ငါချက်တဲ့ ဟင်းတခွက်
တချို့ကတော့ အစပ်အဟပ်တည့်
တချို့ကတော့ အပြတ်အသတ်မဲ့
မချက်တတ်ချက်တတ်နဲ့ ငါ့ဟင်း
စားသုံးသူ ရှိနေလေတော့
ငါ… ဘလော့ဂ်ရေးတယ်။
တခါတလေလဲ
စကားလုံးတွေက
ပန်းခက်တွေဖြစ်လိုက်
လွမ်းချက်တွေ ဖွင့်လိုက်
ကြည်နူးစရာကောင်းလိုက်ပုံများ
ဟော…
စီးချင်းထိုးကြပြန်တော့လဲ
မြားအစင်းစင်းခမယ့်ဟန်
တအားအတင်း ငြင်းကြရပြန်တော့
ငါ… ဘလော့ဂ်ရေးတယ်။
ဟေ့…
အဝေးကိုတော့ မပြေးစမ်းပါနဲ့
ဟောဒီမှာ …
မင်းခံစားချက်၊ မင်းယုံကြည်ချက်
မင်းရပ်တည်ချက်၊ မင်းဖွင့်ဟချက်
ဒါတွေကို နားလည်ပေးနေသူတွေ
အများကြီး…
လာစမ်းပါကွာ… ဟိုးရှေ့မှာ ပန်းတိုင်ရှိတယ်
ဒီလိုနဲ့ပဲ…
ငါ… ဘလော့ဂ်ရေးတယ်။
အဲဒီ ကဗျာတပိုဒ်ကို ကိုဖြိုးရဲ့ တောင်းဆိုမှုကြောင့် ဘလော့ဂါတွေ စုပေါင်းရေးခဲ့ကြတဲ့ `အထက်တန်းကျတဲ့ ဘလော့ဂါ´ ဆိုတဲ့ ကဗျာမှာ ကျနော် ရေးခဲ့မိဖူးတယ်။
အဲဒီအချိန်ကာလတွေတုန်းက ဘလော့ဂ်ရေးခဲ့ရတာ တော်တော်လေးကို လွတ်လပ်ပေါ့ပါးခဲ့သလို ခံစားရတယ်။ အခုရော မလွတ်လပ်တော့ဘူးလားလို့ မေးရင် အဲဒီလိုတော့လဲ မဟုတ်ဘူး ဆိုပေမယ့် ဘလော့ဂ်စရေးခါစ သုံးလေးလကလောက် လွတ်လပ်ပေါ့ပါးမှုမျိုး မရှိတော့သလိုတော့ ခံစားရမိတယ်။ ကလေးလေး တယောက် တဖြည်းဖြည်းနဲ့ အသက်တွေကြီးလို့ လူလားမြောက်လာတဲ့ ခံစားချက်နဲ့ တူမလားတော့ မပြောတတ်ဘူး။
တကယ်တော့ `ဘလော့ဂ် ရေးသူ´ ဆိုတဲ့ ခံစားချက်ကို ကဗျာဖွဲ့လို့တနည်း၊ စာစုတွေသီလို တမျိုး ပုံဖော်ကြည့်မိခဲ့တာလဲ အခါခါပါပဲ။
ဒါပေမယ့် ဘလော့ဂ်ရေးတာဟာ သူများတွေ လုပ်လို့ လိုက်လုပ်တာ မဟုတ်ဘူး လို့ ပြောရမယ့် အထဲမှာတော့ ကျနော်မပါပါဘူး။ ဘာလို့လဲဆိုတော့ သူတကာတွေရဲ့ ဘလော့ဂ်တွေကို ဖတ်မိ၊ အားကျမိရာကနေ အမျိုးအမည်မသိတဲ့ ပိုးတမျိုး စေ့ဆော်ရာကနေ ဘလော့ဂ်ကို စရေးဖြစ်ခဲ့တာကိုး…။ အခုတော့ ဘလော့ဂ်ဆိုတာဟာ ကျနော့်အတွက်တော့ တိုင်တည်စရာ နေရာဆိုလဲ ဟုတ်၊ ရင်ဖွင့်စရာ နေရာဆိုလဲဟုတ်၊ ပေါက်ကွဲအော်ဟစ်စရာနေရာဆိုလဲ ဟုတ် လို့ ပြောလို့ရနေပါပြီ။ တခါတလေများဆိုရင် အနားမှာ ဘယ်သူမှ မရှိတော့ဘူးလို့ ခံစားရတဲ့အခါမျိုးမှာ ဘလော့ဂ်ပေါ်မှာ ကိုယ်ရေးခဲ့တဲ့စာတွေကို မျက်ရည်အ၀ဲသားနဲ့ ပြန်ဖတ်ရင်းနဲ့ပဲ ဘလော့ဂ်က ကိုယ့်ကို `အားမပျက်စမ်းပါနဲ့ဗျာ´ လို့ ပြန်အားပေးနေသလိုကို ခံစားခဲ့ရဖူးတယ်။
