ယုံကြည်ချက်ကို အားအင်ပြုလို့ ပန်းတိုင်တခုကို ရှေ့ရှုပြုပြီး ကျနော် စကားရပ်လေး တခုကို ရိုးရှင်းစွာနဲ့ပဲ ကိုင်စွဲခဲ့တယ်။ အဲဒါကတော့...
့`ဟိုးရှေ့မှာ ပန်းတိုင် ရှိတယ်၊ လာ... သွားကြစို့´
တူညီမှုတွေကို အားပြုပြီး မတူညီမှုတွေကို ထိန်းညှိဖို့အတွက် ကြိုးစားမှုတွေ၊ ပုံဖော်အားထုတ်မှုတွေအတွက် ဟောဒီလမ်းကလေးမှာ ကျနော် တကယ်ပဲ စိတ်နှစ်ကိုယ်နှစ်နဲ့ လျှောက်လှမ်းဖြစ်ခဲ့တယ်။ အခုတော့ အဲဒီပန်းတိုင်ကို လျှောက်လှမ်းခဲ့တဲ့ ခြေလှမ်းပေါင်း ၄၀၀ ပြည့်မြောက်ခဲ့ပါပြီ။ စက်တင်ဘာ ၁၅ ရက်ဟာ ကျနော့် ဘလော့ဂ်ရဲ့ နှစ်နှစ်ပြည့် မွေးနေ့ ဆိုတော့ ၄၀၀...နဲ့ ၂ နှစ်မြောက်တဲ့ နေ့ပေါ့...။
***
အခုလိုမျိုး ရာပြည့်တို့ နှစ်ပြည့်တို့ ရေးတဲ့ ပို့စ်မျိုးတွေက ဘာနဲ့ တူသလဲဆိုတော့ မြန်မာပြည်မှာ လိုက်ဖ်ရှိုးလုပ်တဲ့ အဆိုတော်တွေ လက်ထဲမှာ စာရွက်ကြီးကိုင်ပြီး ဘယ်သူ့ကိုတော့ ကျေးဇူးတင်ပါတယ်၊ ဘယ်ဝါ့ကိုတော့ ကျေးဇူးတင်ပါတယ်လို့ ပြောရတာမျိုးနဲ့ ခပ်ဆင်ဆင်တူနေမလား မသိဘူး။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ကျနော်ရဲ့ `ကလိုစေးထူး´ ဆိုတဲ့ ဒီဘလော့ဂ်အတွက် ၀ိုင်းဝန်း ပံ့ပိုးပေးခဲ့ကြတဲ့ မိတ်ဆွေများ အားလုံးကိုတော့ ဒီနေ့မှာ မှတ်မှတ်ရရနဲ့ ကျေးဇူးတင်စကားပြောချင်ပါတယ်။
ကျနော်က စာသာရေးချင်တယ်။ ဘလော့ဂ် တခုကို လုပ်ဖို့ နည်းပညာအရ ဘာမှ ဟုတ်တိပတ်တိ မတတ်ကျွမ်းပါဘူး။ ဒါကြောင့် ဒီဘလော့ဂ်ကို ဖန်တီးဖို့ နည်းပညာအရ ပထမဆုံး အကူအညီပေးခဲ့တဲ့ ငွေလမင်း ကို ကျေးဇူးတင်ရပါမယ်။
နည်းပညာအရ နောက်ထပ် အကူအညီပေးခဲ့ဖူးသူတွေကတော့ ညီမ Mayvelous နဲ့ ညီမနေနေနိုင် တို့ပါပဲ။ သူတို့တွေ အလုပ်မအားတဲ့ကြားက သွားအဖြီးသားနဲ့ အပူလာလာ ကပ်တတ်တဲ့ ကျနော့်ကို မညည်းမညူ ကူညီပေးခဲ့ကြတာကို ကျနော် မမေ့ပါဘူး။
`ကိုစေးထူး စာရေးတာ ဖတ်ကောင်းတယ်၊ ဒါပေမယ့် စာပိုဒ်တွေမခွဲထားတော့ ဖတ်ရတာ အဆင်မပြေလို့ စာပိုဒ်တွေကို တပိုဒ်စီခွဲလိုက်ပါလား´ လို့ အကြံပြုခဲ့တာက မေ၁၁ ပါ။ သူ အကြံပေးသလို လုပ်လိုက်တော့ စာဖတ်ရတာ တပိုဒ်ချင်းစီဖြစ်ပြီး ဖတ်ရတာ ပိုအဆင်ပြေသွားပါတယ်။
ကျနော့် ဘလော့ဂ်ရဲ့ နောက်ထပ် အမှတ်တရလေးတွေ အဖြစ် မှတ်တမ်းတင်ချင်တာကတော့...
