ပြီးခဲ့တဲ့ ပိတ်ရက်မှာ တခြားပြည်နယ်ကို ခရီးထွက်ဖြစ်လိုက်ပါသေးတယ်။ ပြန်လဲ ရောက်လာရော လူက ပင်ပန်းတာကို အကြောင်းပြတဲ့ ပျင်းရိမှုအပြင် နောက်ထပ် အပျင်းတမျိုးပါ တိုးပြီးတော့ စာမရေးဖြစ်လိုက်တာ တော်တော်ကြာသွားပါတယ်။ အဲဒီ အပျင်းအသစ်တမျိုးကတော့ `အတွေးပျင်း´ ပါ။ ဘာစာရေးရ ကောင်းမလဲဆိုတာကို တွေးဖို့ကိုပါ ပျင်းနေမှတော့ အတွေးပျင်းပေါ့။ အခုတော့ အဲဒီအတွေးပျင်းနေတာကြီးကို တစစီကောက်ခဲ့တဲ့ အတွေးစများ ပို့စ်နဲ့ပဲ ငြိမ်သက်စပြုနေတဲ့ ကျနော့် ဘလော့ဂ်ကို ပြန်ပြီး လှုပ်နှိုးလိုက်ပါတယ်။
`ဒါ... အမေရိကား´ ...တဲ့။
အဲဒီ စကားကို ဒီကိုရောက်ကတည်းက ခဏခဏ ကြားဖူးပါတယ်။ စကားရပ်ကတော့ ခပ်တိုတိုလေးပါပဲ။ ဒါပေမယ့် အဲဒါကို ပြောတဲ့ပုံစံဆိုလိုရင်းကတော့ မတူကြပါဘူး။ တချို့ကတော့ သူတို့သည် အရင့်အရင်ကတော့ ကိုယ်စွမ်းကိုယ်စ ရှိပါလျက်နဲ့ အကြောင်းကြောင်းကြောင့် သူတို့ရဲ့ အစွမ်းအစကို ပုံဖော်အားထုတ်ခွင့် မရခဲ့ဘူး။ အခုတော့ ကြိုးစားအားထုတ်မှု ရှိရင်ရှိသလောက် တိုးတက်လမ်းကို လွတ်လွတ်လပ်လပ်နဲ့ ရှာခွင့်ရပြီ။ ဒါကြောင့် `ဒါ... အမေရိကား´ လို့ ပြောလေ့ရှိတယ်။ နောက်ထပ် တမျိုးကတော့ အရင့်အရင်နေခဲ့တဲ့ နေရာမှာ ငြိမ်ကုပ်နေခဲ့ရသမျှ အခုတော့ ဘယ်သူ့ကိုမှ ဂရုစိုက်စရာ မလိုတော့ဘဲနဲ့ ကောင်းကောင်းကြီး စိတ်ထင်ရာ လုပ်ခွင့်ရှိသွားပြီ။ လာပြီးတော့ ပြောမယ်တော့ မကြံနဲ့ ၉၁၁ ကို ဖုန်းခေါ်ပစ်လိုက်မယ်။ `ဒါ အမေရိကား၊ ဘာမှတ်လဲ´ ဆိုတာမျိုး...ပေါ့။ အခုတခေါက် ခရီးစဉ်မှာတော့ ပုံစံမတူတဲ့`ဒါ... အမေရိကား´ တွေ အများကြီး ကြားခဲ့ရတယ်။
အဲဒီဗွီဒီယိုကို သေသေချာချာ ကြည့်မယ်ဆိုရင် ငြင်းပယ်ခံရသူနဲ့ ခွင့်ပြုခံရသူတွေရဲ့ ကွာခြားလှတဲ့ ခံစားချက်တွေကို အတိုင်းသား မြင်ရနိုင်ပါတယ်။ ကိုယ်က အလွန်တရာမှ မျှော်လင့်ထားတဲ့ အရာတခုကို နောက်ထပ်တဆင့် ကြိုးစားခွင့် ရတဲ့အခါမှာ ပျော်ရွှင်သွားကြသူတွေ၊ `မင်းကို နောက်တဆင့် ထပ်တက်ခွင့် မပေးတော့ဘူး´ လို့ ငြင်းပယ်ခံလိုက်ရတဲ့ အခါမှာ ကျဆုံးပြိုလဲသွားတဲ့ မျက်နှာထားတွေဟာ လူ့ဘ၀ရဲ့ ကျဆုံး/အောင်မြင်မှု တစိတ်တဒေသကို ပေါ်လွင်နေသလားပါပဲ။
