ။ သို့သော်လည်း အယူအဆခြင်း မတူညီ ကွဲပြားသော အချက်အလက်များကို ကျမအမြင်အတိုင်း ရေးခဲ့ခြင်း သက်သက်သာဖြစ်ပါတယ်။ စာတပုဒ်ပေါ်မှာ အယူအဆခြင်း တူသူက ထောက်ခံနိုင်သလို မတူသူက ကန့်ကွက်နိုင်တယ် ဆိုတာ ကျမ နားလည်ထားပါတယ်။
'သာမန်အားဖြင့်' လို့ သုံးနှုန်းခဲ့ရခြင်းကတော့ ယေဘုယျသဘောကို ဆိုလိုခြင်းသာ ဖြစ်ပါတယ်။ ယေဘုယျ ဖတ်ပြီး ခြုံငုံပြောရင်တော့ သူရေးတာတွေကို ကျမ လက်ခံနိုင်ပါတယ်။ ဒါပေမဲ့ ... ကျမ လက်မခံနိုင်တဲ့ အကြောင်းတွေကို အထက်မှာ ဖော်ပြပြီးဖြစ်ပါပြီ။ ကျမဟာ ပြည်တွင်းမှာ နေထိုင်စဉ်ကတည်းက ဘလော့ရေးခဲ့သူ တယောက်မို့ ပြည်တွင်းဘလော့ဂါတွေရဲ့ အခက်အခဲကို နားလည် ကိုယ်ချင်းစာ တတ်ပါတယ်။ ဒါကြောင့်လဲ ကျမ အထက်ပါကွန်မန့်ကို ဘ၀နဲ့ရင်းပြီး ရခဲ့တဲ့ အသိနဲ့ ရေးသားခဲ့ခြင်း ဖြစ်ပါတယ်။
ကျမလည်းပဲ မြန်မာဘလော့များကို နှစ်သက်ပြီး မြန်မာဘလော့ဂါတွေကို ညီညွတ်စေလိုတဲ့ ဆန်ဒ ရှိပါတယ်။ ကျမအနေနဲ့ ပြည်တွင်း ပြည်ပ ဘလော့ဂါရယ်လို့ ခွဲခြားပြီး မဆက်ဆံခဲ့ မမြင်ခဲ့မိပါဘူး။ ကျမ အခု ပြည်ပမှာနေတော့ ပြည်ပ ဘလော့ဂါပေါ့။ ပြည်တွင်းမှာနေတုန်းက ပြည်တွင်းဘလော့ဂါ ဖြစ်နေတာပါပဲ။ လူတယောက်ရဲ့ အတွေးအခေါ်နဲ့ ရပ်တည်မှုဟာ အဲဒီလူရဲ့ နေထိုင်တဲ့ နေရာဒေသ နဲ့ မဆိုင်ပါဘူး။ ဒါပေမဲ့ ဒီအတွေးအခေါ် ဒီရပ်တည်မှုကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုတဲ့ အခါမှာတော့ ပြည်တွင်း ပြည်ပ နေရာဒေသနဲ့ သက်ဆိုင်သွားပါပြီ။ လွတ်လပ်စွာ ပြောဆိုနိုင်တဲ့ နေရာ ဟုတ်မဟုတ်ဆိုတာနဲ့ သိပ်ကို သက်ဆိုင် သွားပါပြီ။
(သာမန်အားဖြင့်) ဆိုတဲ့ စကားလုံး သုံးခဲ့မိခြင်းအတွက် ကိုအောင် မကျေနပ်ပါက ကျမ ထပ်မံ တောင်းပန်ပါရစေ ... ။
အမည်မဲ့ ... ကိုစေးထူးနှင့် အားလုံးသောစာဖတ်သူများရှင့် ...
ကျမက စာတပုဒ်ကို သေချာမဖတ်ဘဲနဲ့ ဘယ်သောအခါမှ ဝေဖန် ပြောဆိုရေးသားခြင်း မရှိခဲ့ပါဘူး။ သေချာဖတ်ခဲ့တဲ့အတွက် စာရေးသူ ကလိုစေးထူးရဲ့ အငုပ်စိတ်ကို မြင်ပြီး အထက်ပါ ကွန်မန့်ကို ရေးသားခဲ့ခြင်းဖြစ်ပါတယ်။
ဒီအိတ်ဖွင့်ပေးစာကို မရေးခင် ကိုစေးထူးက ကျမကို အရင်ပြောပြ တိုင်ပင်ခဲ့စဉ်က မရေးဖို့ ကျမ တားမြစ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုဖြစ်နေတဲ့ ပြတ်သနာကို အရင်းခံပြီး မီဒီယာနဲ့ ပြည်သူ တသီးတခြားစီ မဖြစ်စေလိုတာကြောင့် ဆိုတဲ့ ကိုစေးထူးရဲ့ ရည်ရွယ်ချက်ဟာ တကယ်တော့ မလိုအပ်လို့ပါပဲ။
မလိုအပ်ကြောင်းကို ရှင်းပြပါမယ် ... ။
မီဒီယာနဲ့ ဘလော့ဂါ ဆိုရာမှာ ဘလော့ဂါတွေဟာ တကယ်တော့ မီဒီယာရဲ့ ပရိသတ်တွေပါပဲ။ မြန်မာဘလော့ဖတ်သူဦးရေဟာ ထောင်ဂဏန်း မျှသာရှိပေမဲ့ မီဒီယာတွေက သတင်းတွေကို နားထောင် ဖတ်ရှုသူဦးရေဟာ သောင်းဂဏန်း သိန်းဂဏန်း ရှိနေပါတယ်။ မီဒီယာတခုက ထုတ်လွှင့်တဲ့သတင်းကို မှန်တယ် ... မှားတယ် ... လို့ ပရိသတ်က ဝေဖန်ပြောဆိုတဲ့နေရာမှာ အမျိုးမျိုးသော ပရိသတ်ရဲ့ အသံဟာ အဖုံဖုံ ကွဲပြားနိုင်ပါတယ်။ တချို့က အခွင့်ရတုန်း သမချင်တဲ့စိတ်နဲ့သော်လည်းကောင်း တချို့က ပုတ်ဂိုလ်ရေး ထိခိုက်ပြီးသော်လည်းကောင်း ဝေဖန်ကောင်း ဝေဖန်ကြပါလိမ့်မယ်။ တချို့ကလည်း နားလည်မှုရှိစွာ အကောင်းမြင်စိတ်နဲ့ ဝေဖန်ကောင်းဝေဖန်ကြပါလိမ့်မယ်။ ဘယ်လိုပဲ ဝေဖန် ဝေဖန် မီဒီယာက ခံနိုင်ရည် ရှိဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းကို ဦးတည်ပေးနေတဲ့ မီဒီယာတွေအနေနဲ့ ပရိသတ်အမျိုးမျိုးထံက လာတဲ့ feed back အမျိုးမျိုးကို ကြုံတွေ့နိုင် လို့ပါပဲ။ အဲဒီလို ကြုံတွေ့မှုတွေကို ဆင်ခြင် သုံးသပ်ပြီး ကောင်းသည်ထက် ကောင်းအာင် ပြင်ဆင်သွားနိုင်ဖို့က မီဒီယာရဲ့ အလုပ်ပါ။
ဒါ့အပြင် ပရိသတ်က ပြစ်တင် ဝေဖန်လိုက်တာနဲ့ ပြည်သူနဲ့ မီဒီယာ တသီးတခြားစီ ဖြစ်မသွား နိုင်ပါဘူး။ ဒီမီဒီယာတွေကို ပရိသတ်က မစွန့်ပယ်လိုက်ကြပါဘူး။ မီဒီယာတွေကလည်း ပရိသတ် ဒီလိုဝေဖန် ပြစ်တင်တာနဲ့ သူတို့ရဲ့ ဦးတည်ချက်ကို ပြောင်းလဲသွေဖယ် သွားမှာ မဟုတ်ပါဘူး။ ဒါကြောင့် အဲဒါကို ကိုစေးထူးအနေနဲ့ စိုးရိမ်စရာ မလိုအပ်ဘူးလို့ ကျမကတော့ မြင်မိပါတယ်။ ဒီပြတ်သနာဟာ သူ့ဟာသူ ပြီးစီးသွားမယ့် ပြတ်သနာမို့ မလိုအပ်ဘဲ မရေးဖို့ ကျမ တားမြစ်ခဲ့ရခြင်းပါပဲ။