ကျနော့်ဘလော့ဂ် စီဘောက်စ်မှာ ပထမဆုံး လာနှုတ်ဆက်ခဲ့တာက ... ညီမ နေနေနိုင်။
ပထမဆုံးသော Comment ကို ရေးခဲ့တဲ့ ... စိန်မျောက်မျောက် (ကျနော်ပေါ်တာ အထမ်းသမားပို့စ်မှာပါ)။
Comment အရေအတွက် အများဆုံး ရေးခဲ့သူ ... မမေဓာဝီ။
ကျနော့် ဆောင်းပါးကို ပထမဆုံး ဖော်ပြပေးခဲ့တဲ့ မီဒီယာ... ဧရာဝတီ။
ကျနော့်ဆောင်းပါး အရေအတွက် အများဆုံး ဖော်ပြပေးခဲ့တဲ့ မီဒီယာ... မဇ္ဈိမ။
ပြီးတော့...၊ ကျနော်ရေးသမျှတွေကို ကောင်းရင် ကောင်းတယ်၊ ညံ့ရင်ညံ့တယ်၊ အမြင်တူရင်တူတယ် အမြင်မတူရင် မတူဘူး လို့ ပွင့်လင်းစွာ ဝေဖန် အားပေးကြတဲ့ ကျနော့်မိတ်ဆွေများကိုလဲ ကျေးဇူးတင်ပါတယ်။ ဘယ်သူမှ လာမဖတ်ရင် ကျနော် ဘယ်လိုမှ စာရေးဖို့ ခွန်အား ရှိမနေမှာ အမှန်ပါ။ လာဖတ်ကြပြီး ထင်မြင်ချက်တွေ ပေးသွားကြတာတွေဟာ နောက်ထပ် ပို့စ်တွေကို ထပ်ရေးဖို့အတွက် အားအင်တွေ ဖြစ်စေခဲ့ရတာပါ။
***
ဒီနေ့ ပို့စ်မှာ ကျနော် အကြိုက်နှစ်သက်ဆုံးသော ဘလော့ဂ်များနဲ့ အကြိုက်နှစ်သက်ဆုံး ဖြစ်ခဲ့ရတဲ့ ပို့စ်ရယ်...၊ ပြီးတော့ ကျနော် မကြိုက်နှစ်သက်ဆုံးသော ဘလော့ဂ်တွေကိုလဲ မှတ်မှတ်ရရ ဖော်ပြချင်ပါတယ်။
တကယ်တော့ ကျနော် ကြိုက်တဲ့ ဘလော့ဂ်တွေက အများကြီးပါ။ ပန်းခင်းကြီး တခုလို့တင်စားသလို ဈေးတန်းတခုနဲ့လဲ တူတယ်လို့ ဖွဲ့ဆိုခဲ့တဲ့ ဟောဒီ ဘလော့ဂ် နယ်ပယ်ထဲမှာ အကြိုက်တကာ့ အကြိုက်ဆုံးတွေထဲက အနက် လတ်တလော အကြိုက်နှစ်သက်ဆုံး ဘလော့ဂ်တွေကတော့..
အမျိုးသား ဘလော့ဂါ ... အကို နှင်းခါးမိုး
အမျိုးသမီး ဘလော့ဂါ ... အမ မချိုသင်း တို့ ပါပဲ။ အဲဒီ ဘလော့ဂ်တွေက ပို့စ်အသစ်တွေကို ဖတ်လိုက်ရတိုင်းမှာ ပညာလဲရ၊ ရသလဲရ၊ မှတ်သားစရာလဲ ရတဲ့အပြင် ကျနော့်ရဲ့ အကိုအမတွေလိုလဲ စိတ်ထဲ ဖြစ်မိတာကြောင့်လဲ ပါပါတယ်။ (ဒီ့ပြင်ဘလော့ဂ်တွေကို မကြိုက်ဘူးလို့ ပြောတာတော့ မဟုတ်ဘူးနော်) :D
ကျနော် ဖတ်ဖူးသမျှ ဘလော့ဂ် ပို့စ်တွေထဲမှာ အခုအချိန်အထိ အနှစ်သက်ဆုံးသော ပို့စ်ကတော့ ... မုန်တိုင်းအလွန်...၊ ရေးသူ မမေဓာဝီ ဖြစ်ပါတယ်။
ကျနော် လုံးဝ မကြိုက်မနှစ်သက်တဲ့ ဘလော့ဂ်တွေလဲ များစွာ ရှိတဲ့ အနက် နှစ်ခုကို ရွေးချယ်ဖော်ပြပါရစေ။ အဲဒါတွေကတော့...