တချို့က ကျနော့်ဘလော့ဂ်ကို နှစ်သက်အားပေးကြတယ်။ တချို့ကျတော့လဲ ဗြောင်ကျကျပဲ `ခင်ဗျားစာတွေ ဖတ်ဖို့ ကျနော့်မှာ အချိန်မရှိသေးဘူးဗျာ´…တဲ့။ အဲဒီလိုနဲ့ပဲ ပီတိတွေကို စားလိုက်၊ ဆေးခါးတွေကို မျိုလိုက်၊ အားပေးစကားတွေနဲ့ ရှေ့ဆက်လိုက်၊ တခါတခါတော့လဲ ငိုက်ဆိုက်ကျသွားလိုက်နဲ့ပဲ ရေးခဲ့လိုက်ရတဲ့ ပို့စ်တွေ…။
ကျနော် ဘယ်အချိန်လောက်မှာ ဘလော့ဂ်ရေးနေရတာကို ရပ်ဆိုင်းလိုက်ရမလဲ ဆိုတဲ့ အတွေးကို မကြာခဏဆိုသလို တွေးကြည့်မိဖူးတယ်။ ဘယ်အချိန်ကာလလောက် အထိ ကျနော် ရေးနေနိုင်ဦးမလဲ…ပေါ့။ တွေးမိတဲ့ တခဏမှာတင်ကိုပဲ ဘလော့ဂ် မရေးရတော့ဘူး ဆိုတာဟာ ကိုယ့်ခန္ဓာကိုယ်ထဲက အစိတ်အပိုင်းတခုခုကို ဖဲ့ချွေခံရသလို ခံစားချက်က ဖြစ်လာတယ်။ ဟုတ်တယ်…၊ ကျနော် ဘလော့ဂ် အရမ်းရေးချင်တယ်။
သားကို မျှော်နေတဲ့ အမေအတွက်
အမေကို လွမ်းနေရတဲ့ သားအတွက်
အကိုကို မျှော်နေတဲ့ ညီလေးညီမလေးနဲ့
သူတို့တွေကို တမ်းတနေတဲ့ အကိုအတွက်
ကျနော် ဘလော့ဂ် ရေးချင်တယ်…။
ဥပဒေအပေါ် တက်ထိုင်နေတဲ့ လူတွေ
ဘ၀တွေကို ၀ါးစားနေတဲ့ လူတွေ
မျက်ရည်တွေကို သောက်သုံးနေတဲ့ လူတွေ
နှလုံးသည်းပွတ်တွေကို ခင်းကျင်းထိုင်နေတဲ့လူတွေ
အဲဒီလူတွေကို လူနဲ့တူစေဖို့အတွက်
ကျနော် ဘလော့ဂ် ရေးချင်တယ်…။
ဖြန့်ထားတဲ့ လက်တွေထဲကို မျှော်လင့်ယုံကြည်ချက်တွေ ထည့်ပေးချင်တယ်
ငိုက်ဆိုက်ကျနေတဲ့ ဦးခေါင်းတွေကို ဆတ်ခနဲဖြစ်ဖြစ် ထောင်ကြည့်စေချင်တယ်
ဖြေလျော့လုလု လက်သီးဆုပ်တွေကို မာန်အပြည့်နဲ့ အားတင်းထားစေချင်တယ်
လှောင်ပိတ်နေတဲ့ အခန်းတံခါးကို အလင်းတစလေးပဲ ဖြစ်ဖြစ် သွတ်သွင်းကြည့်ချင်တယ်
ကျနော် ဘလော့ဂ် ရေးချင်တယ်…။
ဆန်တစေ့နဲ့ ထမင်းတပန်းကန် ဖြစ်မလာဘူးဆိုရင်တောင်
ဆန်စေ့ဖြစ်နေရတာကိုပဲ ကျေနပ်ချင်တယ်
