နေ့လည် ၁၂ နာရီ…။ အသိစိတ်မဲ့သူ တယောက်လိုပင် ယောင်နနခြေလှမ်းများက လေးကန်လွန်းလှစွာ...။ လမ်းကလေး…။ ကျနော့်ရဲ့လမ်းကလေးဆီသို့ ကျနော် လျှောက်နေမိပါလား…။ ဟင်…၊ သူကျနော့်ကို ဘယ်လို အကြည့်တွေနဲ့ ကြည့်နေတာပါလိမ့်…။ ဒါ…၊ ဒါ…။ မကြည့်ပါနဲ့ လမ်းကလေး(((((( ကျနော်တကယ်လျှောက်မလို့ပါ…၊ အဲဒီလို မကြည့်လိုက်ပါနဲ့…။ သွား(((((((((( လမ်းကလေးက အော်ဟစ်မောင်းထုတ်လိုက်လေသလား…။ ကျနော် မလျှောက်ရတော့ဘူးပေါ့…။ ကြောက်လန့်တကြားဖြင့် ပြေးထွက်လာမိတော့ တ၀ူးဝူးတိုက်ခတ်နေသည့် လေကြမ်းနှင့်အတူ အော်ဟစ်သံတွေကို ကြားယောင်နေသယောင်ယောင်…။ `သွား... ထွက်သွား...၊ အလကားကောင်´ ကားလမ်းကို အတင်းဖြတ်ပြေးတော့ ဟွန်းသံကျယ်လောင်စွာ တီးသွားသော ကားတစင်းပေါ်မှ လူတယောက်က တခုခု လှမ်းပြောပြီး လက်ခလယ်ထောင်ပြသွား၏။ *** ညနေ ၄ နာရီ…။ ခေါင်းစဉ် မရှိ…တဲ့။ ဟင်…၊ ………………………… …………………………………. အမထက် ၁၀နှစ်ငယ်တဲ့ ဆုံးသွားတဲ့မောင်အငယ်ဆုံးလေးထက်တောင်မင်းကငယ်သေးတော့ မင်းက အမ ရဲ့ မောင်လေးပဲ။ ရင်ဝကို အင်အားကြီးမားသော တစုံတခုက ဒိုင်းခနဲ လာဆောင့်လိုက်လေသလား…။ ဆို့နင့်လာသော စိတ်ဖြင့် တကြောင်းချင်း…၊ တကြောင်းချင်း…၊ တကြောင်းချင်း…။ …………………………….. ……………………………………… ………………………………………….. ရိုးသားပွင့်လင်းမှုကို ချစ်တယ်။လောကမှာ..အကြီးဆုံးပြဿနာက မယုံကြည်တော့တာပဲ။ကလေးရေ.. အမတကယ်ယုံတာပါ..မေတ္တာသည် သေခြင်းနှင့်အမျှ တန်ခိုးကြီးပါ၏...ဆိုတာကို။ ကျနော် ဘာကိုမှ မမြင်တော့ပါ။ အားရပါးရ ချုံးပွဲချ ငိုကြွေးပစ်လိုက်သည်။ ငို..၊ ငိုစမ်း၊ အဖိုးမတန်တဲ့ မျက်ရည်တွေနဲ့ ငို…။ တွေတွေစီးကျနေသော မျက်ရည်တို့ဖြင့် တစုံတခုကို ရှာဖွေကြည့်တော့….။ လစ်ဟာသွားသော ကျနော့်နေရာတွေ…၊ သေချာပါတယ်။ ကျနော် ဘယ်တော့မှ ပြန်မရတော့ဘူး…။ စကားသံတခုက နားထဲတွင် ပဲ့တင်ထပ်သွား၏။ `ဒီတခါ ပိုဆိုးပြီ´ ကလိုစေးထူး (ကျနော် ခရီးတခု သွားစရာ ရှိလို့ အားလုံးကို နှုတ်ဆက်ပါရစေ…။ တချိန်ချိန်တော့ ပြန်လာမယ် ထင်ပါတယ်။ မပြန်လာဖြစ်ရင်တော့ ဒီပို့စ်ဟာ ကလိုစေးထူးရဲ့ နိဂုံးပါပဲ။ ကျနော့်ရဲ့ နှလုံးသွေး၊ တကယ့်ခံစားချက်တွေနဲ့ ရေးခဲ့တဲ့ ဒီဘလော့ဂ်ကိုတော့ ဖျက်ဆီးပစ်ဖို့ စိတ်အင်အား မရှိသေးလို့ အမှတ်တရဖြစ်စေ၊ အမှတ်တမဲ့ဖြစ်စေ ထားရစ်ခဲ့ပါတယ်။) |
Tuesday, July 03, 2007
1 to ... 0 -1 -2 -3 .............. infinity
Subscribe to:
Post Comments (Atom)
24 comments:
ကိုစေးထူး ပြန်လာခဲ့ပါ .. ဒါပဲ ပြောနိုင်တယ်..