အမျိုးသား ဘလော့ဂါ ... Opposite Eyes
အမျိုးသမီး ဘလော့ဂါ... မေဘားမား တို့ ပါပဲ။
Opposite Eyes ရဲ့ (ပြန်ဖျက်လိုက်တဲ့) ဗိုလ်ချုပ်အောင်ဆန်းကို စော်ကားထားတဲ့ ပို့စ်ကို ကျနော် မမေ့ပါဘူး။ မေဘားမားကိုတော့ ကိုယ့်လူမျိုးအချင်းချင်း ခပ်နှိမ်နှိမ်ရေးဖူးတဲ့ ပို့စ်တွေကြောင့် မကြိုက်တာပါ။
***
ကျနော့်ရဲ့ ဒီနေ့ပို့စ်မှာ မမေ့မလျော့နဲ့ ကျေးဇူးတင်စကားပြောချင်တာကတော့ ရုရှနိုင်ငံရောက် ပညာတော်သင် ညီငယ် စစ်သည် တချို့ကိုပါ။ ကိုမျှားပြာ၊ ကိုညိမ်းညို၊ ကိုအိပ်မက်နက်၊ ကိုမင်းကျန်စစ်၊ ကိုဆိုးသွမ်း၊ ကိုရင်ညိန်း၊ ကိုမောင်ငယ် တို့ဟာ ကျနော်ရေးတဲ့စာတွေမှာ သူတို့ရဲ့ လက်ရှိရပ်တည်နေရတဲ့ အခြေအနေတွေနဲ့ မတူညီတဲ့ အမြင်တွေ၊ အခြေအနေတွေ ရှိသော်ငြား၊ ပြီးတော့ ကျနော့်ထက် အသက်အရွယ်အားဖြင့် များစွာ ငယ်ရွယ်ကြပေမယ့်လည်း တည်ငြိမ်ရင့်ကျက်ဟန်တွေနဲ့ အတူ ကျနော့်စာတွေကို နားလည်စွာ ဖတ်ရှုဝေဖန် အားပေးခဲ့တာတွေကို လှိုက်လှိုက်လှဲလှဲ အသိအမှတ်ပြုမိပါတယ်။
`ပန်းတိုင်ကို လျှောက်နေတဲ့ ရည်ရွယ်ချက်မှန်ရင် ကျနော်တို့တွေ ပန်းတိုင်မှာ ဆုံကြမှာပါ အကို´ လို့ ပြောဖူးတဲ့ ကိုအိပ်မက်ရဲ့ စကားကို ကျနော် အမြဲအမှတ်ရနေမှာပါ။
***
ကျနော့်စာတွေကို စိတ်ရှည်လက်ရှည်နဲ့ လာလာဖတ်ပြီး ကောင်းရင် ချီးကျူး၊ မကောင်းရင် ဝေဖန်ထောက်ပြကြတဲ့ ကျနော့် မိတ်ဆွေများဟာ ကျနော့်ရဲ့ အဖိုးမဖြတ်နိုင်တဲ့ အားအင်တွေပါ။ သူတို့ သူတို့တွေ ပေးသွားတဲ့ မက်ဆေ့တွေကနေ ဖန်တီးဖြစ်ခဲ့တဲ့ စာတွေလဲ မနည်းခဲ့ပါဘူး။ ရခဲ့တဲ့ အတွေးအမြင်တွေလဲ တပုံတပင်မို့ ကျနော့်ရဲ့ ဆရာသမားဆိုရင်လဲ မှားမယ်မထင်ပါဘူး။
နာမည်တခုခြင်းစီ ထည့်မရေးဖြစ်နိုင်သူတွေကိုလဲ အလေးမထားလို့တော့ မဟုတ်ရပါဘူး။ အားလုံးအားလုံးကို ခင်မင်လေးစားလျက်ပါ။
***
နောက်တခုက...။
ပန်းတိုင်ခရီးတခုရဲ့ လမ်းခုလတ်ဖြစ်တဲ့ ဒီနေ့ ပို့စ်မှာ ကျနော့် မိတ်ဆွေများဆီက အမှတ်တရစကား တခုခု၊ ဒါမှမဟုတ်လဲ အကြံပြုချက် တခုခုကို ကျနော် ပြန်ကြားချင်ပါတယ်။ ရှေ့ဆက်ဖို့အတွက် အားဆေးတခွက်ဆိုရင်လဲ မမှားဘူးပေါ့...။ ဒီပို့စ်ကို ဖတ်မိသူများဆီက အမှတ်တရစကား...။
ကြားခွင့်ပေးပါ။
***
လေးစားခင်မင်စွာ
ကလိုစေးထူး

51 comments:
ဟား....။ တိုက်ဆိုက်တယ်ဆိုရင်တော့ အရမ်းဝမ်းသာဖို့ကောင်းတယ် တိုက်ဆိုင်မှုပဲ အကိုရေ။ ကျွန်တော့် တစ်နှစ်ပြည့်မှာ အစ်ကို ပထမဦးဆုံးရေးပေးခဲ့သလို တိုက်တိုက်ဆိုင်ဆိုင်ပဲ အစ်ကိုရဲ့ ၄၀၀ နဲ့ ၂ နှစ် ပြည့်မှာ မထင်မှတ်ပဲ ကျွန်တော် ပထမဦးဆုံး ဖြစ်သွားပြီ...။ အင်းစေတနာတူလို့ ဖြစ်ရပ်တူ သွားတယ်ထင်ပါတယ် အစ်ကိုရာ....။ ဘာလို့လဲ ဆိုတော့ ပန်းတိုင်ကတူတာကိုး :) ။