အုတ်တချပ်လောက် တန်ဘိုးမရှိရင်တောင်
သဲတပွင့် ဖြစ်နေရတာကိုပဲ ကျေနပ်ချင်တယ်
ကျနော် ဘလော့ဂ် ရေးချင်တယ်…။
နေ၀င်ပြီဆိုရင် အမှောင်ရောက်လာတယ် ဆိုပေမယ့်
နေ၀င်တာကိုမှ အရသာခံကြည့်ချင်သေးတဲ့ နှလုံးသားတွေအတွက်
ကျနော် ဘလော့ဂ် ရေးချင်တယ်…။
ကျနော် ဘာကောင်မှလဲ မဟုတ်ဘူး
ကျနော် ဘာသမိုင်းကြောင်းမှလဲ မရှိဘူး
ကျနော် မရှိလို့လဲ လောကကြီးက ဘာမှဖြစ်မသွားဘူး
ဒါပေမယ့်
ရှိနေရတဲ့ အချိန်တခဏလေးအတွက်ပဲ ဖြစ်ဖြစ်
ကျနော် ဘလော့ဂ် ရေးချင်တယ်…။
စိတ်ထဲမှာ တွေးမိ၊ ထိရှမိတာတွေကို ချရေးပြီး ပြန်ဖတ်ကြည့်တာ ကဗျာလို့ ပြောရလောက်အောင်လဲ စကားလုံးတွေက ကျစ်လစ်မနေဘူး။ စကားပြေလို့ ပြောရလောက်အောင်လဲ စာသားတွေက မပြေပြစ်ပြန်ဘူး။ အင်း… အဲဒီလို ရေးချ ရင်ဖွင့်လိုက်ရတာကိုက ဘလော့ဂ် ရေးခြင်းရဲ့ အရသာ ထင်ပါရဲ့…။
ကလိုစေးထူး
တချို့ကတော့ အစပ်အဟပ်တည့်
တချို့ကတော့ အပြတ်အသတ်မဲ့
မချက်တတ်ချက်တတ်နဲ့ ငါ့ဟင်း
စားသုံးသူ ရှိနေလေတော့
ငါ… ဘလော့ဂ်ရေးတယ်။
တခါတလေလဲ
စကားလုံးတွေက
ပန်းခက်တွေဖြစ်လိုက်
လွမ်းချက်တွေ ဖွင့်လိုက်
ကြည်နူးစရာကောင်းလိုက်ပုံများ
ဟော…
စီးချင်းထိုးကြပြန်တော့လဲ
မြားအစင်းစင်းခမယ့်ဟန်
တအားအတင်း ငြင်းကြရပြန်တော့
ငါ… ဘလော့ဂ်ရေးတယ်။
ဟေ့…
အဝေးကိုတော့ မပြေးစမ်းပါနဲ့
ဟောဒီမှာ …
မင်းခံစားချက်၊ မင်းယုံကြည်ချက်
မင်းရပ်တည်ချက်၊ မင်းဖွင့်ဟချက်
ဒါတွေကို နားလည်ပေးနေသူတွေ
အများကြီး…
လာစမ်းပါကွာ… ဟိုးရှေ့မှာ ပန်းတိုင်ရှိတယ်
ဒီလိုနဲ့ပဲ…
ငါ… ဘလော့ဂ်ရေးတယ်။
အမေကို လွမ်းနေရတဲ့ သားအတွက်
အကိုကို မျှော်နေတဲ့ ညီလေးညီမလေးနဲ့
သူတို့တွေကို တမ်းတနေတဲ့ အကိုအတွက်
ကျနော် ဘလော့ဂ် ရေးချင်တယ်…။
ဘ၀တွေကို ၀ါးစားနေတဲ့ လူတွေ
မျက်ရည်တွေကို သောက်သုံးနေတဲ့ လူတွေ
နှလုံးသည်းပွတ်တွေကို ခင်းကျင်းထိုင်နေတဲ့လူတွေ
အဲဒီလူတွေကို လူနဲ့တူစေဖို့အတွက်
ကျနော် ဘလော့ဂ် ရေးချင်တယ်…။
ငိုက်ဆိုက်ကျနေတဲ့ ဦးခေါင်းတွေကို ဆတ်ခနဲဖြစ်ဖြစ် ထောင်ကြည့်စေချင်တယ်
