ကျနော့်ဘ၀မှာ ဘယ်တော့မှ အစေးမကပ်လှတဲ့ ပစ္စည်းတချို့ ရှိပါတယ်။ ငယ်ငယ်ကဆိုရင်တော့ ခဲတံ…၊ ခဲတံတချောင်းကို ဘယ်သောအခါမှ ကုန်အောင် မသုံးခဲ့ရဖူးဘူး။ လွန်ရောကျွံရော သုံးရရင် တ၀က်လောက်ပါပဲ။ တ၀က်လောက် ရောက်ပြီဆိုရင် ပျောက်တော့တာပဲ။ တခါတလေဆိုရင် ဒီနေ့ပဲ မေမေက ထုတ်ပေးလိုက်တဲ့ ခဲတံက ညနေကျောင်းဆင်းလို့ အိမ်ပြန်လာရင် ပြန်ပါမလာတော့လို့ ဆူခံထိတာလဲ ခဏခဏ…။ တခါများဆိုရင် မေမေက ခဲတံထိပ်ဖျားနားမှာ အရစ်ကလေးလုပ်၊ အဲဒီနေရာကနေ ကြိုးနဲ့ချည်ပြီး လည်ပင်းမှာ ဆွဲပေးဖူးတယ်။ ကျောင်းသွားတဲ့ အခါကျရင် ခဲတံဆွဲကြိုးကြီး တန်းလန်းတန်းလန်းနဲ့…။
နည်းနည်းအရွယ်ရောက်လာပြီး အတန်းတွေ ကြီးလာလို့ ဘောလ်ပင်သုံးရတဲ့ အခါမှာလည်း ဒီလိုပါပဲ။ ဘောလ်ပင် တချောင်းကို မှင်ကုန်အောင် သုံးရတယ်လို့ မရှိသလောက်ပါပဲ။ ခဏခဏကို ပျောက်ပါတယ်။ မေမေဆိုရင် စိတ်ညစ်လွန်းလို့ ပျောက်နိုင်လွန်းတဲ့ ကျနော့်အတွက် မြ၀တီ ဘောလ်ပင်ကို ဗူးလိုက်ဝယ်ပေးထားပါတော့တယ်။ အဲဒီဘောလ်ပင်ကျတော့ ဈေးကလဲ တော်တာကိုး။
၁၇ နှစ်သား အရွယ်ရောက်တော့ လူကြီးတွေ မသိအောင် ဆေးလိပ်ခိုးသောက်တတ်တဲ့ အတတ်ကောင်းလေးက တတ်လာပြန်ပါရော…။ ဆယ်တန်းအောင်ပြီးတော့ ပေါ်ပေါ်တင်တင်ပေါ့…။ ဆေးလိပ်လေး တဖွာဖွာနဲ့ စတိုင်လ်လေးက ထွားလိုက်သေး…။ ဆေးလိပ်သောက်မှတော့ မီးခြစ်လိုပြီပေါ့။ `အကို…၊ မီးလေး တတို့လောက်´ လို့ ပြောပြီး တခြားလူဆီမှာ မီးညှိရတာက ကြာတော့လည်း သိပ်မနိပ်လှဘူး။ ဒီတော့ မီးခြစ်ဆောင်ရပြန်တယ်။ ကျနော်တို့ဆီမှာက ဂက်စ်မီးခြစ်တွေက လူသုံးသိပ်များတာကိုး…။ ထုံးစံအတိုင်းပါပဲ…၊ ဂက်စ်မီးခြစ် ဂက်စ်ကုန်လို့ ဆီထပ်ဖြည့်ရတယ်ဆိုတာ တခါမှကို မရှိခဲ့ဖူးပါဘူး။ ဂက်စ်မကုန်ခင် အမြဲလိုလို ပျောက်တာပါပဲ။