ဘလော့လောကမှာ အစ်ကိုတို့ထက် လက်စွမ်းထက် အရာရောက်တဲ့သူလည်း ဘယ်သမှမရှိတော့တဲ့အတွက် ဘာမှ ဆုမတောင်းပေးတော့ဘူး (အစ်ကိုပြောသလို ပြောကြည့်တာ)။ ဒါပေမယ့် အပြင်လောက အတွက်တော့ အရေးအကြီးဆုံး တစ်ခုလောက် ဆုတောင်းပေးခဲ့ချင်တယ်။
ကျွန်တော်တို့ညီအစ်ကို မောင်နှမတွေ ပန်းတိုင်မှာ အမြန်ဆုံး ပျော်ပျော်ရွှင်ရွှင်နဲ့ ဆုံဆည်းနိုင်ကြပါစေလို့....။
p.s- အစ်ကိုက နှစ်နှစ်ဆိုတော့ ၀ိုင်းလုပ်ရင် အစ်ကိုက ဒကာခံ။ ဒါပဲ :P
ပြောဘူး :P
ဘလော့ သက် ၂ နှစ်ပြည့်သွားပြီး ပို့ စ်ပေါင်း ၄၀၀ ပြည့်သွားတဲ့ အစ်ကိုကြီးရေ့ နောက်များမှာလည်း စာတွေ အများကြီးဆက်ရေးနိုင်ပါစေလို့  ဆန္ဒပြုပါတယ်။ကျနော့်ရဲ့ညဉ်ဆိုးလေးတစ်ခုကြောင့် ကိုယ့်ဆီမလာတဲ့ ဘလော့မသွားပါဘူးလို့  စိတ်ထဲမှာ တွေးမိပေမယ့် ကျနော် မလာပဲမနေနိုင် မှတ်ချက်တွေမပေးပဲ မနေနိုင်တဲ့ ဘလော့ကတော့ အစ်ကိုရဲ့ ဘလော့ပါပဲ မသိသေးတာတွေသိရ ကိုယ်မကြုံးဖူးတာတွေ တကယ့်ဖြစ်နေသလိုခံစားနိုင်အောင်ရေးသားနိုင်တဲ့ အတွက်လည်း လေးစားပါတယ် ။ မကြိုက်ဆုံးဘလော့ဂါတွေထဲမပါလို့ တော်ပါသေးတယ်း) ၀န်ခံမလို့  ကျနော့်အကြိုက်ဆုံးဘလော့ဂါက အစ်ကိုစေးထူး ဆိုတာ တစ်နေ့ တော့ ပန်းတိုင်မှာကျနော်တို့ ဆုံကြတာပေါ့
ပြောဘူး..:P
ဖြူ
ကိုစေးထူး ရေးသားခဲ့တဲ့ စာစုတွေအားလုံးထဲမှာ ကျွန်မ အကြိုက်ဆုံးကတော့
အောက်တိုဘာ၁၂ရက်၊ ၁၉၉၇ ခုနှစ်ကရေးခဲ့တဲ့ ရွက်ကြွေတောထဲမှာ ဆိုတဲ့ ပိုစ်ပါပဲရှင်။
အချိန်ကာလ၊ ရာသီအပြောင်းအလဲကြောင့် မေပယ်ရွက်တွေဟာ စိမ်းရ၊ ၀ါရ၊ ညိုရပြီး ကြွေရ၊ဝေရပေမယ့် တစ်ပင်ထဲက ဖူးပွင့်ဝေဆာခဲ့တဲ့ အရွက်လေးတွေပါ။
ကိုစေးထူးဘလော့ဂ်..
အရှည်တည်တံ့ပါစေ..
ခင်မင်လျှက်..
ပို့စ် ၄၀၀ ဆိုပါလား..။
အတော် ခရီးရောက်ခဲ့၊ ခရီးပေါက်ခဲ့ ပြီပဲ။
နောက်ပြန်လှည့်ကြည့်ရင် ကိုယ်ခင်းတဲ့ လမ်းကလေးပေါ် လိုက်လျှောက်တဲ့သူတွေကို အေးမြတဲ့ အရိပ်လဲ ပေးနိုင်၊ ဖြောင့်ဖြောင့်လဲ လျှောက်နိုင်စေ ခဲ့တယ် လို့ ထင်ပါတယ်။
ဒီလို လမ်းလေးပေါ်မှာ လျှောက်ရတာ အမလဲ စိတ်ချမ်းသာလို့ အမြဲလာလျှောက်မယ်။
ကြိုက်မိတဲ့ ဘလော့ဂ်လို့ သိရလို့ ကျေးဇူး အထူးပါ။ အကြံဥာဏ်တွေ လိုအပ်နေတုန်းမို့ သင်ယူဖို့ အသင့်ပါ။
ခင်မင်စွာ
အမ
ဆက်လျှောက်…
အထွေအထူးတော့ မပြောတတ်ပါ။
စာရေးကောင်းတဲ့အကိုကြီး နောက်ထပ်နောက်ထပ်
စာကောင်းစာမွန်များကို တိုးလို့ ဖန်တီးရေးသားနိုင်ပါစေ..။
ပျော်ရွှင်ချမ်းမြေ့ပါစေခင်ဗျာ :) :)
ပို့စ် ၄၀၀ နဲ့ ဘလော့သက်တမ်းနှစ်နှစ်ပြည့်..