ဒါပေမဲ့ ကိုစေးထူးက ဒီ အိတ်ဖွင့်ပေးစာကို ရေးခဲ့ပါတယ်။ ရေးခဲ့တဲ့ စာကို ယေဘုယျ ပြောရင်တော့ လက်ခံနိုင်စရာရှိပါတယ်။
အားလုံးက ကိုစေးထူးအရေးကို fair ဖြစ်တယ်လို့ ဆိုကြပေမဲ့ သေချာဖတ်လေ ... fair မဖြစ်တဲ့ အချက်တွေကို တွေ့ရလေမို့ အထက်ပါ ကွန်မန့်ကို ရေးခဲ့ခြင်းပါပဲ။
ကိုစေးထူးနဲ့ ကျမဟာ လွန်ခဲ့တဲ့ ၂ နှစ်ကျော် ဘလော့မရေးခင်ကတည်းက ခုချိန်ထိ ပုတ်ဂိုလ်ရေးအရ ခင်မင်ရင်းနှီးကြသူတွေ ဖြစ်ပါတယ်။ ကျမ စာရေးခဲ့စဉ် တလျှောက်လုံးရော .. ကျမ စာမရေးပဲ ရပ်လိုက်ချိန်ထိပါ ကျမကို အားပေးကူညီခဲ့သူ တယောက်ပါပဲ။ ဒါပေမဲ့ ကိုစေးထူး ဘာရေးရေး လက်ခံ သဘောကျ လက်ခုပ်တီးနေမယ့် သူမျိုးတော့ မဟုတ်ပါဘူး။ ပုတ်ဂိုလ်ခင်ပြီး တရားမင်တဲ့ ... လူကိုခင်ပြီး စာကိုမင်တဲ့ ... ပရိသတ်ထဲမှာ ကျမ မပါပါဘူး။ ဒါကြောင့်လဲ တခါတလေ အမည်မတပ်ဘဲ သူ့စာတွေကို ဝေဖန်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီစာမှာတော့ ကျမအမည်တပ်ပြီး ပြန်ရေးမှ သင့်မယ်ယူဆတာမို့ ကျမ အမည် (မေဓာဝီ) သုံးပြီး ရေးခဲ့ခြင်းဖြစ်ပါတယ်။ ဒီကွန်မန့်ဟာ မေဓာဝီ နာမည်နဲ့ ရေးတဲ့ နောက်ဆုံးကွန်မန့် ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
စာဖတ်သူများ ဒီစာပိုဒ်တွေကို ဖတ်ကြည့်ပါ ... ။
((ပြည်ပမှာနေထိုင်ကြသူတွေကတော့ စောစော ကလိုပဲ လွတ်လပ်စွာနဲ့ပဲ သတင်းမှန်ဖြစ်တယ်ဆိုပြီး အတည်ပြုပေးနိုင်ပါတယ်။ ဒါပေမယ့် ပြည်တွင်းကလူမှာတော့ `ဒီသတင်းဟာ မှန်ပါတယ်´ လို့ ပြောမယ်ဆိုရင်တောင် ဘာဖြစ်လာနိုင်မလဲဆိုတာကို တွေးရပြီ။ သိရသလောက်ကတော့ အာဏာပိုင်တွေကို အတိုက်အခံ ပြုနေတဲ့ ထင်ရှားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေက လွဲရင် ပြည်တွင်းက သာမန်ပြည်သူတွေအဖို့ သာမန်အားဖြင့် ကျနော်မောင်ဖြူ၊ ကျမ မနီကတော့ဖြင့် ပြည်ပသတင်းဌာနက ဘယ်နေ့ကထုတ်ပြန်သွားတဲ့ သတင်းဟာ `မှန်ပါတယ်´ လို့ ပေါ်ပေါ်ထင်ထင် ဘယ်သူကမှ အသိအမှတ်မပြုဝံ့၊ အတည်မပြုဝံ့ပါဘူး။ ))
((`ကျနော်/ ကျမသည် နိုင်ငံရေး မလုပ်ပါဘူး´ လို့ ပျာပျာသလဲ ငြင်းချက်ထုတ်နေကြတာကိုတွေ့ရင် စိတ်ထဲမှာ ၀မ်းနည်းပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အဲဒီလို ပြောကြတဲ့ လူတွေ အဓိက ပြောချင်တဲ့ အရာ၊ တနည်းအားဖြင့် သူတို့ စိတ်ထဲမှာ တကယ် ရှိနေတဲ့ အရာကို ကျနော် လှမ်းမြင်လို့ပါ။ တကယ်တမ်း သူတို့ ပြောချင်တာက `ကျနော်/ကျမ လက်ရှိအာဏာပိုင်တွေကို ဆန့်ကျင်သမှု မပြုပါဘူး´ လို့ ပြောချင်တာပါ။ ဒါ အသေအချာပါပဲ။ ဒီလိုပြောရတာတော့ စိတ်မကောင်းပါဘူး။ ဒါပေမယ့် အများစုသော `နိုင်ငံရေး မလုပ်ပါဘူး´ လို့ ပြောကြသူတွေရဲ့ အဓိက ဆိုလိုရင်းက ဒီဘူတာပါပဲ။ ))
ဒါတွေဟာ fair and square ဖြစ်တဲ့ အတွေးအရေးလို့ သတ်မှတ်နိုင်ပါသလား။ အဲဒီလို နိုင်ငံရေးမလုပ်ဘူးလို့ ငြင်းချက်ထုတ်သူတွေရဲ့ စိတ်ထဲကို ကိုစေးထူး တကယ်မမြင်လို့ သာ ဒီစာကိုရေးခဲ့တာ မဟုတ်ပါလား။
အားလုံးကို ခြုံငုံသုံးသပ် ဖတ်ရှုပြီး မီဒီယာတွေအပေါ် ပြည်သူတွေရဲ့ ရပ်တည်ချက်၊ နိုင်ငံရေး ဆိုတဲ့စကားအပေါ် ပြည်သူအများစု နားလည်တဲ့ အနက်အဓိတ်ပါယ်နဲ့ လက်တွေ့ရင်ဆိုင်နေရတဲ့ ပြည်တွင်းဘလော့ဂါတွေရဲ့ ခံစားချက်ကို ဒီထက်ပို နားလည်ပေးနိုင်ဖို့ ပထမ ကွန်မန့်ကို ရေးခဲ့ခြင်းပါပဲ။
ကျမ အတွေ့အကြုံတခုကို ပြောရရင် ကျမ ပြည်တွင်းမှာရှိနေစဉ်ကတည်းက မြန်မာစာပြဋ္ဌာန်းစာအုပ်က စပြီး ကလောင်နာမည်တူကိတ်စ အလယ် ... နောက်ဆုံး ပြည်တွင်းသတင်းစာ ဆောင်းပါးအထိ မှားယွင်းမှုများကို ဘလော့ပေါ်ကနေဝေဖန် ထောက်ပြခဲ့ပါတယ်။ အဲဒီရဲ့ အကျိုးဆက်တွေအနေနဲ့ ကျမကို ကွန်မန့်တွေထဲမှာ တိုက်ခိုက် ပုတ်ခတ် ဆဲရေးတာတွေ များစွာခံခဲ့ရပါတယ်။ ဒါတွေကို ကျမ ဘယ်လိုမှ မခံစားခဲ့မိပါဘူး။
ဒါပေမဲ့ ...