သတင်းဌာန တခုဟာ မိမိရတဲ့ သတင်းတိုင်းကို ပါ့ပလစ်ပေါ် တင်သင့်သလားဆိုတာကို ကျနော် တယောက်ထဲ တွေးနေမိပါတယ်။ တခါတလေကျရင် သတင်းက မှန်တယ်ပဲ ထားပါဦး၊ ကိုယ်တင်ပြလိုက်တဲ့ သတင်းအချက်အလက်ကြောင့် အဲဒီ သတင်းထဲမှာ ပါဝင်နေတဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ ရင်ဆိုင်ရမယ့် အခက်အခဲ ဒုက္ခတွေကို ထောက်ထားတွက်ဆပြီးတော့ သတင်းတခုကို သတင်းလက်ဦးမှု ရရင်ပြီးပြီးရော သဘောမထားကြဘဲ ချင့်ချင့်ချိန်ချိန် တင်သင့်ကြတယ်လို့တော့ တွေးမိပါတယ်။ ကျနော်တို့ ချစ်ခင် လေးစားရတဲ့ လူရွှင်တော် ကိုဇာဂနာကို စွဲချက်တင်ထားတဲ့ အချက်အလက်တွေထဲမှာလဲ အင်တာနက်က သတင်းအချက်အလက်တွေကြောင့် စွဲချက်တင်ခံရတယ်လို့ ကြားသိရပါတယ်။ ဒီအကြောင်းကိုတော့ အခြေအနေနဲ့ အချိန်အခါ သင့်တော်တဲ့ တချိန်ချိန်မှာ အကျယ်ချဲ့ပြီး တခုခုတော့ ရေးချင်ပါသေးတယ်။
ဒါပေမယ့် ကျနော့် စီဘောက်စ်မှာ လာအော်ထားတဲ့ ကဲကဲ အမည်ခံ တယောက်ရဲ့ မှတ်ချက်ကျတော့လဲ အပြုသဘော မဆန်ပြန်ပါဘူး။ `တွေ့လား၊ ငါမပြောဘူးလား၊ အဲဒီသတင်းဌာနတွေက ဒီလိုချည်းပါပဲကွာ´ ဆိုတဲ့ ပုံစံမျိုးပဲ ပေါက်နေပါတယ်။ ပြောဖို့ အကွက်ဝင်တာနဲ့ အရင်ဆုံး အပြစ်ပြေးတင်တဲ့ စိတ်ထားမျိုးထက်၊ ဒါတော့ မဖြစ်သင့်ချေဘူး၊ ဒီလိုမဖြစ်ရအောင် ဘယ်လိုမျိုးအပြုသဘောနဲ့ ပြောရင်ကောင်းမလဲလို့ စဉ်းစားရင် ပိုကောင်းမယ်လို့ တွေးမိပါတယ်။ တကယ်ဆို ပြည်တွင်းမှာ သိခွင့်မရတဲ့ သတင်းမှန်ပေါင်းမြောက်များစွာကို ပြည်ပ မီဒီယာကိုပဲ အားကိုးခဲ့ရတာတွေ အများကြီးပါ။ သင့်တင့်မျှတစွာ တွေးကြဖို့တော့ လိုမယ် ထင်မိပါတယ်။
ရိုးရိုးစင်းစင်းနဲ့ ကြိုးစားအားထုတ်ရင် မှားယွင်းနေရင်တောင် အဲဒီထဲက ကောင်မလေးလို လူသိများ ကျော်ကြားနိုင်ပါတယ်။ ကောင်မလေးရဲ့ အမှားအယွင်းက ရယ်ချင်စရာပေမယ့် သူဟာ အဲဒီဆိုဟန်ကြောင့် ဘူဂေးလ်ရီးယားနိုင်ငံမှာ တော်တော်ပေါ်ပြူလာဖြစ်သွားပါတယ်။ ရယ်တော့ တော်တော်ရယ်ရတာလဲ အမှန်...။ :D
နည်းပညာပိုင်းဆိုင်ရာ အားနည်းမှုကလဲ ဘလော့ဂ်ရေးဖို့အတွက် တခုခု လိုအပ်လာပြီလားဟေ့ ဆိုရင် ကျနော့်ကို တော်တော်လေး ဒုက္ခပေးပါတယ်။ တွေ့သမျှ မိတ်ဆွေတွေကို ကယ်ပါယူပါ တစာစာနဲ့ ဂျီကျ၊အကူအညီတောင်းရလွန်းတာလဲ များလှပြီ။ အခုညလဲ ဘလော့ဂ်ရေးချင်ပါတယ်ဆိုမှ ကျနော့်ဆီမှာ ရှိတဲ့ Microsoft Office 2007 က Expire သဘောမျိုး ဖြစ်နေလို့ စာရိုက်လို့မရပါဘူး။ အွန်လိုင်းမှာ ဒေါင်းလော့လိုက်လုပ်တော့လဲ အဆင်က မချောပြန်ပါဘူး။ ဒါနဲ့ပဲ ဘလော့ဂ်ထဲမှာ လာရိုက်ရတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို အားမရလှစွာနဲ့ပဲ အတွေးစများကို ခဏ ရပ်နားပါရစေ။