နှစ်နှစ်တောင်ပြည့်သွားပြီကိုးး....
ကိုမောင်မျိုးညွှန်ုလို့လာဖတ်ဖြစ်တဲ့ဘလော့လေးပါ.. အမြဲတော့မလာနိုင်ပေမယ့် လာဖြစ်တဲ့အခါ. စာတွေအတတ်နိုင်ဆုံးများများဖတ်သွားပါတယ်.. ဆက်အားပေးနေပါအုံးမယ်... :P :D
လာလည်ပါတယ် အကိုစေးထူးရေ..
စိမ်းကား တာတော့မဟုတ်ဘူး အကိုကြီးရ
စာတွေပိနေလို့
အကိုရေးတဲ့စာတွေထဲမှာ
ကူညီကာဖေးလို့ မကူပေမယ့် ... ဆိုတာကိုအတော်လေးကြိုက်မိပါတယ်။
တခြားဟာတွေလည်း ရှိသပေါ့...
လေးစားလျှက်
မွန်းသက်ပန် (ဆေး-၁)
အစ်ကိုရေ ကျွန်တော်တို့ အစ်ကို့စာတွေကို အမြဲတမ်းဖတ်ဖြစ်ပါတယ်။ ဘလော့ကိုမရောက်ဖြစ်တာလည်း
google reader ကနေတိုက်ရိုက်ဖတ်နေလို့ပါ။
ဒီထက်မက လည်းစာတွေအများကြီးရေးနိုင်ပါစေဗျာ။
ကျွန်တော်တို့လည်းအများကြီးဖတ်ရတာပေါ့။
ခင်မင်လေးစားစွာဖြင့်
ကိုနေ၊ မိုးကြယ်
(ယိမ်းနွဲ့ပါး)
၄၀၀ နဲ့  ၂ မှ....သည်...ကိုစေးထူးလျှောက်သော လမ်းကလေး အစဉ်ဖျောင့်ဖြူး သာယာစေ အဓွန့်  ရှည်စေ .....
ဝမ်းမြောက်ဂုဏ်ယူစွာဖြင့်...
စာပေါင်းပေမွန် အများဂျီး ဆက်လက်ရေးနိုင်ပါစေသဒီး။
စာကောင်းလို့ရေးတာ..
u နဲ့ y မှားရိုက်မိလို့.... :D
စာပေါင်းပေမွန် အများဂျီး ဆက်လက်ရေးနိုင်ပါစေသဒီး။
ဒို့ကိုစေးထူးက ခြေလှမ်းပေါင်းလေးရာတောင် ရောက်ခဲ့ပြီကိုး။ ရှေ့ဆက်ပြီး ပန်းတိုင်ရောက်တဲ့အထိလျှောက်လှမ်းနိုင်ပါစေခင်ဗျာ။ ဖတ်ခဲ့သမျှ တော်တော်များများကို ကြိုက်ပါတယ်။ ရင်ထဲအထိဆုံးကတော့ “လက်” ဆိုတဲ့ပို့စ်နဲ့ ဓါတ်ပုံပါပဲခင်ဗျား.....
ပို့စ်ပေါင်း၄၀၀တောင်ရှိသွားပီ..
ပို့စ်တိုင်းနီးပါး မဟုတ်ပေမဲ့ ပို့စ်တော်တော်များများကို
ကြိုက်ပါတယ်။
အရေးအသားရော အတွေးအခေါ်တွေက လေးစားစရာ ကောင်းပါတယ်။
ရှေ့ဆက်ပီး ပို့စ်များများရေးနိုင်ပါစေ..။
အကို စေးထူးရေ
၄၀၀ နဲ့ ၂နှစ်မြောက်အတွက် ဂုဏ်ယူပါတယ်။
ရဲဘော် ဆက်လုပ်၊
အမြဲအားပေးနေတဲ့
ချစ်လေပြေ
အသံမပေးပေမယ့် အမြဲလာပါတယ် အကိုရေ
ကိုစေးထူးကြီး.. စာတွေများများ ဆက်ရေးနိုင်ပါစေဗျာ..။
ပို့ စ်ပေါင်း ၄၀၀ ပြည့်သွားပြီး ဘလော့အသက် ၂ နှစ်ပြည့်သွားတဲ့.. စာရေး ကောင်းတဲ့ ကိုစေးထူး နောက်များမှာလည်း စာကောင်းစာမွန်များကို အများကြီး ဆက်လက် ဖန်တီးရေးသား နိုင်ပါစေလို့  ဆန္ဒပြုပါတယ်။
ပျော်ရွှင်ချမ်းမြေ့ပါစေ..