ကျမ ပြည်ပရောက်စကာလမှာ ကျမရဲ့ ဘလော့မှာ 'ကောင်းကင်ပေါ်က လူများသို့' ကဗျာနဲ့ 'ညောင်ပင်တစ္ဆေ' ဆောင်းပါး ရေးပြီး တင်ခဲ့ပါတယ်။ အဲဒီရဲ့ အကျိုးဆက်ကတော့ ကျမ လေးစားခဲ့ဖူးတဲ့ နိုင်ငံရေးသမားကြီးရဲ့ အီးမေးလ်နဲ့ချိန်းခြောက်ခြင်း၊ ပုတ်ဂိုလ်ရေး ထိခိုက်နစ်နာစေတဲ့ ကွန်မန့်များရေးသားခြင်းကို ခံခဲ့ရတာပါပဲ။ ပြည်တွင်းမှာရှိစဉ် အစိုးရဘက်တော်သားတွေ ဆဲကြတဲ့ကွန်မန့်တွေကိုတောင် မဖျက်ဘဲ နေခဲ့ပေမဲ့ ဒီ ၂ ပုဒ်ရေးပြီးနောက်ပိုင်း ကွန်မန့်တွေကို မော်ဒရိတ် (မလုပ်ချင်ဘဲ) လုပ်ခဲ့ရပါတယ်။ အဲဒီတုန်းက ကျမ တော်တော်လေး စိတ်မကောင်းဖြစ်မိပါတယ်။ မလေး (အိမ့်ချမ်းမြေ့) စကားနဲ့ ပြောရရင် ကျမ အသည်းကွဲခဲ့ရတယ် ဆိုပါတော့ ... ။ နောက်တော့လည်း ကျမဆိုလိုရင်းကို သူတို့ သဘောပေါက်လို့သာ ခုလို တုန့်ပြန်တာဆိုပြီး ကြံဖန် ဖြေသိမ့်ခဲ့ရပါတယ်။
ကျမကတော့ ကိုယ့်အမြင်ကိုယ်ရေးခြင်း ဖြစ်ပါတယ်။ ဘယ်ဘက်ကို လိုက်ရေးလိုက်မဟဲ့ ဆိုတဲ့ စိတ်မျိုးလဲ မရှိပါ။ ဘယ်ဘက်ဖြစ်နေ ဖြစ်နေ ... ကျမအနေနဲ့ မှားတယ်ထင်ရင် မသင့်ဘူးထင်ရင် ရေးမိမှာပါပဲ။
ခေါင်းဆောင်လုပ်မယ့်သူဆိုတာ ဝေဖန် ခံနိုင်ရပါမယ်။ မျက်လုံးပေါင်းများစွာက ကြည့်ပြီး ပါးစပ်ပေါင်းများစွာက ပြောတဲ့စကားလုံးတွေရဲ့ ဒဏ်ကို ခံနိုင်ရည်ရှိဖို့ အရေထူဖို့လဲ လိုပါတယ်။ ဒီလိုမှ မဟုတ်ဘဲ ... ကိုယ့်ဆန့်ကျင်သူကို ဝေဖန်တုန်းကတော့ သဘောကျ လက်ခုပ်တီးပြီး ကိုယ့်ကို လာဝေဖန်တော့ ထဆဲတတ်တဲ့ လူမျိုးကိုတော့ ကျမအနေနဲ့ ဘယ်နည်းနဲ့မှ မလေးစားနိုင်ပါဘူး။
အဲဒီ (ရှင်ကြီးလို) လူစားမျိုးတွေရဲ့လက်ထဲ ကျမတို့ တိုင်းပြည်ရောက်ခဲ့ရင် ... လို့တွေးပြီး ကျမ အလွန် ၀မ်းနည်းခဲ့ရဖူးပါတယ်။
ကိုစေးထူးက စည်းဆွဲသူမဟုတ် ... ကျမ စည်းဆွဲတာလို့ အမည်မဲ့က ဆိုပါတယ်။ ဟုတ်ကဲ့ ... ကျမ စည်းဆွဲခဲ့တယ်ဆိုရင်လဲ ကျမဆွဲတဲ့စည်းက နိုင်ငံရေးလုပ်စားနေသူ နိုင်ငံရေးသမားကြီးတွေနဲ့ ပြည်သူလူထုကြားမှာ သားချင်တဲ့ စည်းတခုသာလျှင် ဖြစ်ပါကြောင်း ပြောပါရစေရှင် ... ။
မေဓာဝီ
မမေဓာဝီ...။
ကျနော် ပြန်ရေးတဲ့ ကွန်မန့်ထဲမှာ မမေသည် စာကို သေချာမဖတ်ဘူးလို့ မစွပ်စွဲခဲ့မိပါဘူး။ ပြီးတော့ ဒီစာကို မရေးဖို့ တားမြစ်ခဲ့တယ် ဆိုတာဟာ မမေနဲ့ ကျနော်နဲ့ နှစ်ယောက်တိုင်ပင်ခဲ့တာ ဖြစ်လို့ ဒါကို အချက်တခု အနေနဲ့ ဒီနေရာမှာ ထည့်ပြောစရာ လိုတယ်လို့ ကျနော် မထင်ဘူး။ ဘာကြောင့် လာထုတ်ပြောနေလဲ ဆိုတာကိုလဲ စဉ်းစားလို့ မရဘူး။ `အေးဆေး တားနေတာ တားမရလို့ ဒီလိုပြောတာ´ လို့ ပေါ်လွင်စေချင်တာဆိုရင်လဲ သဘောရှိပါပဲ။
မမေက ဒီပို့စ်ကို မလိုအပ်ဘူးထင်တယ်။ ကျနော်က လိုအပ်တယ်ထင်လို့ ရေးတယ်။ ရေးမိလိုက်လို့ ကျနော် နောင်တ မရဘူး။ ဒါကတော့ ကျနော့်ဘက်က ခံယူချက်အပိုင်းပါပဲ။
မမေနဲ့ ကျနော် ပုဂ္ဂိုလ်ရေးအရ ဘယ်လောက်အထိ ခင်မင်ခဲ့တာတွေ၊ မမေဟာ ပုဂ္ဂိုလ်ခင်ပေမယ့် တရားမမင်ဘူး ဆိုတာတွေဟာ ဒီပို့စ်မှာရေးဖို့အတွက် လိုအပ်တဲ့ မှတ်ချက်မဟုတ်ပါဘူး မမေ။ မမေ အခု ဒုတိယအကြိမ် ထပ်ထောက်ပြတဲ့ စာပိုဒ်တွေက ကျနော့်ရဲ့ ဟာကွက်တွေကို ကျနော် ပထမကွန်မန့်နဲ့ ကျေလည်အောင် ရှင်းပြခဲ့ပြီးပါပြီ။ ဒုတိယ စာပိုဒ်က အမှားဆိုရင် `၀န်ခံတောင်းပန်ပါတယ်´ လို့ပါ ရေးပြီး ကိုယ့်အမှားကို ကိုယ် တာဝန်ယူခဲ့ပြီးပြီ။ အခု ဒါကိုပဲ ထပ်ပြီး ပြန်ပြောလာတယ်ဆိုတော့ ကျနော် ဒီတခါတော့ မမေကို သိပ်နားမလည်ဘူး။
တခု ကျနော် ပြောပြချင်တာက ဘလော့ဂ်ရေးပြီးတော့ အဝေဖန်မခံနိုင်တဲ့ အထဲမှာ ကျနော် မပါဘူး မမေ...။ ဘာမှမဆီမဆိုင် လာဆဲလဲ ငြိမ်ခံခဲ့တာပဲ။ အခု မမေ ကျနော့်ကို လာဝေဖန်တာကိုလဲ လုံးဝကြိုဆိုတယ်။ ဒါပေမယ့် မနိုင်မချင်း ငြင်းမယ်ဆိုတဲ့ စိတ်တော့ မရှိဘူး။ ဒါ အဖြေကောင်း မဟုတ်ဘူး။ ပြီးတော့ ကျနော် ဒီပို့စ်ကို ရေးခဲ့တဲ့ ရည်ရွယ်ချက်ကို အောက်က ကွန်မန့်တွေကြောင့် ဘေးချော်ထွက်သွားမှာကို ကျနော် မလိုလားဘူး။ ၀မ်းနည်းစရာကောင်းတာကတော့ အခု ချော်စပြုနေပြီ။
အဲဒီ ဘေးချော်နေတဲ့ အချက်တွေကို နင်းပြီး နောက်ထပ် Anonymous ဘယ်လောက်က ပို့စ်နဲ့ မဆိုင်တဲ့ တခြားဟာတွေကို လာရေးကြဦးမလဲဆိုတာ ကျနော် မသိနိုင်တော့ဘူး။
တခါတလေကြ တော.ငြင်းခုံရင်း နဲ.ဘဲ လုပ်သင်.တာ တွေ.ကြရတာဘဲ....အပြူသဘောနဲ.ငြင်းကြတာကေါင်းပါတယ်...Because of no one is perfect...
တခုရှိတာက...လူတော်တော်များများခင်ဗျားတို. ကျွန်တော်တို. အပါအ၀င် ကိုယ်.ကိုကိုယ် သိပ်ချစ်နေကြပြီး အကြောက်တရားအောက်မှာ ရေလိုက်ငါးလိုက် သွားလာနေထိုင်ကြလို....နအဖ ဒီလောက်ထိသက်ဆိုးရှေနေတာပေါ.ဗျာ.......
ဒေါ်စု...မင်းကိုနိုင်...ကိုကိုကြီးတို....စုစုနွေး....ကိုထင်ကျော်.....စတဲ.ရှေ.တန်းကနေ အကြောက်တရား ကင်းကင်းနဲ. ပေးဆပ်နေကြသူတွေ
ကိုလေးစားကြမယ်...တကယ် နအဖ လက်အောက်က လွတ်မြောက်ချင်တယ်ဆိုရင်......လူအများစုက သူတို.လိုပေးဆပ်ရဲမှရမယ်ဆိုတာ.....အားလုံးအသိပါ.....