ကလိုစေးထူး

7 comments:
ZawGyi Unicode သုံးပြီး မြန်မာစာရိုက်ရင် Microsoft Words ထက်စာရင် NotePad ကို သုံးပြီး ရိုက်လေ့ရှိတယ်။
NotePad ကို ဖွင့်မှာ Format အောက်က Font ကိုသွားပြီး ZawGyi Font ပြောင်း ပြီး OK ကို click လုပ်လိုက်။ ဒါဆို NotePad ကိုသုံးပြီး ZawGyi Unicode ရိုက်လို့ ရပြီ။
ကြည့်ရတာ အဆင်ပြေဖို့ ဆို Font Style ကို Regular ထား၊ Font Size ကို 10 လောက်ထားရင် ကောင်းတယ်။ Font Style နဲ့  Size ကတော့ ကိုယ်နဲ့  အဆင်ပြေတာကို ရွေးထားလို့ ရပါတယ်။
အတွေးပျင်းကနေမို့ ပဲ အစ်ကိုရေ့ ပို့စ်နဲ့ Youtube ကသိပ်လိုက်ဖတ်တာပဲ ဒိုင်အမျိုးသမီး ပြောလိုက်လို့  အံ့သြ၀မ်းနည်းသွားတဲ့ အဆိုရှင်မလေးတော်တော်သနားဖို့  ကောင်းတာပဲ နောက်တော့ စုံတွဲကတဲ့ မောင်နှမနှစ်ယောက် နောက်တဆင့် ထပ်တက်ခွင့် မပေးတော့ဘူး´ လို့ ငြင်းပယ်ခံလိုက်ရတဲ့ အခါမှာ ကျဆုံးပြိုလဲသွားတဲ့ မျက်နှာထားတွေကို မျက်လုံးထဲက မထွက်ဘူးးး စိတ်မကောင်းစရား( ။
အစ်ကိုစေးထူး လာလည်သွားပါတယ်။ အစ်ကိုဘယ်သူ့ကို အားပေးလည်းဗျ။ ကျွန်တော်တော့ Jessica Price ကိုရစေချင်တယ်။ opera ဆိုတဲ့တစ်ယောက်လည်း
တော်တော်ကောင်းတယ်ဗျ။
ကိုစေးထူးရေ… အဲဒီ America’s got talent က ကျွန်မတို့ ဆီမှာ ခုမှ စပြတာ… ပထမနေ့ နဲ့ ပဲ အတော်စွဲသွားတယ်… ဒီဘက်အစွန်ဆုံးက ဒိုင်လူကြီးကို သိပ်မကြိုက်ဘူး… အမြဲnegativeပဲ… လေးနှစ်သမီးလေးကို ကြည့်ပြီး ချစ်လွန်းလို့ သမီးလေးတောင် လိုချင်သွားတယ်… အဲဒါကြည့်ပြီး ကိုစေးထူးရဲ့ စိတ်ညစ်နေလားပို့ စ်တွေ ပြန်ဖတ်တော့ ဖတ်လို့ ပိုကောင်းသွားတယ်…
ကိုစေးထူး အခက်အခဲကို ကူညီချင်သော်လည်း ကိုယ်ကိုယ်တိုင်က ယောင်နန… အမြန်ဆုံးအဆင်ပြေပါစေလို့ …
အတွေးပျင်း တဲ့။ သုံးပဲ သုံးတတ်တယ်။ ခုမှ ဒီစကားလုံး ကြားဖူးတယ်။
တွေးဖို့ပျင်းတဲ့လူ ရေးတော့လဲ ကောင်းနေပြန်ပါရော။
အတွေးပျင်းတဲ့ ကလိုစေးထူး
ဂုဏ်ပုဒ်တွေများသွားမှာဆိုးလို့...