ကျနော်တို့ ယောက်ျားလေးတွေနဲ့ ယှဉ်တွဲလို့ ရလေ့ မရှိတဲ့ ပစ္စည်းတချို့ ရှိပါသေးတယ်။ အဲဒါတွေကတော့ အိတ်နဲ့ ထီးပါ။ မိုးရွာရင် လမ်းဘေးဆိုင်မှာ မိုးခိုရင်ခိုလိုက်မယ်၊ ထီးတကိုင်ကိုင်နဲ့ မနေချင်ကြတာက ယောက်ျားလေး အတော်များများရဲ့ စရိုက်တခုလိုပါပဲ။
အိတ် နဲ့ပတ်သက်လို့…၊ ကျောင်းသားဘ၀မှာကတော့ ကျောင်းလွယ်အိတ် လွယ်ခဲ့ရဖူးတာပေါ့။ ဒါတောင် အထက်တန်း ကျောင်းသားဘ၀အထိပါပဲ။ ကောလိပ်ကျောင်းသားလဲ ဖြစ်လာရော အတန်းတက်ရမယ့် ဘာသာနဲ့ ဆိုင်တဲ့ စာအုပ်လေးကို လက်ကကိုင်ရင်ကိုင်၊ မကိုင်ရင် ခါးကြားထိုးပြီး ကျောင်းသွားတော့တာပဲ။ ပြောရရင်တော့ အထက်တန်း ကျောင်းသားဘ၀ နိဋ္ဌိတံသွားတာနဲ့ အိတ်နဲ့ကျနော်လည်း ပြဒါးတလမ်း သံတလမ်း ဖြစ်တော့တာပါပဲ။
မိန်းကလေးတွေကျတော့ အဲဒီလို မဟုတ်ဘူး။ လမ်းထွက်ပြီလားဆိုရင်ဖြင့် အတော်များများက အိတ်ကလေး တလွယ်လွယ်နဲ့ တယ်လဲ စတိုင်လ်ထုတ်ကြတာကိုး…။ တချို့လည်း ဆာလာအိတ်လောက်နီးနီး စလင်းဘက်အိတ် ခပ်ကြီးကြီး၊ တချို့လည်း အိတ်ခပ်ငယ်ငယ်၊ ခပ်လတ်လတ်၊ တချို့ကတော့ ကျောပိုးအိတ်သေးသေးလေးနဲ့ လိုက်လဲ လိုက်ပါပေ့…။ ဒီနိုင်ငံရောက်တော့လည်း လူမျိုးသားကွဲတယ် ဖြူ၊မည်း၊ ညို၊၀ါ ကောင်မလေး အတော်များများက စလင်းဘက်အိတ်ကိုယ်စီနဲ့ မျက်စိပသာဒ ရှိလှပါဘိ…။
***
တနေ့က Peanut ဆိုတဲ့ ကောင်မလေး တယောက်က ကျနော့်ကို Tag ထားတယ်ဆိုလို့ သူ့ဘလော့ဂ်ကို သွားကြည့်လိုက်တော့ လားလား၊ ကိုယ့်အိတ်ထဲ ဘာရှိလဲဆိုတာကို ပြောပြရမယ်ဆိုပါလား…။
အိတ်ဆောင်လေ့ ဆောင်ထ မရှိတဲ့ ကျနော် အခက်တွေ့ပြီး ဘာရေးရမှန်း မသိဖြစ်နေတုန်း ကွန်ပျူတာဘေးနားက ကဒ်တွေပရပွနဲ့ ပြည့်ဖောင်းဖောင်းကြီးဖြစ်လို့ ဖားခုန်ညင်းပုံ ပေါက်နေတဲ့ ကျနော့် ပိုက်ဆံအိတ်က `ကျူပ်ရှိတယ်လေ´ ဆိုတဲ့ မျက်နှာပေးနဲ့ ကျနော့်ကို လှမ်းကြည့်နေလေရဲ့…။
ဒါနဲ့ပဲ သူ့ကိုပဲ ပြဿနာရှာရမှာပဲ လို့ တွေးပြီးတော့ အိတ်ထဲ ဘာတွေ ရှိပါလိမ့်လို့ ဆွဲထုတ်ဖြန့်ကျဲ ပစ်လိုက်တော့…