ကျွန်တော်တို. အားလုံး ဘယ်လောက်ထိ ရေစုံမျှောကြအုံးမလဲ....အကြောက်တရားအောက်မှာသေတဲ.ထိ နေသွားကြမလား....ဆိုတာ ကိုယ်.ကိုကိုယ်မေးကြပါ။။။
မမေဓာဝီ မပြောလို့ကို မဖြစ်တော့တဲ့ အခြေ အနေကြောင့် ပြောရတော့မယ်၊ အခု ဘလောဂ် လောက ဘယ်လောက်အထိ ပွက်ညံ နေလဲ အမ မသိ တားလား မသိဟန်ဆောင်နေတာလား၊ ကိုစေးထူး ရေတဲ့ ဒီပေးစားဟာ ဒီအချိန်မှာ ရေးသင့်နေပြီ တနည်းအား ဖြင့်ရေးရန် အခါကောင်းပါ၊ ပြည်တွင်း ဘလောဂ်ဂါတွေကော ပြည်ပဘလောဂ်ဂါတွေကြား ရင်ကြားစေ့တဲ့ သဘောမျိုးပါ၊ သူရေးတဲ့ စာထဲမှာ လက်ရှိ ဖြစ်ပျက်နေတာတွေကို အပြု သဘောဆောင်ပြီးရေးထားတာပါ၊ မမေဓာဝီကို အတင်းမထောက်ခံ ခိုင်းပါဘူး၊ ကျတော် မေးမယ် ပြည်တွင်းမှာ ဘလောဂ်ရေးတဲ့ သူမပြောနဲ့ဝါရင့် တချို့သော နိုင်ငံရေးသမား ဟောင်းတွေတောင် ဒီသတင်းကတော့ ဖြင့် မှားပါတယ် မှန်ပါတယ်ဆိုတာကို တိတိကျကျ ပြောရဲလို့လား၊ အမနားလည်တဲ့ နိုင်ငံရေး ဆိုတာဘာလဲ၊ လယ်သမားနဲ့ နိုင်ငံရေးသမား အတွေးချင်းမတူဘူးဆိုတာ အမ ရှင်းပြနေစရာမလိုပါဘူး၊ လယ်သမားကကော နိုင်ငံရေးကို နားလည် စိတ်ဝင်စားလာရင် မကောင်းဘူး လား၊ (ဒါကြောင့် ကျနော် ကျမတို့ နိုင်ငံရေး မလုပ်ဘူး လို့ဆိုခြင်းဟာ ကျနော် ကျမတို့ လက်ရှိအာဏာပိုင်တွေကို ဆန့်ကျင်သမှု မပြုပါဘူးလို့ ဆိုလိုခြင်း လုံးဝ (လုံးဝ) မဟုတ်ပါ။) အမရေးတဲ့စာသားကို ကျတော်မေးမယ် လက်ရှိနိုင်ငံရေးကို ထိန်းချုပ်ထားတဲ့ အာဏာပိုင် တွေကို ဆန့်ကျင်တာဟာ နိုင်ငံရေးလုပ်တာလေဗျာ၊ သူတို့ကိုဆန့်ကျင်မှ ကျတော်တို့မျှော်မှန်းထားတဲ့ တိုင်းပြည် ဖွံ့ဖြိုးမူ ရမှလေဗျာ၊ နိုင်ငံရေးဆိုတာ လူတိုင်းနဲ့ဆိုင်တယ် မမေဓါဝီ၊ အမရေးထားတဲ့ အချိုသော အချက်တွေဟာ ပုဂ္ဂိုလ်ရေး အတွင်းရေးတွေ ပါနေတယ် ဒါအမဘက်က လုံးဝမပြုမူသင့်တဲလုပ်ရပ်ပဲ၊ စာရေးစရာနဲ့ စာဖတ်သူဆိုတာ ဒွန့်တွဲနေတာပါ၊ သူ့အရေးသား မှန်၏ မှား၏ ဟာ စာဖတ်သူပရိတ်သတ်ရဲ့ အားပေးမှုနဲ့သာ ဆိုင်ပါတယ်၊ လူတိုင်း ဖတ်တဲ့ နေရာမှာ ကိုယ့်အမြင်ကိုရေးရင် သူများလက်ခံနိုင်အောင် အရင် ဆန်းစစ်ပြီးတော့မှရေးပါ၊
ပြည်တွင်းက အချို့သော ဘလောဂ်များကလဲ စီဘောက်နဲ့ comment မှာ သတင်းမှားတယ် မှန်တယ်ဆိုတာကို မရေးရဲသ လောက်ဘဲ ဘာကြောင့် အကြောက်တရာတွေ ဒီလောက်စိုးမိုးနေကြတာလဲ၊ မကျေနပ်ရင် အလွယ်တကူးဖျက်လို့ရတာဘဲ၊ (ဒီနေရာ မှာ တစ်ကယ် ပြည်တွင်းက ရေးသားနေသူတွေကို မဆိုလိုပါ) နိုင်ငံရေးဆိုရင် ဝေးဝေးရှောင်လို့ပြောနေတဲ့ သူတွေကိုတော့ အော့နှလုံးနာမိပါတယ်၊
နောက်ဆုံးပြောမယ် အဓိက ပြောချင်တာက ပြည်တွင်းနဲ့ ပြည်ပက ဘလောဂ်ဂါတွေရဲ့ စည်းလုံးမှုပါ၊ မီဒီယာတွေနဲ့ ဘလောဂ်ဂါတွေကို ရောမချပါနဲ့၊ နိုင်ငံရေး ကို နားမလည် မလုပ်ချင်ရင်တောင်မှာ လုပ်နေတဲ့သူတွေရဲ့ ရင်ဝကို စီးမကန်ပါနဲ့ မလိုက်နိုင်ရင် မပါနိုင်ရင်နေခဲ့ပါ၊ ပူးမသတ်ပါနဲ့၊ အာဏာရှင် အစိုးရ အားရအောင် တစ်ယောက်နဲ့ ရန်မဖြစ်ကြပါနဲ့၊
ကိုယ့်ဘလော့ မို့ ကိုယ်ရေးချင်တာကို ရေးမယ်ဆိုရင် (အချို့ဘလောဂ်ဂါများအားကို ဆိုလိုသည်) ကိုယ်ပိုင် ဒိုင်ယာရီ စာအုပ် ထဲမှာ ရေးပေါ့ သူများကိုမပြနဲ့လေ၊ လင့်တွေ ပေးလိုက် လာလည်ပါဦးပြောလိုက်နဲ့ တစ်ကယ်လဲ ဝင်ရောက်ဆွေးနွေးရေးသာရော ကိုယ်ရေးချင်တာရေးမယ်လို့ ပြောတဲ့သူကပြော၊ ဆဲလွှတ်တဲ့လူက ဆဲလွှတ်၊ နိုင်ငံရေးနဲ့ မပါတ်သက်ပါဘူးလို့ပြောသူကပြော၊ နောက်မလာနဲ့လို့ ပြောပြီး စာဖတ်သူတွေကို စော်ကားနေတာတော့ အချို့သောဘလောဂ်ဂါများ ပြင်သင့်ပြီ၊
ကိုစေးထူးက မမေဓါဝီကိုတိုင်ပင်ခဲ့တာမှန်ရင် အမဘက်က conflict ဖြစ်မဲ့ အရေးအသားတွေ ကိုရှောင်သင့်တယ် လို့သာ ပြောပါရစေတော့ ။
good post!... I totally agree with your post and your opinion.
I disgree with maydarwi comment...when she was in Myanmar she was government servent , so she thought like that....
အစကတော့ ဘာမှ ပြန်မရေးဘဲ နေမလို့ပါဘဲ ...
ဒါပေမဲ့ မနေနိုင်လို့ ပြန်ရေးလိုက်မိပြန်ပါပြီ။
ကျမ ကိုစေးထူးကို တားခဲ့တယ်ဆိုတာက ကိုယ့်မိတ်ဆွေတယောက်ကို ပွက်ညံနေတဲ့ ဒီဇာတ်ရှုပ်ထဲမှာ ၀င်မပါစေချင်လို့ တားခဲ့တာပါ။ ဒီပို့စ်ရေးလိုက်လို့ ဘာထူးခြားမှု ရှိသွားမလဲ ဘယ်လို ပြေငြိမ်းမှု ရရှိသွားမလဲ ... ကျမကလည်း မေးချင်ပါတယ်။ ကိုစေးထူးအနေနဲ့ အပြုသဘောဆောင်ပြီး ရေးတယ်ဆိုတာကို နားလည်ပေမဲ့ ပြည်တွင်း ပြည်ပ ဘလော့ဂါတွေ ရင်ကြားစေ့စေတဲ့ စာမှာ လိုအပ်ချက်ဖြစ်နေတာကိုကျမက ထောက်ပြခဲ့တာပါ။
အမည်မဲ့ပြောတဲ့ လက်ရှိအာဏာပိုင်တွေကို ဆန့်ကျင်တာဟာ နိုင်ငံရေးလုပ်ခြင်းလို့ ဆိုလိုခြင်းကို ကျမ လက်မခံနိုင်ပါဘူး။ နိုင်ငံရေးဆိုတာ လူတိုင်းနဲ့ဆိုင်တယ် ... ဆိုတာဟာ ရှင်တို့ပညာရှင်တွေ ဆိုလိုတဲ့ နိုင်ငံရေးဆိုတာ လူတိုင်းနဲ့ ဆိုင်ပါတယ်။ ဒါပေမဲ့ ကျမပြောတဲ့ အများပြောနေတဲ့ နိုင်ငံရေးဆိုတဲ့ အဓိတ်ပါယ်က ဘာဆိုတာကို သိသိကြီးနဲ့ ဘာလို့ အတင်း ဒီအခြေအနေထဲ ဆွဲသွင်းနေရတာပါလဲ။ ဒါကြောင့် ရှင်တို့ပြောတဲ့ နိုင်ငံရေးနဲ့ ကျမတို့ ဆိုလိုတဲ့ နိုင်ငံရေးဟာ မတူဘူးဆိုပြီး ပထမ ကွန်မန့်မှာ ကျမ ရေးခဲ့တာပါ။
အမည်မဲ့ပြောသလို ... ကျမရေးခဲ့တဲ့ အချက်အလက်တွေထဲမှာ ပုတ်ဂိုလ်ရေး ထိခိုက်နစ်နာစေတဲ့ အချက် ဘာများ ပါဝင်ခဲ့ပါသလဲ။
ကျမရဲ့ ဒုတိယကွန်မန့်မှာ ကိုစေးထူးနဲ့ ပုတ်ဂိုလ်ရေးအရ ခင်မင်တယ် ဒါပေမဲ့ ကျမ လက်မခံနိုင်တာတွေ့လို့ ထောက်ပြတယ်ဆိုတဲ့ သဘောနဲ့ ဒါကို ထည့်ရေးခဲ့မိတာပါ။ ဒီစာသားကို ရေးခဲ့တဲ့အတွက် မလိုအပ်ဘဲရေးတဲ့မှတ်ချက်လို့ ကိုစေးထူးက ယူဆခဲ့ရင်တော့ စိတ်မကောင်းပါဘူး။ ကျမအနေနဲ့လဲ လိုအပ်တယ်ထင်လို့ ထည့်ရေးခဲ့တာပါပဲ။
ဒီလိုရေးလိုက်ခြင်းဖြင့် ပုတ်ဂိုလ်ရေးထိခိုက်နစ်နာလိမ့်မယ်လို့ ကျမ တော့ မထင်ခဲ့မိပါဘူး။ တကယ်လို့ ထိခိုက်နစ်နာသွားခဲ့ရင် အနူးအညွတ်တောင်းပန်ပါတယ်ရှင်။
ကျမ လက်မခံနိုင်တဲ့စာသားက ဘာတွေလဲဆိုတာလဲ ကျမ ရေးပြီးပါပြီ။ အဲဒါနဲ့ပတ်သတ်လို့ ကိုစေးထူး ၀န်ခံတောင်းပန်တာကိုလဲ တွေ့ပါတယ်။ ကျမ ထပ်ပြောရခြင်းက ကိုစေးထူးကို ထပ်ပြောတာ မဟုတ်ပါဘူး အမည်မဲ့တယောက်ရဲ့ Please read carefully his post.You 'll see it his mind.