ဖြေလျော့လုလု လက်သီးဆုပ်တွေကို မာန်အပြည့်နဲ့ အားတင်းထားစေချင်တယ်
လှောင်ပိတ်နေတဲ့ အခန်းတံခါးကို အလင်းတစလေးပဲ ဖြစ်ဖြစ် သွတ်သွင်းကြည့်ချင်တယ်
ကျနော် ဘလော့ဂ် ရေးချင်တယ်…။
ဆန်စေ့ဖြစ်နေရတာကိုပဲ ကျေနပ်ချင်တယ်
အုတ်တချပ်လောက် တန်ဘိုးမရှိရင်တောင်
သဲတပွင့် ဖြစ်နေရတာကိုပဲ ကျေနပ်ချင်တယ်
ကျနော် ဘလော့ဂ် ရေးချင်တယ်…။
နေ၀င်တာကိုမှ အရသာခံကြည့်ချင်သေးတဲ့ နှလုံးသားတွေအတွက်
ကျနော် ဘလော့ဂ် ရေးချင်တယ်…။
ကျနော် ဘာသမိုင်းကြောင်းမှလဲ မရှိဘူး
ကျနော် မရှိလို့လဲ လောကကြီးက ဘာမှဖြစ်မသွားဘူး
ဒါပေမယ့်
ရှိနေရတဲ့ အချိန်တခဏလေးအတွက်ပဲ ဖြစ်ဖြစ်
ကျနော် ဘလော့ဂ် ရေးချင်တယ်…။
27 comments:
အဲလိုနဲ့ ...
ဘလော့လောက မှာ မသာယာပါဘူး ပြောရင်း
ဖက်တွယ်နေမိတဲ့ ... ဘလော့ သရဲ တကောင် ဖြစ်လာ တာပေါ့ကွယ်...။
ဘလော့ မှာ ဘာဖြစ်နေမလဲဆိုတဲ့ စိတ် နဲ့ စားစားသွားသွား ဗျာများနေတဲ့ ဘလော့ဂါ ရေ...
အရက်သောက်ရင်တောင် ဘလော့နားမှာ နေပီးသောက် တဲ့ သူဆိုတော့....
ဟင်းးးးးးးးးးးး......
ဘလော့ချစ်သူ လို့ပဲ ကင်ပွန်းတပ်လိုက်ပါလား ဟင်
ကျနော်ကတော့ ဘာချက်ချက်စားမယ် အစပ်ဟပ် တည့်တည့် မတည့်တည့် စားသူရဲ့ လျှာပေါ်မှာပဲ မူတည်တယ် အခုလည်းစားမယ် နောင်လည်းစားမယ် အစ်ကို ချက်နေသ၍။ဘလော့ဂ် မရေးရတော့ဘူး ဆိုတာဟာ ကိုယ့်ခန္ဓာကိုယ်ထဲက အစိတ်အပိုင်းတခုခုကို ဖဲ့ချွေခံရသလို ခံစားချက်က ဖြစ်လာတယ်။ ဟုတ်တယ် အဲ့ဒါ ဘလော့ဂါတစ်ယောက်ရဲ့ ခံစားချက်ပဲ လက်ခံတယ်။ အားပေးနေတဲ့ သူတွေရှိသေးတယ် ဆိုတဲ့ အသိနဲ့  ဘလော့ရေးပါလို့  ;)
အဆင်အားပေးလျှက် ။
အစ်ကိုကတော့အရေးအသားနဲ့အတွေးအခေါ်မှာ တော့ တကယ့်စာရေးဆရာကောင်းတစ်ယောက်ပါ... ကျွန်တော်ကတော့ အပြင်ရောက်မှ Blog ဆိုတာရင်းနှီးခွင့်ရတာ.. သူများတွေရေးထားတာတွေ နဲ့ကိုယ်ကြည့်ဖြစ်တဲ့ website address တွေမှတ်ဖို့လုပ်ရင်းကပိုးဝင်သွားတာ
အခုတော့ နှစ်လဆိုတဲ့အချိန်ရောက်လာပြီ.. ဆက်လက်ရှင်သန်ဖို့ ကြိုးစားရအုံးမယ်..
