နိုင်ယာဂရာ ရေတံခွန်ဟာ အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်နဲ့ ကနေဒါနိုင်ငံ အွန်တာရီယို ပြည်နယ်ကြား နယ်စပ် နိုင်ယာဂရာ မြစ်မှာ ရှိပါတယ်။ နိုင်ယာဂရာလို့ စုပေါင်း သတ်မှတ်ပေမယ့် ရေတံခွန် စုစုပေါင်း သုံးခု ရှိပါတယ်။ ကနေဒါဘက်ခြမ်း အပိုင် Horseshoe falls ၊ အမေရိကန် ဘက်ခြမ်း အပိုင်
နိုင်ယာဂရာ ရေတံခွန်တွေ ရှိရာကို အမေရိကန်နိုင်ငံ ဘတ်ဖလို မြို့ကနေ (၁၇)မိုင် သွားရပြီး ကနေဒါနိုင်ငံ တိုရွန်တို မြို့နဲ့တော့ ၇၅ မိုင် ကွာဝေးပါတယ်။
အမေရိကန် ဘက်ခြမ်းက နိုင်ယာဂရာ ရေတံခွန်မှာ လေ့လာလည်ပတ်စရာတွေ များစွာ ဖန်တီးထားပေးတဲ့အနက်က ကျနော် ရောက်ခဲ့တဲ့ နေရာအလိုက် တင်ဆက်သွားပါရစေ။
Maid of the Mist
မြန်မာလိုတော့ ဘယ်လိုအကောင်းဆုံး ခေါ်ရမလဲ မသိ။ မြူနှင်းရဲ့ ကောင်မလေးပဲ ခေါ်မလား၊ မြူနှင်းပျိုမေ လို့ ကဗျာဆန်ဆန် ခေါ်ရင် ပိုကောင်းမလားတော့ မပြောတတ်…။
အဲဒါကတော့

မျှော်စင် အပေါ်ကနေ အောက်ကို ငုံ့ကြည့်ရင် သဘောင်္ရှိရာကို တရွေ့ရွေ့နဲ့ သွားနေတဲ့ အပြာရောင်လေးတွေကို တွေ့ရပါမယ်။ ရေတံခွန်နားကို ရောက်ရင် ရေတွေစင်တဲ့အတွက် သင်္ဘောစီး ခရီးသည်တိုင်းကို အပြာရောင် တခါသုံး မိုးကာလေးတွေ ပေးတဲ့အတွက် လူတွေက မတိုင်ပင်ရဘဲနဲ့ တူညီဝတ်စုံ ၀တ်ထားသလိုဖြစ်လို့ တမျိုးလှနေပါတယ်။

မျှော်စင်ရဲ့ ဟိုမှာဘက်မှာတော့ အမေရိကန်နဲ့ ကနေဒါကို ချိတ်ဆက်ထားပေးတဲ့ Rainbow Bridge။
မျှော်စင်ရဲ့ အောက်ခြေကို ရောက်တော့ မိုးတိမ်တိုက်တွေနဲ့ အတူ အလှပြိုင်နေတဲ့ ရေတံခွန်ကို တွေ့ရတယ်။
သင်္ဘောစထွက်ပါပြီ။ ဟိုး ခပ်လှမ်းလှမ်းက ရေတံခွန်တွေ ရှိရာကို သွားပါမယ်။

American fall နဲ့ Bridal fall ရဲ့ မြင်ကွင်းပါ။ ခပ်ကြီးကြီး ရေတံခွန်က American fall ဖြစ်ပြီး ဘေးနားကပ်လျက်က ခပ်သေးသေးက Bridal fall ပါ။
တ၀ုန်းဝုန်းနဲ့ အရှိန်အဟုန်ပြင်းစွာ ကျဆင်းနေတဲ့ ရေတွေရဲ့ အရှိန်က တစက္ကန့်ကို ဂါလံ တသောင်းကျော်နှုန်း ရှိပါသတဲ့။ Horseshoe Falls လို့ ခေါ်တဲ့ ဂငယ်ပုံသဏ္ဍာန် ဒီရေတံခွန်နားကို ပိုလို့ ကပ်လာလေလေ ရေမှုန်ရေမွှားတွေက ပိုစင်လာလေလေ။ မိုးရေချိုးနေရတဲ့ အလားခံစားရလို့ နေပူပူအောက်မှာ အေးမြမြအရသာပေါ့။ လေတချက် တိမ်းလိုက်တိုင်း ယိမ်းခနဲ ဖြစ်သွားတဲ့ သင်္ဘောပေါ်က အပြာရောင် တပ်သားတွေကတော့ ရင်ခုန်သံတွေ မြန်နေကြတာပေါ့..။
“Ladies and gentlemen, this is
မျှော်စင်ပေါ် ပြန်ရောက်လာတော့ အောက်ကို လှမ်းကြည့်လိုက်တာ အပြာရောင် တပ်သားတွေ တရွေ့ရွေ့နဲ့ ခရီးနှင်နေကြဆဲ…။


အပေါ်ကို ပြန်ရောက်တော့ ရေတံခွန်က စိုလာတဲ့ ရေတွေကြောင့် လေတိုက်လိုက်တိုင်း ချမ်းစိမ့်စိမ့် ဖြစ်နေပါတယ်။
ဆက်ရန်…
ကလိုစေးထူး
4 comments:
ကိုယ်ကိုတိုင် ရောက်ဖို့ခဲယဉ်းတဲ့ Niagara Fall အကြောင်းကို ဓာတ်ပုံတွေနဲ့အတူတင်ပေးတဲ့ ကိုစေးထူးကို ကျေးဇူးအထူးပါ။
ရောက်ဖူးချင်လိုက်တာ ...
ခရီးသည်ကြီးကိုစေးထူး (အသက်ကကြီးပြီဆိုတော့ ဂျစ်လို ခရီးသည်လေး မဟုတ်တော့ပါ အဟဲ) ဂျစ်ဘက်မှာ ကနေဒါဘက်က ပုံတချို့ တင်ထားတယ်း)
တကယ်ကိုလာလည်မှာနော်.
ပုန်းမနေရဘူး..
Post a Comment