အဆိုပါ စကားကြောင့် ထပ်ပြောရခြင်း ဖြစ်ပါတယ်။
အမည်မဲ့ပြောသလို ... စာရေးဆရာတယောက်ရဲ့ အရေးအသား မှန်၏ မှား၏ဟာ အားပေးတဲ့ ပရိသတ်နဲ့ ဆိုင်တယ်ဆိုတာ ဟုတ်ပါတယ်။ ကျမသည်လဲ သူ့ပရိသတ် တယောက်ပါပဲ။ သူ့ပရိသတ် တယောက်အနေနဲ့ မှန်တယ် မှားတယ် လက်ခံနိုင်တယ် မခံနိုင်ဘူး ပြောခွင့် မရှိဘူးလားရှင်။ လူတိုင်းဖတ်တဲ့နေရာမှာ ကိုယ့်အမြင်ကို ကိုယ့်နာမည်တပ်ပြီး ရေးတယ်ဆိုကတည်းက လက်လွတ်စပယ် ရေးခဲ့တာ မဟုတ်ပါဘူး။
တယောက်နဲ့ တယောက် အမြင်မတူတဲ့အတွက် လက်ခံနိုင်တဲ့သူ ရှိသလို လက်မခံနိုင်တဲ့သူလဲ ရှိမှာပါပဲ။
ဒီကွန်မန့်ကို ရေးခြင်းဟာ နိုင်ငံရေးလုပ်နေသူတွေကို စော်ကားချင်လို့ ရေးခဲ့တာလဲ မဟုတ်ပါဘူး။ ရင်ဝစီးကန်တဲ့သဘောမျိုးလဲ မဟုတ်ပါဘူး။ တကယ် အနစ်နာခံပြီး နိုင်ငံရေးလုပ်နေသူတွေကို ကျမ လေးစားပါတယ်။
စောသံလွင်ကိုတော့ ကျမ ဘာမှ မပြောလိုပါဘူး။ ကျမ ဘာလုပ်ခဲ့တယ်ဆိုတာ အထူးတလည် ရှင်းပြစရာ မလိုဘူးလို့ ထင်လို့ပါ။
ဒါပါပဲ ... နောက်ထပ် ထပ်မံပြီး ဘာဖြေရှင်းချက်မှ ပေးတော့မည် မဟုတ်ပါ။
မေဓာဝီ
(အမည်မဲ့ပြောတဲ့ လက်ရှိအာဏာပိုင်တွေကိုဆန့်ကျင်တာဟာ နိုင်ငံရေးလုပ်ခြင်းလို့ ဆိုလိုခြင်းကို ကျမ လက်မခံနိုင်ပါဘူး။)
အမမေဓါဝီ အပေါ်က စာကြောင်းအရ အမဘက်က ၁၀၀ ရာခိုင်နှုန်း လက်မခံနိုင်ဘူးဆိုတာ သိရပါတယ်၊ ဒါကြောင့် ပြန်ရှင်း ပြပါရစေ၊ ကျတော်တို့ ဟာဘာကောင်ကြီးမှ မဟုတ်တဲ့ အတွက် ကျတော်တို့ လုပ်နိုင်သလောက် လုပ်တာကို နိုင်ငံရေး လုပ်တယ်လို့ ဆိုလိုပါတယ်၊
(ဒါပေမဲ့ ကျမပြောတဲ့ အများပြောနေတဲ့ နိုင်ငံရေးဆိုတဲ့ အဓိတ်ပါယ်က ဘာဆိုတာကို သိသိကြီးနဲ့ ဘာလို့ အတင်း ဒီအခြေအနေထဲ ဆွဲသွင်းနေရတာပါလဲ)
ဘယ်သူကမှ အတင်းဆွဲမသွင်းပါဘူး မမေဓါဝီ၊ အခု အမ ပြည်ပမှာရောက်နေပြီဘဲ အမအတွက် ဘာမှ အဆိုးရိမ် ရတော့ ဘူးလို့ထင်ပါတယ်၊ ပြည်တွင်းက ပြည်သူတွေရဲ ပိတ်သိပ်ကျပ်ညပ် မှုတွေကိုနားလည်ပါတယ်၊ စားဝတ်နေရေး လုံးပန်းရင်း တိုင်းပြည်ဘာဖြစ်မှန်းပသိတဲ့ သူတွေအစား (ကြီးတော် နွားကျောင်းပေးခြင်းပါ) လို့ပြောပါရစေ။
(ကျမ လက်မခံနိုင်တဲ့စာသားက ဘာတွေလဲဆိုတာလဲ ကျမ ရေးပြီးပါပြီ။)
အမလက်မခံနိုင်တဲ့ စာတွေဟာလည်း အမကို ရေးထားတာ မဟုတ်ပါ၊ ဒီအတွက် အမကို ဘာမှ မပြောလိုပါဘူး၊
(တယောက်နဲ့ တယောက် အမြင်မတူတဲ့အတွက် လက်ခံနိုင်တဲ့သူ ရှိသလို လက်မခံနိုင်တဲ့သူလဲ ရှိမှာပါပဲ။)
တခြား ဘလောဂ်ဂါတွေနဲ့ ဘာမှ မဖြစ်ခင် မမေဓါဝီနဲ့မှ သဘောထားကွဲလွဲရတာ စိတ်မကောင်းပါဘူး၊ ကျတော်လဲ မမေဓါဝီရဲ့ **အခုထိ အဟောင်းလေး တွေကို ပြန်ဖတ်နေတဲ့ ပရိတ်သတ်တယောက်ပါ၊ လက်မခံ ဘူးဆိုတာကြီးကို ဘဲ တွင်တွင် သုံးနေတဲ့ အမဆီကို ကျတော်တို့ရဲ့ စကားတွ မထိရောက်တော့ပါဘူး၊ လွတ်လပ်စွာ သဘောထားကွဲလွဲ နိုင်ပါတယ် လို့သာ နောက်ဆုံးပြောပါရစေ….
ကျမ ကိုစေးထူးကို တားခဲ့တယ်ဆိုတာက ကိုယ့်မိတ်ဆွေတယောက်ကို ပွက်ညံနေတဲ့ ဒီဇာတ်ရှုပ်ထဲမှာ ၀င်မပါစေချင်လို့ တားခဲ့တာပါ။???? OMG မမေဓာဝီပွက်ညံနေတဲ့ ဒီဇာတ်ရှုပ်ဆိုတာ မမေဓာဝီကြောင့်လို့သာမြင်မိကြောင်းပါ
ဒီနေ့မှ ကလိုစေးထူး.ရဲ့..အိပ်ဖွင့်ပေးစါ..ရယ်.comments တွေ.အားလုံးခြုံပြီး..ဖတ်မိပါ တယ်။
(Anonymous said... )..ရဲ့
အရေးအခင်းတုံးက ဘုန်းကြီးအလောင်း သတင်းအတုနဲ့ dvb အရူးလုပ်ခဲ့တာပဲ။
မင်းမှာ ဘာသက်သေရှိလို့ အရူးလုပ်တယ်ပြောနိုင်တာလဲ ..
..
အစချီပြီး..In search of truth ကိုပြန်ဆော်ထါးတာလေးလဲ..ကောင်းပါတယ်။
ဒီမိုတွေမုံန်းတဲ့ အမှန်ဘက်က
တောသားစစ်စစ်...ဆိုတော့်..ဘယ်တောထဲကများ..ပါလိမ့်။
အားလုံးခြုံပြီး..ပြောရရင်တော့်..သုံးလိုက်ကြတဲ့.."နိုင်ငံရေး"..ဆိုတဲ့စကါးလုံး..နောက်ပြိး.."နိုင်ငံရေးမလုပ်ပါဘူးလို့ "..
