အချိန်ခပ်စောစော ရက်များကတည်းက ကြိုတင်ပြင်ဆင်ပြီးသား ဖြစ်ခဲ့လို့ ထွက်ခဲ့ရတဲ့ ဒီခရီးစဉ်ဟာ ကျနော့်အတွက်တော့ အတွေ့အကြုံများစွာ၊ လေ့လာစရာ များစွာ ရရှိခဲ့ပါတယ်။ အဲဒါတွေကို ပြန်လည် ချရေးဖို့ကျတော့ တပုဒ်တည်းနဲ့ ရေးလို့ ကုန်မယ် မထင်တာနဲ့ အပုဒ်ရေ ခွဲပြီး တင်သွားဖို့ စဉ်းစားမိပါတယ်။
ခရီးသွား ဆောင်းပါးပုံစံကို ရေးလေ့ရေးထလဲ မရှိခဲ့ဖူးတော့ နေ့စဉ်လိုလို ဒါတွေချည်း တင်နေရင် လာဖတ်ကြသူတွေအတွက် အီနေမလားလို့ စဉ်းစားမိတာနဲ့ ခရီးစဉ်အကြောင်း တလှည့်နဲ့ တခြားသော အကြောင်းအရာ တလှည့်စီ ရက်ခြားပြီးတော့ ကျနော် တင်ဆက်သွားပါမယ်။
ကျနော် သွားခဲ့တာကတော့ နယူးယောက်ပြည်နယ်၊ ဘတ်ဖလို မြို့ကလေးကိုပါ။ အဲဒီမြို့ဟာ ကျနော်လက်ရှိနေတဲ့ မြို့ကနေ မိုင် ၆၅၀ ခန့် ဝေးကွာပါတယ်။ ပြည်နယ် လေးခုကို ဖြတ်သန်း မောင်းနှင်ပြီးမှ ရောက်ပါတယ်။
တကယ်တော့ ကျနော် ကားစတင် မောင်းတတ်တာက ဒီနှစ် ဖေဖော်ဝါရီလကမှပါ။ လိုင်စင်အောင်တာကလဲ မတ်လမှာမှ အောင်ခဲ့တာပါ။ ဒီတော့ ကားမောင်း အတွေ့အကြုံ အနေအထား၊ လက်ရှိ ကားမောင်း လိုင်စင် သက်တမ်း အနေအထားနဲ့ ဒီခရီးဟာ ကျနော့်အတွက်တော့ အင်မတန် သတိထားရတဲ့ ခရီးရှည်တခုပါပဲ။
အဲဒီမြို့ကို ရောက်ဖူးတဲ့ ဒီပြည်နယ်က မိတ်ဆွေက သူသွားတုန်းကတော့ ၁၂ နာရီလောက် မောင်းရတယ်လို့ ပြောတာနဲ့ ကျနော်က ကျနော့်စံချိန်ကို ယုံကြည်စိတ်ချစွာနဲ့ ၁၄ နာရီလောက် မောင်းရမယ်လို့ တွက်ချက်လိုက်ပါတယ်။ အဲဒါနဲ့ပဲ ဟိုကို မနက် ငါးနာရီလောက် အရောက် ခန့်မှန်းပြီး ကျနော့်မြို့ကနေ ဒေသစံတော်ချိန် ဇူလိုင်လ (၄) ရက်နေ့၊ ညနေ သုံးနာရီခန့်မှာ စတင်ထွက်ခွာခဲ့ပါတယ်။
ကားမောင်းတဲ့ အချိန်မှာ စိတ်ညစ်သင့်သလား၊ မညစ်သင့်သလား ကျနော် မသိပေမယ့် အဲဒီနေ့ မနက်ကတော့ ကျနော် တော်တော်လေးကို စိတ်ညစ်ခဲ့ပါတယ်။ လေးလံနောက်ကျိနေတဲ့ စိတ်ကို ဆောင်ထားတဲ့ ခန္ဓာကိုယ်က တကယ်တမ်း ခရီးစတင် ထွက်ခွာတော့ ဘေးမှာ တ၀ူးဝူး တဝေါဝေါ မောင်းနေကြတဲ့ ကားတွေရဲ့ တပ်လှန့်သံကြောင့် စိတ်မညစ်ရဲတော့ပါဘူး။