ထပ် မပြောတော့ဘူး
စိတ်လျှော့ပီးဒါပဲပြောသွားတယါ
ညီမနေနေရေ...။ အကြံပေးတာ ကျေးဇူးတင်ပါတယ်။ အကိုလဲ နေနေပြောတဲ့အတိုင်း notepad နဲ့ စာရိုက်ကြည့်တော့ သူ့ဆီမှာလဲ ကသိကအောင့်နိုင်တာ တခု သွားတွေ့တယ်။ အဲဒါကတော့ စာတွေကို တဆက်တည်းရိုက်ရင် လုံးကြီးတင်၊ သေးသေးတင်၊ အသတ် လို ဟာတွေ မပေါ်ဘူး။ စပေ့ဘားကို တချက်ပုတ်၊ ပြီးရင် backspace ကို တခါပြန်ခေါက်မှ အမှန်ပြန်ပေါ်တယ်။ အဲဒါကို အကျင့်မဖြစ်သေးတော့ စာရိုက်ရတာ နှေးနေသေးပြန်တယ်လေ။
မောင်မျိုးရေ...၊ အဲဒီကောင်မလေးက စိတ်လှုပ်ရှားတာပါ။ ဟိုမောင်နှမနှစ်ယောက်မှာ အကိုဖြစ်သူရဲ့ မယုံနိုင်တဲ့ မျက်နှာထားကို တော်တော် ကရုဏာသက်မိတယ်။ နောက်ထပ် တင်ပေးမယ့် အစီအစဉ်တွေရှိပါတယ်။ သူတို့တွေ ဆီမီးဖိုင်နယ်အဆင့် ပြီးသွားကြပြီ။ Final List ထဲက ကောင်းနိုးရာရာလေးတွေကို တင်ပေးမယ်လေ။
ကို phyo evergreen ...။
ဟဲဟဲ...၊ jessica price က ခပ်ချောချောလေးဆိုတော့ မျက်နှာသာပေးနေတယ်ထင်တယ်။ :D ကျနော့် စိတ်ထင်ကတော့ သူ့ထက် ပိုကောင်းတဲ့ နီယိုအိဘွိုက် တို့၊ အီမီလီကွင်းတို့နဲ့ နောက်ထပ် သုံးယောက်လောက်ကို မြင်မိသေးတယ။် ဖိုင်နယ်ကို စောင့်ကြည့်ကြတာပေါ့။ ဒေါ်လာတသန်းပေးတာဆိုတော့ ကြည့်ရတဲ့ လူတောင် အူယားတယ်ဗျို့။
တန်ခူးရေ...။
အဲဒီပြိုင်ပွဲက ဒီမှာကတော့ တော်တော် အရှိန်ကောင်းနေပြီ။ ဆီမီးဖိုင်နယ်တောင် ပြီးသွားပြီ။ ကျနော် ထပ်တင်ပေးဖို့ ရှိပါသေးတယ်။ အဲဒီ လေးနှစ်သမီးလေး အခု ဖိုင်နယ် တက်သွားပါပြီ။
အမမိုးချိုသင်းရေ...။ ချီးကျူးစကားအတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။
အမည်မဲ့ကိုတော့ ဘာပြန်ပြောရမှန်း မသိပါဘူးဗျာ။ :)
Post a Comment