SMNTL
"၄၀၀ နဲ့ ၂ နှစ်" ပြည့်မြောက် ဤအချိန်ကာလမှသည်
စိတ်သွားတိုင်း ကိုယ်ပါသော စာကောင်းပေမွန်များ
ဆက်လက် ဖန်တီးရေးသားနိုင်ပါစေ..။
ဆက်လက်အားပေးလျှက်ပါ။
Congratulation! bro....
We must reach to our goals in one fine day!
ကိုစေထူး ၂နှစ်ပြည့် ပို့ စ်၄၀၀ကနေ ဒီထက်ပိုပြီး အဓွန့် ရှည်ကြာစွာနဲ့  ပို့ စ်ပေါင်းများစွာရေးနိုင်ပါစေကြောင်း ဆုတောင်းရင်း လာရောက်ဂါရ၀ပြုသွားပါသည်။
I don't understand why the ppl supporting to klusayhtue. Nth skill writing, nth know about how to use myanmar words,nth IT but a lot of fans. Is that a blog culture???
မည်သို့ ပင်ဆိုစေကာမူ အားပေးနေပါတယ်။ :)
Cheers!!!
ကိုကြီးစေးထူးရေ အစ်ကိုရဲ့ ၄၀၀နဲ့ ၂ နှစ်ပြည့် လေး အတွက် ၀မ်းသာပီတိဖြစ်မိပါတယ်.. အစ်ကို ရဲ့ စာကောင်းပေကောင်းတွေ ဖတ်ရတဲ့အတွက် ကျနော်တို့လို လူငယ်တွေလည်း အားရှိတာပေါ့. .နောက်လာမဲ့ ပို့စ်တွေကိုလည်း စောင့်မျှော်အားပေးလျက်နော့်.... အစ်ကိုအတွက် ဂုဏ်ယူမိတယ်အစ်ကို အားလည်း ကျမိပါတယ်
ဆက်လက်ခရီးဆက်ပါ ကိုစေးထူး။
You have many hardcore audiances.
Keep going till your last drop of blood
Turns into your last word with your last breadth!!!
ကိုစေးထူးရေ အသံတိတ်နေပေမယ့် အမြဲ ဖတ်ဖြစ်နေပါတယ်။ များများဆက်ရေး နိုင်ပါစေ...။
ကိုစေးထူးရေ -
အခုလို ၂ နှစ်ခရီးကနေ နောင်နှစ်ပေါင်း ၂၀ တိုင်၊ ၂၀၀ တိုင် အခုလို အကျိုးပြုစာကောင်း စာသန့်တွေနဲ့ ပန်းတိုင်ဆီ ခရီးဆက်လှမ်းနိုင်ဖို့ ကျွန်တော် လှိုက်လှိုက်လှဲလှဲ ဆန္ဒပြုဆုတောင်းပါတယ်ဗျာ။ ကျွန်တော်တို့အားလုံး စုစုစည်းစည်းနဲ့ ပျော်စရာကောင်းတဲ့ community လေးတစ်ခုကို ဖန်တီးနိုင်ကြမယ်လို့လည်း ယုံကြည်ပါတယ်။
အမြဲလာဖတ်ပေမယ့် ကောမန့်ရေးခဲတာကိုတော့ နားလည်ပေးပါဦး။ ကိုယ်ယုံကြည်ရာကို တစိုက်မတ်မတ် လုပ်ဆောင်နိုင်သူ ဖြစ်ပါစေ...