မြွက်ဟ..တာတွေကို..comments လုပ်ကြတါတွေ..
ခွဲခြားပြိး..ဝေဖန်ကြပါဗျာူ..."နိုင်ငံရေး..လား..နိုင်ငံ့..အရေးလား.." ဆိုတာကို..
Media Blogger သမားတိုင်း..နိုင်ငံရေး သမားတွေမဟုတ်ကြပါဘူး.
ကျွန်တော်လဲနိုင်ငံရေးသမား.မဟုတ်ပါဘူး..ဒါပေမဲ့..နိုင်ငံ့..အရေးဆိုရင်.ကြိုက်.တဲ့..နေရာခိုင်း..
ဘာအခွင့်အရးမှမယူဘဲ..အလကားလုပ်ပေးမယ်..ကျွန်တော့်.လိုလူမျိုး..တိုင်းပြည်မှာအများကြီးပါဗျာ..ဒီတော့်ဝေဖန်တာတွေ..နိုင်ငံရေး..စာသားတွေ..ဘေးခဏဖယ်ထားပြီး.နိုင်ငံ့..အရေး..ကိုပူးပေါင်း..လုပ်ကြရအောင်ဗျာ..
ကျွန်တော့်..စါသားအမှားပါရင်လဲခွင့်လွှတ်..ကြပါဗျာ။
ဒီပို့စ်မှာ “နိုင်ငံရေး” ဆိုတာနဲ့ ပတ်သက်လို့ ကိုစေးထူးနဲ့ ကျနော် အမြင်ချင်းတူပါတယ်။
မြန်မာပြည်မှာ နိုင်ငံရေးလုပ်နေကြတာမှာ ဘက်နှစ်ဖက်ဘဲရှိတယ်။ အတိုက်အခံ နဲ့ နအဖ နှစ်ဖက်ဘဲ ရှိပါတယ်။ တနည်းပြောရရင် အဖိနှိပ်ခံရသူနဲ့ ဖိနှိပ်သူပေါ့။
အတိုက်အခံတွေဟာ ဖိနှိပ်ခံပြည်သူဘက်က ရပ်တည်ပြီး လုပ်တယ်။ နအဖ ကတော့ ဖိနှိပ်တဲ့ဘက်ကပေါ့။
ပြည်သူတွေထဲမှာလည်း အတိုက်အခံထောက်ခံသူနဲ့ နအဖ ထောက်ခံသူ နှစ်မျိုးကွဲနိုင်ပါတယ်။ ကြားနေတယ် ဆိုတာမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ မြန်မာပြည်သူရယ်လို့ လူဖြစ်လာရင် အလိုလို နအဖရဲ့ အဖိနှိပ်ခံထဲမှာ ပါသွားပြီးသားကိုး။ ကိုယ့်ဘာသာ ဖိနှိပ်ခံနေရတယ်လို့ မသိတဲ့လူတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ “ဟီဟိ….ငါတော့ လွတ်တယ်။ သူများတွေ အ တဲ့လူတွေ ခံကြပေါ့”……လို့ သူတို့ တွေးကောင်းတွေးမယ်။ ဒါပေမယ့် တကယ်တမ်း အဲဒီလူတွေလည်း အဖိနှိပ်ခံဘ၀က တကယ်လွတ်မြောက်သလားဆိုတော့ မလွတ်မြောက်ပါဘူး။ သူတို့ဘာသာ မျက်စိပိတ်နေတဲ့အတွက် ခံလို့ ခံရမှန်း မသိတာဘဲ ရှိတယ်။ တကယ်ပြောရရင် စစ်ဗိုလ်စစ်သားတွေတောင် အဖိနှိပ်ခံထဲမှာ ပါနေသေးတာဘဲ။ ကိုစေးထူးရဲ့ ပို့စ်တွေထဲမှာ တွေ့နိုင်ပါတယ်။ မမေဓာဝီပြောသလို တခါတလေ ဖိနှိပ်ခံရတယ် ဆိုတာမျိုးမဟုတ်။ အမြဲတစေ ဖိနှိပ်ခံနေရသာဖြစ်ပါတယ်။
အဲ…. ဖိနှိပ်သူလူတန်းစားက မွေးလာတဲ့ လူတချို့ရယ်၊ နောက်ပြီး အဖိနှိပ်ခံလူတန်းစားထဲကမှ နအဖကို ကြောက်လို့ဖြစ်စေ၊ ကိုယ်ကျိုးအတွက်ဖြစ်စေ၊ မသိနားမလည်လို့ဖြစ်စေ နအဖကို ထောက်ခံသူတွေလည်း ရှိနိုင်ပါတယ်။
မြန်မာပြည်မှာ နိုင်ငံရေးလုပ်တာဟာ အာဏာရနဲ့ အတိုက်အခံ ဆိုပေမယ့် လွတ်လပ်တဲ့ နိုင်ငံတွေက အတိုက်အခံ၊ အာဏာရတွေနဲ့ မတူပါဘူး။ ဥပမာ….အမေရိကန်နိုင်ငံက ရီပတ်ဗလီကန် နဲ့ ဒီမိုကရက်လို ပြိုင်ဘက်ပါတီကြီးနှစ်ခုသဖွယ် မြင်လို့မရပါဘူး။ အဲသည်မှာက ဘယ်ပါတီ အာဏာရရ အတိုက်အခံပါတီကို မချေမှုန်းဘူး။ မနှိပ်ကွပ်ဘူး။ အဲသည်လို အနေအထားမှာ ပြည်သူတွေအနေနဲ့လည်း မိမိကြိုက်ရာပါတီကို ထောက်ခံ။ အဲဒီလိုအနေအထားမျိုးမှာတော့ နိုင်ငံရေးသမားဆိုတာ သူစိတ်သန်ရာကို သူ့ကိုယ်ကျိုး၊ သူ့ဘ၀ရည်မှန်းချက်အနေနဲ့ လုပ်တာမျိုးရှိနိုင်ပါတယ်။ အဲသည်လို အခြေအနေမှာ နိုင်ငံရေးကို စိတ်မ၀င်စားလို့ မိမိ စိတ်ဝင်စားရာလုပ်နေလည်း ဘာမှမဖြစ်ဘူး။
မြန်မာပြည်မှာတော့ အဲသည်လိုမဟုတ်ဘူး။ ကိုယ်ဟာ အဖိနှိပ်ခံပြည်သူတယောက်ဖြစ်တယ်ဆိုရင် မိမိလွတ်မြောက်ကြောင်းအတွက် တိုက်ပွဲဝင်ရမယ်။ မိမိကိုယ်တိုင် မတိုက်နိုင်ရင် မိမိကိုယ်စား တိုက်ပွဲဝင်ပေးနေတဲ့ အတိုက်အခံ နိုင်ငံရေးသမားတွေကို တရားနည်းလမ်းကျစွာ ထောက်ကို ထောက်ခံအားပေးရမယ်။ ဟိုခမြာတွေမှာ နိုင်ငံရေးသမားလုပ်လို့ ဘာအကျိုးအမြတ်ရသလဲ၊ ခင်ဗျားတို့ စဉ်းစားကြည့်ကြပါ။ ထောင်ကျမယ်။ အနှိပ်စက်ခံရမယ်။ ဒုက္ခဆင်းရဲကြုံမယ်။ ဒီကြားထဲ ကိုယ့်ထမင်းကိုယ်စားပြီး အခုလို အချောင်ဆဲတာ ခံရဦးမယ်။
နိုင်ငံရေးသမားလည်း လူဆိုတော့ ကောင်းတဲ့လူရှိမယ်။ မကောင်းတဲ့လူရှိမယ်။ နအဖကျတော့ မကောင်းတာလုပ်နေတောင် မပြောရဲမဆိုရဲ ကျိတ်ခံနေပြီး၊ အဖိနှိပ်ခံတွေဘက်က ရပ်တည်တိုက်ပွဲဝင်ပေးနေတဲ့ အတိုက်အခံနိုင်ငံရေးသမားတွေကိုကျမှ ဘာဖြစ်တယ်၊ ညာဖြစ်တယ်နဲ့ “လွတ်လပ်စွာ ဝေဖန်ခွင့်ရှိတယ်” ဆိုပြီး ဝေဖန်နေကြတာ တရားသလား၊ နည်းလမ်းကျသလား ကိုယ့်ဟာကိုယ် ဆန်းစစ်စေချင်တယ်။ အဖိနှိပ်ခံတွေဘက်က တိုက်ပွဲဝင်ပေးနေရတဲ့ နိုင်ငံရေးသမားတွေကို မူအားဖြင့် ထောက်ခံစေချင်တယ်။
မြန်မာပြည်လွတ်မြောက်သွားတဲ့တနေ့မှာ ခင်ဗျားတို့ နိုင်ငံရေးစိတ်မ၀င်စားဘဲ နေနိုင်တယ်။ ဒီနေ့ဒီအချိန်မှာ နိုင်ငံရေးနဲ့ မပတ်သက်ချင်ဘူးလို့ ပြောတာဟာ ဘယ်လိုအကြောင်းပြချက်တွေ ပေးနေနေ အဓိက အရင်းခံကတော့ …….မိမိရဲ့ တကိုယ်ကောင်းဆန်မှု……..ကို ရှေ့တန်းတင်နေတာဘဲ။ တချို့ကလည်း “ငါတို့ကတော့ ကြောက်တယ်၊ အေးအေးဘဲ နေပါရစေ” လို့ အောက်တန်းကျစွာ ရိုးသားပြနေတာလည်း ရှိတယ်။ အဲလိုလူမျိုးတွေက Responsibilty ဆိုတဲ့ စကားနဲ့ မထိုက်တန်ဘူးလို့ဘဲ မှတ်ချက်ချချင်ပါတယ်။