(၁) ငွေစတချို့။
(၂) ဘဏ်ကဒ်။
(၃) အကြွေးဝယ်ကဒ်။
(၄) ဖုန်းကဒ်။
(၅) Sam’s Club ဆိုင် အဖွဲ့ဝင်ကဒ်။
(၆) ကျန်းမာရေး အာမခံကဒ်။
(၇) ဒရိုင်ဘာ လိုင်စင်ကဒ်။
(၈) ဒီနိုင်ငံကို စရောက်ရောက်ခြင်း လေဆိပ်မှာ လူဝင်မှု ကြီးကြပ်ရေးက ထုတ်ပေးတဲ့ Employment Authorization ကဒ်။
(၉) Memory Stick
(၁၀) ကားအာမခံ ကဒ်။
ထုတ်ကြည့်မိသမျှ ကြည့်မိလိုက်တော့ ကဒ်တွေချည်းပဲ များနေတယ်။ ဒါတောင် ဆွဲမထုတ်ရသေးတဲ့ ကဒ် ငါးခုလောက် ကျန်နေသေးတယ်။
ဒီတော့ ကဒ်တကာ့ကဒ်တွေထဲက ဘယ်ကဒ်ကို အလိုရှိပါသလဲ လို့ မေးရင်းနဲ့ ဒီနေ့ ပို့စ်ကို ပေါ့ပေါ့ပါးပါးပဲ ရေးလိုက်ပါတယ်ခင်ဗျာ။ ရွှင်လန်းကြပါစေ။

ကလိုစေးထူး
15 comments:
ကိုကလိုစေးထူးအိတ်ဆိုတော့ ဘာများ အထူးအဆန်းပါမလဲဆိုပြီး အသေအချာဖတ်လိုက်တာ ဘုရား ဘုရား…။ များပြားလှတဲ့ ကဒ်တွေပဲ ထွက်လာပါရော…။ ဒါတောင် ဆွဲမထုတ်ရသေးတဲ့ ကဒ်တွေ ကျန်သေးတယ်တဲ့…။ ကဒ်တွေနဲ့ ပိုက်ဆံနဲ့ မှားနေသလားတောင် အောက်မေ့ရတယ်…။ ဘာမှမဟုတ်ဘူး…။ မုန့်မကျွေးချင်လို့ ပိုက်ဆံများများ မပြတာဘဲ ဖြစ်ရမယ်…။ တော်တော် ကပ်စေးနဲတာပဲ…။ ကဒ်တွေထဲကတော့ ဘာကဒ်လိုချင်လဲတဲ့…။ ဘဏ်ကဒ်ပဲ ယူမယ်နော်…။
မှားသွားလို့ ဘဏ်ကဒ်မယူတော့ဘူး…။ အကြွေးဝယ်ကဒ်ပဲ ယူတော့မယ်နော်…။ ရတယ်ဟုတ်…။
ကိုစေးထူးရေ.. ကဒ်တွေတော့ မယူတော့ဘူး.. Memory Stick လေးပဲ ယူသွားလိုက်တော့မယ်.. :D :)
I just want your ATM and password :)
ဟိတ် မလှုပ်နဲ့ အိတ်ထဲပါတာတွေ အကုန်ထုတ် ပိုက်ပိုက်ရောဘဏ်ကဒ်ရော ကားအာမခံကဒ်ပါပေး အင်း မထူးပါဘူး တအိတ်လုံးပဲ မသွားတော့မယ် အဟတ်ဟတ် :P
အိတ်ထဲကရှိသမျှအကုန်ကြည့်သွားတယ်။ ကဒ်တွေထဲက လိုချင်တာကတော့ များနေတယ်။ အားလုံးနီးပါးပဲ။ ဟဲဟဲ... ရမှာလည်းဟုတ်ဘဲနဲ့...