ခင်မင်စွာဖြင့်
အမ ခင်မင်းဇော်
၄၀၀ မှသည် ၄ သန်းဆီသို့
၂ နှစ်မှသည် နှစ်တရာဆီသို့
ဆက်လက်ချီတက်ပါ ကိုယ့်ညီ
ဘလော့ဂ်တွေ သိပ်များမလာခင်တုံးက ကိုစေးထူးဘလော့ဂ်ကို ပုံမှန်ရောက်ပေမယ့် အခုနောက်ပိုင်းကျတော့ ဘလော့ဂ်ရေးသူတွေက အရမ်းများလာတော့ ကိုစေးထူးဆီအရင်ကလောက် မရောက်ဖြစ်တော့ပါ။ ဘာပဲဖြစ်ဖြစ် ပတ်ဝန်းကျင်မှာ နေ့စဉ် ကြုံတွေ့ရတာလေးတွေ အခြေခံပြီး ရေးသားတဲ့ ရသစာစု လေးတွေကို တော့ နှစ်သက်မိပါတယ်။
ကိုစေးထူးရေ .. အကျိုးရှိတဲ့ စာတွေကို အခုလိုပဲ စိတ်ရှည်လက်ရှည်နဲ့ နှစ်ပေါင်းများစွာ ဆက်ရေးနိုင်ပါစေ။
တနေ့တော့ ပန်းတိုင်ကို အတူတူရောက်ကြမယ်လို့ မျှော်လင့်ပါတယ်။
ပို့စ် 400 မှသည် 4000 သို့
2နှစ်မှသည် နှစ်20 သို့
ဒီဈေးတန်းမှာ လျှောက်လှမ်းနိုင်ပါစေဗျာ။
ရှေ့ဆက်၍ များများကြူနိုင်ပါစေ
အားပေးရင် ဆက်လက် အားပေးလျက်ပါ ကိုစေးထူးရေ။
ကိုစေးထူးရေ
ကျွန်တော်ကတော့ ဒီဘလောက်ကို အနဲဆုံးတစ်နေ.တစ်ခေါက်တော့လာလည်မြဲပါ။ နှစ်ပေါင်းရာပေါင်းများစွာ အကျိုးပြုစာများ ရေးနိုင်ပါစေလို. ဆုတောင်းပေးလိုက်ပါတယ်။။
ကလိုစေးထူး
ပြောင်မြောက်လှသော သင့်၏အားထုတ်မှု ကြိုးပမ်းမှု ၄၀၀ သည် သဘာဝတရားမှ လူတိုင်းအား ညီမျှစွာပေးထားခဲ့သော နှစ်နှစ်မှ ကွဲပြားစွာ သင့်နှစ်နှစ်အား ပိုမိုထူးခြားစေခဲ့သည့်ဟု မြင်ပါသည်။ သတင်းများကိုတင်ခြင်းဖြင့်မဟုတ်ပဲ အများအားဖြင့် ရင့်ကျက်သော အမြင်များအား အနုပညာမြောက်လှစွာ တင်ပြခဲ့သည့် သင်၏ ၄၀၀ သည် အံ့မခန်းအသိအမှတ် ပြုဖွယ် ပမာဏပင်ဖြစ်သည်။ သင့်အတွက် ၀မ်းမြောက်ဂုဏ်ယူမိပါ၏။
မျိုးမြန်မာ
အကိုစေးထူး
ဆုဝေရှေ့မှာ ၃၉ ယောက်တောင် ပြောပြီးသွားပြီဆိုတော့ ဘာပြောရမှန်း မသိတော့ဘူး။ အကိုရေးတဲ့ပို့စ်တွေ အများကြီး ထပ်ဖတ်ချင်ပါသေးတယ်။ ပို့စ် ၄၀၀ ကနေ ပို့စ်ပေါင်းများစွာအထိပေါ့...။
ဟိုး...ရှေ့က ပန်းတိုင်ကို ရည်ရွယ်ချက်ချင်းတူတဲ့ ညီအစ်ကိုမောင်နှမတွေနဲ့အတူ ပျော်ရွှင်စွာ လျှောက်လှမ်းနိုင်ပါစေလို့ ...
ခင်တဲ့
ညီမလေး
ကိုကြီးစေးထူး
အမှတ်တယပါ..(ဒီပို့စ်ကို ဖတ်မိသူများဆီက အမှတ်တရစကား ဆိုလို့လေ) :P
၄၀၀...နဲ့ ၂နှစ်မှာ အမှတ်ရစေတဲ့ ပို့စ်ပေါင်းများစွာ ဖတ်ခွင့်ရခဲ့လို့ တကယ်ပဲ အမှတ်တယဏော်.. :)
မတူညီပေမယ့် ကွဲပြားကြတာမှ မဟုတ်တာပဲ အကိုရေ။
အခြေအနေတွေကြောင့်ဆိုတာ နားလည်ထားခဲ့လို့ပါ။
တခါတလေတော့ လာဖတ်ပြီးမှ ရေငုံနှုတ်ပိတ်ပြီး ပြန်ခဲ့ရတာတော့ ရှိပါတယ်။ ဒါကလဲ လူညစ် သမိုင်းညစ်တွေကြောင့်လို့ မှတ်လိုက်ပါတယ်။ ကျနော် စာရေးချင်စိတ် ပိုဖြစ်လာအောင် ဆွဲဆောင်ခဲ့တာ အကိုဘလော့လဲ ပါပါတယ်။ အရေးအသားကောင်းတွေကြောင့်လဲ လေးစား အားကျရပါတယ်။ ခုလို နားလည်မှုတွေနဲ့ ပိုရင်းနှီးသွားရလို့ ပိုဝမ်းသာ ကြည်နူးပါတယ်အကို။ ပန်းတိုင်ရဲ့ လက်တကမ်းမှာ ကျနော်တို့ရဲ့ ရပ်မိနေကြပြီ ထင်ပါတယ်။
စာတွေလာဖတ်ဖြစ်ပေမဲ့ ကွန်မင့်မချန်ဖြစ်တတ်ခဲ့ဘူး၊ အမှတ်တယဖြစ်အောင် ချန်ထားလိုက်မယ် ဒီတခုတော့။ စာကောင်း၊ ပေကောင်းတွေ ဆက်လက် စောင့်မျှော်နေဆဲပါနော်။ အောင်မြင်မှု့ပန်းတိုင်ရောက်ရှိနိုင်ပါစေ။
အမှတ်တရ ရေးပေးကြတဲ့ မိတ်ဆွေတွေ၊ မောင်နှမတွေရဲ့ အားပေးစကားတွေကို ဖတ်ရတာ အားရကြည်နူးမှုကို အတိုင်းမသိအောင် ခံစားရပါတယ်။
ကျနော့်အတွက် ရှေ့ဆက်ပြီး စာတွေရေးဖို့ အားအင်တွေပါပဲ။ ကျနော် ထပ်ကြိုးစားပါဦးမယ်။
ကိုကြီး စေးထူးရေ... ထက်လည်း အကို့ ဘလောဂ့်ကို reader ယူဖတ်တဲ့ ပုံမှန် ပရိတ်သတ်ပါနော်.. နောင် နှစ်ပေါင်း များစွာ တိုင်အောင် ဘလောဂ့် ဂင်း နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင်
My dear ...