ဟုတ်ပါတယ်။ လူတိုင်းကတော့ ဘယ်သူမှ မစုစုနွေးတို့လို ရှေ့တန်းကနေ ရွတ်ရွတ်ချွံချွံ တိုက်ပွဲဝင်နေနိုင်မှာတော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် ……နိုင်ငံရေးသမား….ဘာဖြစ်တယ်၊ ညာဖြစ်တယ် ရှုတ်ချဘို့က ဒီလို မလွတ်လပ်တဲ့ အခြေအနေမှာ မဖြစ်သင့်ဘူးလို့ ထင်ပါတယ်။ မိမိမှာလည်း မိမိလွတ်မြောက်ကြောင်းအတွက် (နိုင်ငံရေး) ကို လုပ်ကိုလုပ်ရမယ့် တာဝန်ရှိတယ်။ မိမိမလုပ်နိုင်ရင် လုပ်နေတဲ့လူတွေကို ကူညီအားပေးရမယ့်တာဝန်ရှိတယ်။ အဲသည်လို ကူညီအားပေးမယ့်အစား “ကျနော် ကျမတို့က အလကားရတိုင်း အားအားယားယား အွန်လိုင်းပေါ်မှာ နိုင်ငံရေး လုပ်နေတာ မဟုတ်ဘူး”လို့ နိုင်ငံရေးလုပ်နေသူတွေကို နှိမ့်ချပြောကြားတာမျိုးကျတော့ နအဖ ဘက်ကို ပင်းပြီး ပြောရာကျပါတယ်လို့ ထင်မြင်မိပါတယ်။
ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရ ဘုန်းတော်ကြီး ဒက်စမွန်တူးတူးရဲ့ စကားလေးကို ကိုးကားလိုက်ပါတယ်။
“မတရားမှုတခုမှာ သင်ဟာ ကြားနေတယ်ဆိုရင် သင်ဟာ ဖိနှိပ်သူဘက်က ဘက်လိုက်ပေးဘို့ ရွေးချယ်လိုက်တာနဲ့ အတူတူဘဲ”
“If you are neutral in a situation of injustice,
you have chosen to side with the oppressor.”
This is Myanmar (Burmar) Nationality.
မမေဝါဝီသို့...
ပွက်ပွက်ရိုက်စေသူသည် မမေဝါဝီသာဖြစ်ပါသည်ဟု ဘေးထိုင်ပိရိတ်သတ် တယောက်အနေဖြင့်မြင်ပါကြောင်း ။
ရယူး........ပျော်စရာကြီးဟာ..........
ဝင်ပါလိုက်တာပေါ့ကွာ..............ကိုယ်ထင်ရင် ကုတင်ဟာခြေလေးချောင်းတွေပါပဲကွယ်...............
သူများတွေ ဝေဖန်နေလိုက်ကြတာ အားကျစရာကြီးတွေပါပဲ ကိုတောသားကလည်းတမှောင့်
မမေဓ၀ီကလည်း သူ့အမြင်တွေရေး ကိုအောင်ကလည်း
ကိုယ့်အမြင်တွေချပြနဲ့ ကျွန်တော်ကတော့ ဘယ်သူမပြု
မိမိမှုလို့ထင်ပါတယ် ကိုစေး..ခင်ဗျားစတာနော်..
ဘယ်သူတွေဘာပဲပြောပြော မြန်မာ့အလင်းနဲ့ ကြေးမုံကို
တော့ ယုံကြည်ရတဲ့ သတင်းစာလို့မထင်ဟင်င်င်င်င်င်င်င်
ပြောဖို့ကျန်နေသေးလို့ပြောရအုံးမယ်ကွယ်..ကိုစေးနဲ့..
တော့မဆိုင်ပါဘူး..တောသားစစ်စစ်ကိုပြောချင်တာပါ
ရန်ကုန်မှာ အမေရိကန်သံရုံးနှင့် ဗြိတိသျှသံရုံးအရှေ့မှာ
ဆန္ဒတွေပြတာတော့ မဖမ်းပဲ သံယာတွေဆန္ဒပြတော့
ပစ်ခတ်ဖမ်းဆီးတာကတော့ ဘာအတွက်ကြောင့်လည်း
ကိုတောသားစစ်စစ်ရေဖြေပေးပါအုံးကွယ်...........
ကိုစေးထူးရေ..
ခရီးလမ်းမှာရောက်နေလို့ နောက်ကျမှ ဒီ post ကို ဖတ်ရပါတယ်။ အင်မတန်ကိုမှ စိတ်ရှည်လက်ရှည်နဲ့ မျှမျှတတ ရေးထားတာပါပဲ။ ရေးသင့်တဲ့အချိန်မှာရေးလိုက်တာပါပဲ။ နောက်တခု "တကယ်တမ်း သူတို့ ပြောချင်တာက `ကျနော်/ကျမ လက်ရှိအာဏာပိုင်တွေကို ဆန့်ကျင်သမှု မပြုပါဘူး´ လို့ ပြောချင်တာပါ။ ဒါ အသေအချာပါပဲ။ ဒီလိုပြောရတာတော့ စိတ်မကောင်းပါဘူး။ ဒါပေမယ့် အများစုသော `နိုင်ငံရေး မလုပ်ပါဘူး´ လို့ ပြောကြသူတွေရဲ့ အဓိက ဆိုလိုရင်းက ဒီဘူတာပါပဲ။"
အဲဒါကိုလည်း ကျမ သဘောတူပါတယ်။ ဘာလို့ဆို ခုချိန်မှာ နိုင်ငံရေးအလုပ်ဆိုတာက မတရားအစိုးရရဲ့ မတရားတဲ့အမိန့်အာဏာကို တတ်နိုင်သလောက်ဖီဆန်ကြရတာမဟုတ်လား။ ဒါကြောင့် မဖီဆန်ရဲခြင်းဟာ နိုင်ငံရေး မလုပ်ရဲခြင်းပါပဲ..။ ဒီ post အတွက် ကျေးဇူးတင်ပါတယ်။
ကြိုက်တယ်..ဒီအိတ်ဖွင့်ပေးစာကို။ ဟဒ် ထိသွားတယ်လို့ပြောရင်ပိုမှန်မယ်။ ကွန်မင်းတွေကလည်း. နှလုံးသား ပြူတင်းတံခါးတွေလိုပါပဲ။ဂွတ်ရှယ်။
ခံစားနားလည်ရတဲ့စာသားလေး...က
နိုင်ငံရေး မလုပ်ပါ လို့ ပြောခြင်း ဟာ.. `ကျနော်/ကျမ လက်ရှိအာဏာပိုင်တွေကို ဆန့်ကျင်သမှု မပြုပါဘူး´ လို့ ပြောချင်တာပါလို့ ကိုကလိုစေထူးက နားလည်တယ်၊။
မမေဓါဝီက တော့-
ဒါကြောင့် ကျနော် ကျမတို့ နိုင်ငံရေး မလုပ်ဘူး လို့ဆိုခြင်းဟာ ကျနော် ကျမတို့ လက်ရှိအာဏာပိုင်တွေကို ဆန့်ကျင်သမှု မပြုပါဘူးလို့ ဆိုလိုခြင်း လုံးဝ (လုံးဝ) မဟုတ်ပါ။ တဲ့.။
ကိုယ်စီကိုယ်ငှ နိုင်ငံရေး ကို နားလည်တဲ့ပုံစံ ရေးပြသွားတာပဲ လို့ ယူဆမိတယ်။
တစ်ယောက်နှင့်တစ်ယောက် အမြင်ချင်း နားလည်မှုခြင်း ထပ်တူဖြစ်ချင်မှ ဖြစ်မယ်..။ မဖြစ်ချင်လည်းမဖြစ်ဘူး။ ကိုယ့်အမြင် ကို ကိုယ်ဖေါ်ပြခွင့်ရှိတာပဲလေ။ မတူညီတဲ့အမြင်တစ်ခုကို အကြောင်းပြုပြီး ညီညွှတ်မှု ပြိုကွဲသွားစေတာကတော့ စိတ်မကောင်းစရာပဲ။ အခြားတူညီတာတွေ..အမြင်လေးတွေ အများကြီးရှိနေကြတာပဲ။ ဒီနေရာမှာ ငါနဲ့အမြင်တူတယ်.နားလည်မှု တူတယ်.။ ဒီနေရာကျတော့ အမြင်မတူဘူး..နားလည်မှု ကွာဟနေတယ်..လို့သိရတယ်.ဆိုရင်ကိုပဲ ကျေနပ်တယ်။
စည်းလုံးမှုပြိုကွဲစပြုနေရင် စေ့စပ်သွားအောင်၊ စည်းလုံးပြီးသား ညီညွှတ်ပြီးသူတွေ ကို ပိုမိုစေးကပ်သွားစေဖို့
ရည်ရွယ်ပြီး ဒီစာကို ရေးခဲ့တာလို့ မြင်တယ်။
အမှန်တကယ် မတူညီတဲ့အခြေအနေတစ်ရပ်က ဘလောက်ဂါတွေကြား မှာ ရှိနေခဲ့တာ အများစုက အသိအမှတ်ပြု လက်ခံကြမယ်လို့ယူဆတယ်။
အဲဒီအခြေအနေက လိုကေးရှင်းကြောင့်ဖြစ်တည်လာတယ်လို့ပြောနိုင်မလား။
အသိမှတ်ပြုသည်ဖြစ်စေ..မပြုသည်ဖြစ်စေ.မမြင်ရတဲ့
.စည်းတစ်ခုရှိ
နေတယ်လို့ ဆိုသူကဆိုတယ်။ မရှိဘူးလို့ ပြောသူ
က ပြောတယ်။ ။
စည်းကရှိနေတယ်ဆိုရင် ခြားနားတယ်..ကွဲပြားသွား
တယ် ဆိုသူနဲ့ မခြားနားးဘူး မကွဲပြားဘူး လို့ ပြောသူ လည်း ရှိလာမှာပါဘဲ။
ကိုကလိုစေးထူးက ခြားနားတယ် ကွဲပြားတယ်ဘက်က ကိုယ်စားပြုတယ် ဆိုရင် မမေဓါဝီဘက်က မကွဲပြားဘူး .မခြားနားဘူး ဆိုသူများ ဖြစ်ပါလိမ့်မယ်။
ပြည်တွင်းနဲ့ ပြည်ပ
ဘလောက်ဂါတွေအကြားမှာ ရုပ်ပိုင်းဆိုင်ရာသဘော စည်းခြားသယောင်ရှိပေမဲ့.
