Wednesday, November 28, 2007

မောဟိုက်ခြင်း…

ဘာမှမဖြစ်သလို နေရတာက ပင်ပန်းလွန်းသလို
တခုခု ဖြစ်နေရတာကြီးကလည်း ပင်ပန်းတာပဲ

လောကကြီးက အလုပ်များနေတယ်
ကျနော်က လွင့်နေတဲ့ သစ်ရွက်တွေကို လိုက်ဖမ်းနေတယ်။

`ဟဲလို… …´
ဘယ်ကဘယ်လို မျက်စိလည်လာမှန်း မသိတဲ့
အငွေ့အသက်ဟောင်းတခုကို တွေ့လိုက်တယ်။
သိပ်မကြာပါဘူး…
လှစ်ခနဲ ပျောက်သွားပြန်တယ်။

`အား…´
စူးလိုက်တာ…
လက်ညှိုးယောင်ဆောင်ထားတဲ့ မျှားတွေက
ဘေး ဘယ်ညာကနေ…
ရှေ့တည့်တည့်ကနေ…
ပြီးတော့…
နောက်ကျောကနေ…။

လေပြည်ညှင်းလေးက တိုက်နေပါရဲ့
ဒါပေမယ့် ကျနော်က လိပ်ပြာမလုံတော့
လေစိမ်းတွေ ဖြစ်သွားတယ်။

ပိတ်လှောင်နေတဲ့ အခန်းကို မုန်းတယ်
နားတဖက်ထဲ ရှိတဲ့ အစိမ်းရောင်တွေကို အားမရဘူး
ခြံစည်းရိုးပေါ်က ဖားခုန်ညင်းတွေကလည်း
ဟိုဘက်မှာ အုံးအင်၊ ဒီဘက်မှာ အုံးအွမ်နဲ့
@#&@$ &%$#@#$%^&
..................
........................
ဒီလိုနဲ့ပဲ
လောကကြီးကို ဖရုဿဝါစာတွေက
မင်းမူနေလေရဲ့။

လူကြီးဆန်လှတဲ့ ရေအေးအေး တပေါက်က
`သိပ်မခံစားလွန်းနဲ့´ လို့ ပြောတော့
ကျနော်က ဖေးမခြင်းတွေကို
အငမ်းမရ သောက်သုံးပစ်လိုက်တယ်။

တကယ်ပါဗျာ…
ဘာမှမဖြစ်သလို နေရတာက ပင်ပန်းသလို
တခုခုဖြစ်နေတာကြီးကလဲ ပင်ပန်းလွန်းလှပါတယ်…။


ကလိုစေးထူး

6 comments:

MELODYMAUNG said...

If you are so tired, do take a rest and relax at dim light and listen melody like nature's sound(streaming sound, birds shouting/whispering).
(Just sharing my habit) :P
Sometimes, I used to shout in the dark (nobody there)
Pls try it my dear, If you are tired in your mind and soul.

Anonymous said...

အကိုရေ ကဗျာလေးက သိပ်ကောင်းတာပဲ .. ။ ဒီပုံစံကဗျာလေးတွေကို ညီမသဘောကျတယ် .. :)

မေဓာဝီ said...

တကယ်ပါ …
ပင်ပန်းလို့ တခုခု ဖြစ်နေတာ …
ပင်ပန်းလို့လည်း ဘာမှမဖြစ်နေတာ …

အလုပ်များနေတဲ့လောကကြီးထဲမှာ
သစ်ရွက်တွေက လွင့်နေတဲ့သူ့ကို လိုက်ဖမ်းနေကြတယ် ။

လှစ်ခနဲပျောက်သွားတဲ့ အငွေ့အသက်ဟောင်းက
သိပ်မကြာပါဘူး မျက်စိလည်လာပြန်တယ်။

နောက်ကျောကနေ ထိုးနေတဲ့
မြားတွေက လက်ညှိုးတွေ အဖြစ် သူ့ကို စူးတယ်။

လေစိမ်းတွေက လိပ်ပြာမလုံဘဲ
လေညင်းအဖြစ်ပြောင်းလဲပြီး သူ့ဆီ တိုက်ခတ်ကြတယ်။

မုန်းတဲ့အခန်းက အလုံပိတ် …
အားမရတဲ့ အစိမ်းရောင်တွေက နားတဖက်ထဲ …
စည်းရိုးပေါ်က အော်နေတဲ့ ဖားခုန်ညင်းတွေက
နောက်ဆုံးတော့ စမ်းသပ်ခန်းထဲက မှန်ပြားပေါ်မှာ ကားကားလေးတွေ …

ဒီလိုနဲ့ပဲ
ဖရုသ၀ါစာတွေကို လောကကြီးက မင်းမူတယ်။

နောက်ဆုံးတော့ …
သောက်သုံးနေတဲ့ ဖေးမခြင်းရေအေးအေးကိုလည်း
သိပ်မခံစားမိတော့ဘူး … ဆိုပဲ … ။

ဟုတ်မှာပါ …
ပင်ပန်းလို့ တခုခု ဖြစ်နေတာ …
ပင်ပန်းလို့လည်း ဘာမှမဖြစ်နေတာ …
***
(စိတ်မရှိပါနဲ့ … ကိုစေးထူးကဗျာကို ပြောင်းပြန်ပြန်ပြီး ရေးကြည့်တာ)

စိုးထက် - Soe Htet ! said...

သတိပဌာန်လေးနဲ့ ၀ိပဿနာ လုပ်ကြည့်ပါ အများကြီး အဆင်ပြေပါမယ် ... :D ကျွန်တော်ကတော့ ကိုယ် လုပ်တတ် သလောက်လေးပဲ လုပ်နေတာ :D

မေငြိမ်း said...

ဘုရားစူးရစေ့.. တကယ်ထိတဲ့ကဗျာလေးး
ဘာမှ မဖြစ်တာကလည်း ပင်ပန်းမှန်း.. ခုမှ နားလည်တော့တာ။ အရင်ကတော့ ပျင်းစရာကြီးလောက်ပဲ ထင်တာလေ.. :P

ကလိုစေးထူး said...

ညီမမယ်လိုဒီ…၊ ထူးထူးခြားခြား အင်္ဂလိပ်လို မှတ်ချက်တွေ ပေးလို့ပါလား။ :)
ညီမလင်းလက်…၊ ကျေးဇူးဗျို့။
မမေ…၊ ဂရုတစိုက်ဖတ်ပြီးတော့ အတွေးဖြည့်ကူတဲ့အတွက် ၀မ်းသာပါတယ်။
အကိုစိုးထက်…၊ ကောင်းပါတယ်ဗျာ။
အမ မေငြိမ်း…၊ ဘယ်နားကို ထိသွားတာတုန်း။ တော်တော်နာသွားသေးလား။ :P