it is only for you!!!
it was composed by Emily Bronte, the poet who I like most.
*************
There is a spot mid barren hills
Where winter howls and driving rain,
But if the dreary tempest chills
There is a light that warms again.
The house is old, the trees are bare
And moonless bends the misty dome
But what on earth is half so dear,
So longed for as the hearth of home?
The mute bird sitting on the stone,
The dank moss dripping from the wall,
The garden-walk with weeds o'er grown,
I love them - how I love them all!
(Emily)
ကိုစေးထူး… ဆုတောင်းလေးနဲနဲနောက်ကျသွားတယ်…
ကိုယ်အားကျလေးစားရတဲ့ ဘလော့ဂါတယောက်ရဲ့ နှစ်နှစ်ပြည့် ပို့ စ်၄၀၀ပြည့် မှသည် နောက် နှစ်ပေါင်းမြောက်မြားစွာအထိ… ပို့ စ်ပေါင်းမြောက်မြားစွာအထိ… ဒီဘလော့ဂ် ကောင်းကင်ကြီးမှာ လင်းလက်တောက်ပပါစေလို့… ဘလော့ဂ်လေးရော ဘလော့ပိုင်ရှင်ရော ကျန်းမာအသက်ရှည် ရွှင်လန်းပါစေလို့ … အရည်အတွက်ထက် အရည်အသွေးကို အလေးထားတဲ့ ကိုစေးထူးရဲ့ ပို့ စ်တော်တော်များများကို နှစ်ခြိုက်မိပါတယ်… ဟိုးရှေ့ မှာ ပန်းတိုင်ရှိတယ်လို့  ယုံကြည်နေတုန်းပါပဲ ကိုစေးထူးရေ….
ညီမပင့်ဂိုးနဲ့ မတန်ခူးရေ...၊ နောက်ကျလဲ အမှတ်ရရရှိနေကြတာကိုပဲ ကျနော် ကျေနပ် ကျေးဇူးတင်နေမှာပါ။
Emily ...Thank you so much!
ကိုစေးထူးရေ
ခင်ဗျားလာ အသိပေးကတည်းက တခေါက်ရောက်ပြီး ဖတ်ပြီးပါပြီဗျာ။ ကွန်မန့်လည်း ရေးခဲ့ပြီလို့ ကိုယ့်ကိုယ်ကိုယ် ထင်ခဲ့တာ။ ဒီနေ့ တယောက်က သတိပေးမှ အပြေးပြန်လာကြည့်မိတော့ ကိုယ့်ပျက်ကွက်မှုအတွက် စိတ်မကောင်းဖြစ်ရတယ်။ စေတနာကော ၀ိရိယပါ အားကောင်းလွန်းလို့သာ ၂ နှစ်အတွင်း ခုလို ပိုစ် ၄၀၀ ရေးခဲ့နိုင်တာ အင်မတန် အားကျစရာပါဗျာ။
မြန်မာဘလော့လောကလေး ဒီထက်ပို စည်ပင်ဖွံဖြိုးပြီး ညီရင်းအကို မောင်ရင်းနှမစိတ်ဓါတ်တွေနဲ့ ပျော်စရာကောင်းပါစေ
ကိုစေထူး
၂ နှစ် ပိုစ့် ၄၀၀ မှာ နှစ်ပေါင်းများစွာ ပိုစ့်ပေါင်းများစွာ ရေးသားရင်း အောင်မြင်သော လူသားတစ်ဦး ဖြစ်ပါစေလို့ ဆုတောင်းပါတယ်..
ဖိုးသူတော်
see,,,
Ko say htoo nae Ko say htoo blog a paw reader tway ka ,,wish lote pay nay kya tar ,,
rita ka wish htet lote par tel,, ( tet nay tae ,,,tannn gyee twayyy,,myan myan kwar kya par say lo )
:)
Post a Comment