.စိတ်ပိုင်းဆိုင်ရာသဘောအရစည်းမရှိ..တစ်စိတ်ထဲ တစ်ဝမ်းတည်းပါ ပဲလို့
မမေဓါဝီ ကွန်မင်း ကို ဖတ်ပီး ကိုယ်ဘာသာကိုယ် ဘာသာပြန်ခံစားပြီး နားလည် သဘောပေါက်နေမိပါကြောင်း.....
ဆလုံ
ကျနော် ဒီမှာ ပိုစ်ရေးဖို့မရည်ရွယ် ပါဘူး ဒါပေမယ့်မနေနိုင်တော့လို့နဲနဲလောက်တော့ ၀င်ရေးပရစေ။
ကျနော်ဘလော့စ် တွေကိုဝင်ကြည့်ကြည့်ရင်တွေ့နေရာတာ က တော့ နိုင်ငံရေးကိုစိတ်ဝင်စားတဲ့ ဘလောက်ဂါတွေနဲ့ တခြားဘလောက်ဂါတွေ သော်လည်ကောင်း၊ နိုင်ငံရေးဘလောက်ဂါခြင်းလည်ကောင်း ကိုယ်ရဲ အယူဆ ယုံကြည်ရာတွက် တဦးခြင်းလည်ကောင်း အုပ်ဆုလိုက် ဖြစ်ဖြစ် တဖက် နဲ့ တဖက် နဲ့ ငြင်းကျ ခုန်ကျ နဲ့ ကြိတ်တိုက် ပွဲလေးတွေဖြစ်နေ ကြတာ တွေနေ ရတာ ပဲ။
ကျနော်က ဘယ်သူကမှန်တယ် ဘယ် သူက မှားတယ် လို့ မှက်ချက် မပေးလို ပါဘူး။တခုပဲ စဉ်း စားကြည့်ပါ ဒီလိုငြင်းခုန်နေ ရန်စောင်နေ တာ နဲကျနော် တို့ ဘာအမြက်ထွက် သွားလို့လဲ။ ကျနော်တို့ သိပ်ချစ် တဲ့ တိုင်းပြည်တွက် ကော ဘာကောင်းသွားလဲ။
အမှန်တော့ ကျနော် တို့ ရူးတောင်ရုးသေးတယ်၊ ကျနောတို့ ခြင်းခြင်း သွေးကွဲ ကြ အမုန်းပွားကြ နဲ့ ဒါတွေပဲ အဖက်တင်သွားတာ။
တကယ်ဖြစ်သင့်တာ က တဦးနဲ့ တဦး အေးအေး ဆေးဆေး ဆွေးနွေး ပြီး ဒီမတူတဲ့ အမြင်တွေကို ပေါင်းပြီးဘယ်လို အကျီုးရှိ အောင်ဘယ်လို အသုံးချမလဲတွေးသင့်တာ။
အိုကုန် ကုန်ပြောမယ်ဗျာ ကျနော် တိုဒီလို ကိုယ်ထင်ရာကိုယ်စွဲကျလို့ လွပ်လက်ရေးပြီးထဲက ကျနော်တို့ ကွဲခဲကျတယ်။ တိုင်းပြည်တည်ဆောက်ရမယ့် စားခြင်းခြင်း ချနေကျတယ်။ ဒီမညီညွတ်မူ က စစ်အားဏာာရှင် စနစ် ကိုလမ်းခင်းပေးကြတယ်။
ဒီမညီညွတ်မူက တိုင်းပြည် ကို ဆင်းရဲတွင်းနက်စေ တာ။
ဝမ်းနည်းပို့ကောင်းတာ ကကျနော်တို့ခုထိ အမြင်မှန်မရသေးဘူး။ ကျနော်တို့က တော့ ကိုယ်တဦးကောင်းခံယူခြက်နဲ့ တိုင်းပြည်ကို ပြောင်းလဲနိုင်မယ် လို ဆောင်းအိပ်မက်တွေမက်နေ ဆဲ။
တကယ်တော့ ကျနော်ပြည်သူတွေလိုတာ က စနစ်မဟုတ်ဘူး။ တည်ငြိမ်မူ။ ကောင်းမွန်တဲ့ စီးပွားရေးပှုံစ။
တကယ်တော့ကျနော်တို့ပြည်သူတွေပင်ပန်း လှပြီ ကျွဲနှစ်ကောင်ကြားက မြေဇာပင်ဖြစ်ရတာ။
ကဲခင်ဗျား တို့ ရန်ဖြစ်နေကြအုန်းမှာ လား။ ကျနော်က တော့ ဒါပဲပြောခြင်တယ်။
စည်သူ
ကျနော်တော့ အခု ဒီပို့စ်မှာ ကျနော်တို့ ရန်ဖြစ်နေတယ်လို့ကို မခံစားမိဘူး ကိုစည်သူရေ။ ကိုယ်နဲ့ မတူတဲ့ အမြင်ကို ကိုယ်က ပြန်ယူသင့်ရင်ယူမယ်၊ သူကလဲ ကိုယ့်ဆီက ပြန်ယူသင့်ရင် ယူမယ်။ ဒီလိုပဲ သဘောထားတယ်။ ရန်ဖြစ်ချင်မှတော့ ဟိုး အပေါ်မှာ ကျနော့်ကို ဗလာချည် သမထားတဲ့ တယောက်ကို ပြန်ပြောပြီပေါ့။ စကားလုံးတွေက ကြီးမားလွန်းတော့ လူကို ပြားသွားတာပဲဗျာ။ စိတ်နည်းနည်းလျှော့ပါဦး။ ဒီထဲမှာ ဘယ်သူကမှ ရန်စောင်မနေပါဘူး။ စိတ်တော့ မဆိုးနဲ့ဗျာ။ ခင်ဗျား အခုမှတ်ချက်ကို လာရေးတာ တကယ်ကို စေတနာကောင်းနဲ့လဲ ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ပွင့်ပွင့်လင်းလင်းပြောရရင် ဆရာကြီးဂိုက် လာဖမ်းနေတာနဲ့ တူနေတယ်။
ဟားဟားဟား စည်သူတို့ ဒီတစ်ခါတော့ ခံလိုက်ရပြီ မင်းက ပို့စ်နဲ့မဆိုင်ပဲ ဘာတွေပြောနေမှန်းမှမသိတာကွ.... ဟုတ်တယ်ကိုစေးထူးရေ ဒီကောင်က အရမ်းကိုဆရာကြီးလုပ်တဲ့ကောင်ပဲဗျ ဟီးဟီးး
ဒီpostကိုဖတ်ရတာကအဲလောက်မရှည်ဘူး
coomentတွေကပိုရှည်နေတယ်..
ငြင်းကြခုံကြနဲ့ စိတ်ဝင်စားဖို့ကောင်းပါတယ်..
Post a Comment