ပထမဆုံး အပိုဒ်မှာတင်တော်တော်စိတ်ဝင်စားသွားတယ်ဗျာ။ သိပ်ကောင်းပါတယ်။ ဘလော့ရေးတဲ့သူတစ်ယောက်ရဲ့ ခံစားချက်တွေ အများစုကို ရေးထားတာဖတ်ရတော့လည်း ကြည်နူးမိတယ်။
ဘာမှ သိပ်မတွေးပါနဲ့လေ။း)
အသွေးအသားထဲက.. စာရေးချင်လို့ကို ရေးနေတဲ့..ဘလော့ တွေ မှန်း သိပါတယ်။ ရေးချင် တော့ ရေး- မရေးချင်တော့ ရင်.မရေးနဲ့ပေါ့။ ဒါပဲ- ဘလော့..လေ။
I Like it.
ရေးပါ။ ရေးပါ။ စိတ်ချမ်းသာသရွေ့ရေးပါ။ တခါတလေ ကိုယ်ခန္ဓာ အစိတ်အပိုင်းဆိုတာ ကိုယ်ခန္ဓာတခုလုံး အသက်ရှင်သန်ရေးအတွက် စွန့်လွှတ်ရတာတွေရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ရေးချင်သလောက်တော့ ရေးကြတာပေါ့။
တစ်ချို့က ပျော်လို့ ဘလောဂ့်တယ်
တစ်ချို့က ၀ါသနာကြောင့် ဘလောဂ့်တယ်
တစ်ချို့ကျတော့ ဘလောဂ့်ရင်း ခံစားချက်တွေ ပွင့်ထွက်တယ်
တစ်ချို့ကာ ဘလောဂ့်က တစ်ဆင့် ကလောင်သွေးတယ်
တစ်ချို့က မျှဝေခြင်းနဲ့ ဘလောဂ့်လုပ်တယ်
တစ်ချို့ကျတော့ ဘလောဂ့်ရင်းနဲ့ မိတ်သစ်ရှာလို့
တစ်ချို့ကျတော့ ဘလောဂ့်ရင်း ဝေဖန်တယ်
တစ်ချို့ကြောင့် ဘလောဂ့်ရင်း ရင်မောရတယ်
တစ်ချို့တွေဆို ဘလောဂ့်ရင်း အမှန်တရားအတွက် တိုက်ပွဲဝင်လို့...
အဖြစ်သနစ်စုံမှ လောကဖြစ်သလို ဘလောဂ့်စနစ်စုံမှ ဘလောဂ့်လောကလည်း ပျင်းစရာ မကောင်းတော့ဘူးပေါ့.. :P
Obviously you have regular readers now as they enjoy reading your posts and giving their times here including me.
Every single time i came here and read your posts, I feel it's worth it to spend the times in your blog because purely you have talents.
Whatsoever the reason that you do the blog, I am pretty sure peoples are enjoy visiting here. So, Keep on rolling what you believe in. More importantly, I have faith in you the fact that you will not let peoples down who support you.
You are one of the best favorite blogger in Myanmar bloggers world for me. No doubt!!
Best of luck.
SMNTL
ဟင်းချက်တာရမ်းသမ်းကွတ်ပေမဲ့ ဘလော့ရေးတာကတော့ ရမ်းသမ်းရေးတာ မဟုတ်တဲ့အတွက် အလွန်ကောင်းမွန်သည် ထက် ဟိုဘက်ကို ပိုရောက်နေတာပဲ ။ ကိုစေးထူးကြီးရေ ဆက်လုပ် ပါဗျ
yes ... but i dont want to glance back mine ... as i believe all good except some mis understandings .... cheers !
sh
(PS. I cant type Burmese now for my comp problem ...)