u r very clecer , u know how to attract the readers, & can write interestedly, but anyway thanks, keep on
ကလိုစေးထူးဆိုတဲ့ကောင် ဘာတွေရေးနေလဲသေချာကြည့်ရင် ကလေးသာစာစာတွေပါပဲ။ သူများစာကူးချလိုက်၊ နိုင်ငံရေးလိုလိုစာရေးလိုက်၊ပေါကြောင်ကြောင်နဲ့ သူ့အကြောင်းတွေရေးလိုက်နဲ့။ ဒါကိုပဲ အဟုတ်ထင်ပြီးအားပေးနေတဲ့ လူတွေရဲ့ စာဖတ်အဆင့်အတန်းကိုနားမလည်နိုင်ဘူး။
လိုချင်တာကတော့ ဒီကောင့်ကဒ် ဒီကောင့်ကဒ် … ဒီကောင်မလေးနဲ့ အဆင်ပြေမယ်ဆိုရင်တော့ ခဏငှားသုံးချင်တာပဲ ။ မြန်မာပြည်မှာလိုပေါ့ အကိုစေးထူးရဲ့…ဟဲဟဲ
လေးစားလျှက်
မွန်းသက်ပန် (ဆေး-၁)
To anonymous,
A lot of people like Ko Klo Say Htoo for his writing especially when he writes about politics. Nobody cares what you said. You know why? Because we all love to read about those ruthless, selfish, greedy " sit bo sok". One thing is for sure you are sucker for those.
Ko Klo Say Htoo, why don't we write more about politics, just to piss them off. Right on!!!
TCW
အဲဒီ အိတ်တစ်ခုလုံး ဒီဘက်ကမ်းလိုက်စမ်း မောင်စေးထူး
အဟတ်ဟတ်
umm like u said, i am here again and i saw what u mean... hahaha... don't care about people who say "that" kind of things, they are just jealous.... so write what u feel....
anyways, u don't have that much cards as i do!!!! i beat you!!!
ကဒ်တွေကို မျက်စိကျတဲ့လူ တော်တော်များပုံပဲ။ အဟဲ။ မေပျိုရေ…၊ ခရက်ဒစ်ကဒ်ယူသွားပြီး အရမ်းတော့ မသုံးပစ်နဲ့နော်။ :P nu-san က memory stick လေး ယူသွားမယ်ဆိုတော့ အသစ်တခု ထပ်ဝယ်မှ။ :) ကိုလွင်မိုး…၊ ယူလေဗျာ၊ ပြီးရင် ကျနော် ဘဏ်ကို ဖုန်းလှမ်းဆက်ပြီး ကဒ်ကို ပိတ်လိုက်မယ်။ :D ညီမမယ်လိုဒီ တအိတ်လုံးတော့ မယူနဲ့လေကွာ နှင်းနှင်းအတွက် တကဒ် နှစ်ကဒ်လောက် ချန်ထားပေးလိုက်။ :P ng ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
Anonymous ခင်ဗျာ။ ဟုတ်ကဲ့…၊ ကျနော် ဘယ်လိုစာမျိုး ရေးပေးရမယ်ဆိုတာ အကို/အမ အကြံပေးပါအုံး။
ညီမမွန်းသက်ပန်…၊ ကဒ်ဆိုတာ မငှားကောင်းဘူးတဲ့၊ ဟဲဟဲ။ :P
TCW မှတ်ချက်အတွက် ကျေးဇူးတင်ပါတယ်။ မမလေးဒိုရာ…၊ ရော့ ယူလိုက် :D
နှင်း…၊ ကဒ်အများပြိုင်မလား :P
အိတ်ကို ၀င်မွှေကြသူအားလုံး ရွှင်လန်းကြပါစေဗျာ။ :)
ပိုက်ပိုက်တွေ များလှချည့်လား ကျုပ်အိတ်ထဲမတော့ဗျာ ကြေးပြားနဲ့  ငွေပြားဘဲရှိတယ်။ အများဆုံး ၁၀တန်ဘဲထားတယ် ဒါတောင် ပေးစရာရှိလို့ သာ ခေတထဲ့ ထားတဲ့ သဘောဘဲ။ ကဒ်များလေးလွန်းလို့  မလွဲရှောင်သာတဲ့ ကဒ်ဘဲသယ်ရတယ်ဗျို့  ဘာဘဲဖြစ်ဖြစ် ပိုက်ပိုက်ပေါသော အိတ်ပိုင်ရှင် သေဌေးလေးမှန်း သိသွားပြီဗျို့ 
ohhh,,
rita lar tar nauk kya twar p,, a shae ka lu tway ka ,,a sho sho tg yu twar kya p,,,
Ko say htoo mhar bar mha kyan pone ma paw tau buu
ma tg tau buu naw,, ta narrr lo
:)
Post a Comment