သွားရမယ့် လမ်း မမှားအောင်ကြည့်၊ ဘေးက ကားကိုကြည့်၊ အရှေ့က ကားကိုကြည့်၊ အနောက်က ကားကိုကြည့် ဟိုကြည့်ဒီကြည့်နဲ့ မောင်းလိုက်တာ အိမ်ကထွက်လို့ တနာရီခွဲကျော်ကျော်လောက်မှာ ချီကာဂိုမြို့ကို စတင်ဖြတ်သန်းပါတယ်။
ချီကာဂိုမြို့ကို အပြင်ကနေ ဖြတ်သန်းရင်းနဲ့ ကြည့်ရတာဟာ မျက်စိပသာဒ ဖြစ်လှပေမယ့် အဲဒါတွေကို လိုက်လံ မခံစားရဲပါဘူး။ များပြားလှတဲ့ကားတွေနဲ့ ရှုပ်ထွေးလှတဲ့ လမ်းတွေကြားမှာ အန္တရာယ်ကင်းကင်းနဲ့ ရှေ့ဆက်နိုင်အောင်သာ ဂရုတစိုက်နဲ့ မောင်းနှင်ခဲ့ရပါတယ်။
ဒီလိုနဲ့ I-90 လမ်းပေါ်ကိုရောက်တော့မှ ကားတွေ အတော်အတန် ရှင်းလင်းပါတယ်။ ကားလမ်းဘေး တဖက်တချက်မှာ ပြောင်းခင်းတွေနဲ့ စိမ်းစိုလိုက်၊ တခါတခါမှာတော့ တောအုပ်စိမ်းစိမ်းထဲ ဖြတ်မောင်းရလိုက်၊ အိပဲ့အိပဲ့နဲ့ သွားနေတဲ့ ကုန်တင်ကား ရှည်မျောမျောတွေကို တွေ့တော့ ဖြတ်ကျော်လိုက်၊ မီးရောင်စုံလှလှလေး အမိုးပေါ်မှာ ထွန်းပြီး နောက်ကနေ လိုက်လာမယ့် ကိုရွှေရဲကားကိုလဲ သတိနဲ့ စောင့်ကြည့်လို့ သတ်မှတ်မိုင်ထက် ပိုပိုသာသာလေး ခိုးမောင်းလိုက်နဲ့ မောင်းလာလိုက်တာ Toledo ဆိုတဲ့ မြို့ကို မှောင်ရီပျိုးစ အချိန်မှာ ရောက်ပါတယ်။ ဒေသစံတော်ချိန် ၈ နာရီကျော်ခန့် ရှိပါပြီ။
I-190 ကို ခွဲထွက်မောင်းနှင်ပြီး
ခပ်လှမ်းလှမ်းမှာ လှမ်းမြင်နေရတဲ့ တံတားကတော့ အမေရိကန်နိုင်ငံနဲ့ ကနေဒါနိုင်ငံကို ကူးဆက်ထားပေးတဲ့
ဒါကတော့
ဆက်ရန်…
ကလိုစေးထူး
6 comments:
အဟိ ခုမှစမောင်းတဲ့ သူကလဲ မိုင်ခိုးမောင်းသေးသတဲ့ (ပန်းတိမ်မတတ်ခင် ရွှေခိုးသင်) J/K ko sayhtoo. :)
Your post reminds me my first and only once road trip from wisconsin to baffalo. Driving at around 65 mph, I did manage to look at the scenery :D and I have to say it was simply gorgeous. I so wanted to stop and take some photographs but I couldnt do so. must be same to u too. anyway waiting for your next post.