ဟုတ်တယ်နော်
ဘလော့စရေးကစလို့ ခံစားချက်တွေ မလတ်ဆတ်တော့တာ တော့အမှန်ပဲ။
အရင်ချိန်တွေပြန်လိုချင်နေမိတယ်။
Blog မရေးခင်က ကိုစေးထူးတို့ မမေဓာဝီတို့ blog တွေ အရင်ဆုံး စဖတ်ဖြစ်တယ်။ စာအရေးအသားရော အတွေးအခေါ်တွေရော ကြိုက်လို့ comment မရေးခဲ့ပေမယ့် အသစ်တင်တိုင်း ဖတ်ဖြစ်တယ်။ နောက်တော့ ကိုစေးထူးပို့စ်တွေ တခြား media (ခေတ်ပြိုင် ၊ ဧရာဝတီ၊... ) မှာ ဖတ်ရတော့ ရေးထားတဲ့ အကြောင်းအရာတွေက ကျနော်တို့နဲ့ အစပ်အဟပ်တည့်တယ်ဆိုရမလားပဲ.. နောက်ပြီး အကိုတို့လို စာရေးကောင်းတဲ့သူတွေဆီက ပို့စ်တခုဖတ်ရရင် ဗဟုသုတ အတွေးအဲဒီလိုလေးတွေ ပေးတတ်တာကို သဘောကျတာ။ တကယ်လို့သာ စာရေးကောင်းသူတွေ နားသွားရင်တော့ အားလုံးအတွက် အများကြီးနစ်နာတယ်လို့ ထင်တယ်..။ ပို့စ်အသစ်တွေ ရေးနေသရွေ့တော့ အားပေးနေဦးမှာ....
ရေးပါ...ရှင့်ရေးပါ...
အားပေးလျက်...
လေးစားလျက်ပါ...
ကျွန်တော်အခုမှကွန်မန့်ပထမဆုံးအကြိမ်ရေးဖြစ်တာပါ။
ကိုကလိုစေးထူးရဲ့အရေးအသားနှင့်အတွေးအခေါ်က
အရမ်းကောင်းပါတယ်။အမြဲတမ်းလဲရောက်ဖြစ်ပါတယ်။
သဘောထားတိုက်ဆိုင်တာမတိုက်ဆိုင်တာကတော့သဘာဝပါ။
ဂရုစိုက်စရာမလိုပါဘူး။
လွတ်လွတ်လပ်လပ် ဘလောက်ရေး ရတာ ကောင်းပါတယ်။ အဲ ကိုယ်ရေးတာကို ကိုယ်တာဝန်ယူရဲတဲ့ အသိတော့ ရှိရတာ ပေါ့လေ။ ပုံရိပ်တော့ ဘလောက်ကို ဖြည်းဖြည်း နှေးနှေးနဲ့ ဆက်ရေးဖြစ်နေ မယ်ထင်တယ်။ :D ကိုစေးထူး လည်းဆက်ရေးပါ။ အားပေးနေပါတယ်။
အဟိ အပေါ်ကပြောသွားကြတာတွေအားလုံးအတိုင်းပဲ ကိုကြီးစေးထူး ချီးယားစ် 555
I put my heart and soul to read your every blog post either keeping quiet or not :P
သမင်လည်ပြန်ကြည့်တော့ ၂နှစ်တိတိရှိခဲ့ပြီပေါ့…
ဘလော့ဆိုတာ မျက်လှည့်မဟုတ်ပေမယ့် စကားလုံးတွေကတဆင့် ငိုရ… ရယ်ရ… ပျော်ရွှင်ရ… စိတ်တိုရ… ကြေကွဲရ… နဲ့  ဘလော့ရေးသူ လက်စွမ်းပေါ်မူတည်လို့  ခံစားချက်တွေ အမျိုးမျိုးပြောင်း အံ့သြစရာလဲ ကောင်းပါဘိ…
ကျွန်မ မဘလော့ခင်ထဲက ဒီဘလော့ကို သံယောဇဉ်ကြီးစွာနဲ့  အမြဲရောက်နေကျ…
ဒီဘလော့ကနေအင်အားတွေရတယ်… ယုံကြည်ချက်တွေရတယ်… စေတနာတွေရတယ်…
ကိုစေးထူးရေ… ၂နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာထိ ဘလော့နိုင်ပါစေလို့ …
၂နှစ်ပြည့်ဘလော့လေး ကျန်းမာပါစေ…
လေးစားပါတယ် ကိုစေး။
အမြဲတမ်းအားပေးနေပါတယ်။
ဒီ post ထဲက ခံယူချက်ကော အရေးအသားကော ကဗျာကော အရမ်းကြိုက်တယ်ဗျာ။
ဟိုးရှေ့မှာ ပန်းတိုင်ရှိတယ် ဆိုပြီး ...
ပန်းတိုင်ဆီ အတူပျံသန်းရင်း ...
ကျန်နေခဲ့တဲ့ ငှက်ငယ်တကောင် ...
သူ ... အတောင် ညောင်းသွားလို့လား ...
သူ ... အတောင် ကျိုးသွားလို့လား ...
ခန္ဓာကိုယ် အစိတ်အပိုင်းတခု ဖဲ့ချွေခံလိုက်ရလို့လေလား ....
ကိုစေးထူး ...
ပန်းတိုင်သို့ ဆက်လက် ပျံသန်းနိုင်ပါစေ ...
ဘလော့ချစ်သူ ...
ဘလော့က လမ်းကလေး ဆိုပါတော့။ ဆက်လျှောက်ရဦးမှာပဲ မဟုတ်လား။ လမ်းကလေးကလည်း တသမတ်ထဲ ပုံစံတူရှိမနေဘူး။ မြက်တွေစိမ်းလိုက် ခြောက်သွေ့လိုက်။ ဆောင်းဆိုတမျိုး နွေဆိုတဖုံ ရာသီအလိုက် အချိန်အလိုက် သဘာဝအတိုင်း ပြောင်းလဲနေတတ်ပြန်ရော။ ဘယ်လိုဖြစ်ဖြစ် အချိန်တန်တော့လည်း သမင်လည်ပြန် ခံစားမှုတွေက တစ်ပတ်လည်လည် လာတတ်ပြန်တယ်။
တိတိ ကျကျ မှန်မှန် ကန်ကန် မြန်မြန်ဆန်ဆန် ဘလော့ဂ် သူတိုင်း ဆီ နှင့် ရေ ၏ အနှစ်သာရ ကို ခွဲ ခြားတတ်မှာပါ…
(သူတို့ လာခဲ့ကြပါပြီ နဲ့ သမင်လည်ပြန် ပို့ စ်ဖတ်အပြီး မှာ တိတိကျကျ ဆိုတဲ့ သူရို့ စကားလုံး ကိုပဲ ငှားသုံးလိုက်ပါတယ်… :D)
Hi Ko Klosayhtoo, Your blog is one of my favorite Burmese bloggers's blogs. Please keep writing. Your are such a talented and great writer. Please keep up the good work. Wish you all the best. From SG
ခံစားချက်တွေကို နားလည်စာနာပေးကြတဲ့ ကွန်မန့်တွေအတွက် တကယ်ကိုပဲ အားတက် ပျော်ရွှင်ရပါတယ်။ အားလုံး အားလုံးကို အထူး ကျေးဇူး တင်ပါတယ်ခင်ဗျာ။
Hi Ko Klosayhtoo, this is 1st time visiting to your blog, for me and I enjoy it.
One page, I meant one page only, I read from your blog and I felt that it's worth to come back to read for more than countless time.
Unlike some, you didn't point your fingers to anyone but pointed out to pure anlysis on situations of our country.
With additional facts, no matters with what reasons your writing blog, I will support u peacefully and sliently.
Then again gd luck with your thoughts and your blog.
^_* cheers!
နောက်ကျတဲ့ ကွန်မန့်အတွက် ခွင့်လွှတ်ပါ အစ်ကိုရေ။ ကျွန်တော်တို့တွေအားလုံး နှလုံးသားချင်း တူတာကတော့ အသေအချာပါပဲ အစ်ကိုရေ။ :)
Post a Comment