မယ်လိုဒီ... မိုင်ခိုးမောင်းရတဲ့ အရသာကို ညီမ မသိသေးလို့ပါ။ :P
လွယ်မွေသူ... ကျနော့် ဘလော့ဂ်မှာ စီဘောက်ရော ကွန်မန့်မှာပါ လာမရေးတာ ကြာပြီနော်... အခု လာအားပေးတာ ကျေးဇူးပါဗျာ။
ဘတ်ဖဲလိုးမြို့က ဘာဖြစ်လို့စီးပွားရေး ကျဆင်းရသလဲဆိုတာကို စိတ်ဝင်စားတယ်။ အဲဒီမှာ ကျနော့်အသိတွေလည်း ရှိတယ်။ စီးပွားရေးကျရတဲ့အကြောင်းလေးလည်း သိသလောက် ဆက်ရေးပါအုံးဗျာ။
ကိုသက်ဦးခင်ဗျာ
အဲဒီမြို့မှာ နေတဲ့ မြန်မာတဦးရဲ့ ရှင်းပြချက်အရကတော့ အဓိကအားဖြင့် ဘတ်ဖလိုမြို့ စီးပွားရေး ကျဆင်းနေရခြင်းအချက်က့ အဲဒီမြို့မှာ အခြေစိုက်တဲ့ ကုမ္ပဏီ အတော်များများရဲ့ အရှုံးပေါ်မှုပါပဲ။ ဖျက်သိမ်းသွားကြရတဲ့ အဲဒီ ကုမ္ပဏီတွေနဲ့ အတူ အဆစ်ပါပြီး အလုပ်လက်မဲ့ ဖြစ်သွားရတဲ့ အလုပ်သမားတွေက တခြားသော ရေကြည်ရာ မျက်နုရာကို ပြောင်းကုန်ကြပါတယ်တဲ့။ ဒါပေမယ့် အဲဒီမြို့မှာ မြန်မာလူမျိုး ၅၀၀ ၀န်းကျင် ရှိနေပါတယ်။ အိမ်ငှားခနဲ့ အိမ်ဈေး နှုန်းထားက တခြားသော ပြည်နယ်တွေထက် နှိုင်းယှဉ်လိုက်ရင် တော်တော်ကြီးကို ဈေးချိုနေတာကြောင့်လို့ ကျနော် ခန့်မှန်းမိပေမယ့် ကျနော် ရောက်သွားတဲ့ အချိန် ည ၂ နာရီလောက်မှာတင်ကို လမ်းပေါ်မှာ မက္ကဆီကန်တွေနဲ့ လူမည်းတွေ (မူးယစ်ဆေး သုံးနေတယ်လို့ ယူဆရတဲ့ အနေအထားနဲ့) ဟိုတစ ဒီတယောက် တွေ့နေရပါတယ်။ လုပ်အားခ ရရှိမှုကလဲ ကျနော် အခုနေတဲ့ ပြည်နယ်ထက်စာရင် အတော်ကို နည်းပါးပါတယ်။ သို့သော်….၊ သို့သော်ပေါ့ဗျာ…။ :D
ကျနော် ပြန်ရှင်းပြပေးတာနဲ့ ကိုသက်ဦး သိချင်သမျှ မလုံလောက်ရင် http://en.wikipedia.org/wiki/Buffalo%2C_NY#Economy အဲဒီမှာလဲ သွားလေ့လာလို့ ရမယ်ထင်ပါတယ်ခင်ဗျာ။ :)
some additional facts..
Buffalo in 2005 is roughly 1/2 black and 1/2 white; it was all white a century ago. white middle class people are fleeing since then. That increasing racial imbalance combined with the terrible economic situation has allowed a corrupt government to take power that has turned the city into an economic dead zone.
http://www.buffalocity.gov.za/municipality/life_pdf/pages%2037-48.pdf
Post a Comment