ထွက်သွားသူတွေကို ပထမဆုံး ကွန်မန့်ရေးရသူ ဖြစ်ဖြစ်နေတာ စိတ်မကောင်းဘူး။ တစ်ခုပဲ ပြောချင်တယ်
Tt's not the end of the world.
သွားမယ်မှန်းကြိုသိရင်ပြောရမယ့် စကားပါ။ ပြန်လာခဲ့လို့ တွေ့ခဲ့ရင် အဲလိုဆုတောင်းပေးထားတယ်ဆိုတာ သိစေချင်ပါတယ်။
Safe Journey...
ပြန်လာမယ်လို့လဲ မျှော်လင့်ထားပါတယ်။
.kosayhtoo ---good luck everything for ur journey
sincerly
jimmy
ကိုစေးထူးရေ ...
ဘယ်ခရီးကို ဘာအကြောင်းကြောင့်လဲရယ်လို့တော့ ကျနော်မသိပါ ...
ဘာဖြစ်ဖြစ် ဆက်ဆက်ပြန်လာခဲ့စေချင်ပါတယ်ဗျာ ...
အစ်ကို့ စာဟောင်းတွေ ဖတ်နေတုန်း၊ အစ်ကို့ စာသစ်တွေကိုလည်း မက်နေတုန်းပါပဲဗျာ ...
ခင်မင်လေးစားစွာဖြင့်
မိုးညို
Hey! Come back. You can't kill your talents and inspiration like that. If you have something troubles we can work together. Remember! We are together. Right No matter what. How can I help you?
ကိုစေးထူးမြန်မြန်ပြန်လာခဲ့ပါ၊ အားပေးနေတဲ့ပရိတ်သတ်တွေကို မျှော်တော်ဇောနဲ့ မမောစေချင်ရင်ပေါ့၊ အမြဲတမ်း ကိုစေးထူးရဲ့ဘလော့ဂ်ကို လာလာ ကြည့်နေပါမယ်၊ ပြန်လာပြီလားလို့ ၊ ကိုစေးထူးဘလော့ဂ်လေးကတော့ အသက်သာရှိလို့ သူသာစကားပြောတတ်ရင်တော့ ဒီလိုလေးပြောနေမှာအသေအချာပဲ၊ " မလာနဲ့မတားဆီးခဲ့သူ၊ မပြန်နဲ့မပြောဘူးချစ်သူ ကိုယ်ဟာဖွင့်လို့ထားတဲ့ တံခါးလေးတစ်ချပ်” ကိုစေးထူးရဲ့ ဘလော့ကိုယ်စား ရေးပေးပါတာ၊ မြန်မြန်ပြန်လာပါနော်၊
:(
nothing words can express my sadness for your saying goodbye of this blog.
:(
Anyway, I will miss your writing posts and hope you will return back someday.
ကိုစေးထူး
အဲဒိခံစားမှုမျိုး နဲ့ ဒါဏ်ရာတွေ ရခဲ့ဖူးလို့ ကျွန်တော်လုံးဝ မျှဝေခံစားပေးနိုင်ပါတယ်။ကိုစေးထူး ရဲ့ အတွေးအရေးတွေ က ဒီမြန်မာ ဘလော့(ဂ) လောကမှာ ကျွန်တော်တို့ စောင့်ဖတ်ရမယ့် စာရင်းရဲ့ ထိပ်ဆုံးက ပါပါတယ်။ ကိုစေးထူး နဲ့ ဝေးနေလို့ .အနီးမှာရှိတဲ့ သူငယ်ချင်း တစ်ယောက်ဆို ဒီစကားတွေ ထက် ပိုပြီး ကူညီပေးခွင့်ရချင်ပါတယ်။ အချိန် ကအကောင်းဆုံးသမားတော် တဲ့လေ။ ကျွန်တော်ယုံကြည်တယ်..ကိုစေးထူးလို ဘလော့ဂါတစ်ယောက်ထက်ပိုတဲ့ စာရေးဆရာတစ်ဦး ဟာ စာတွေ ပြန်ကိုရေးမှာပါ..ဖတ်ဖို အကြွေ့းကျန်နေတဲ့ ကိုစေးထူး အရင်က စာတွေ လာဖတ်ရင်း နေ့ တိုင်းဝင်ကြည့်နေမယ်..
ကျွန်တော်နေတဲ့ ဆီဘက်အလည်ရောက်ဖြစ်တယ်ဆို လက်တို့ လိုက်ပါ..
အမြဲလေးစားလျက်
ကိုစေးထူး ရဲ့ 
ဘလော့ညီအစ်ကိုသူငယ်ချင်း
မောင်ရင်
ကိုစေးထူး
အမြဲပိုစ့်တွေ စောင့်ဖတ်နေတဲ့ ပရိတ်သတ်ပါ။
အချိန်က ကုစားသွားပါလိမ့်မယ်။
ကိုယ်လုပ်စရာရှိတာတွေကိုတော့ မပျက်စေချင်ဘူး။
ပြန်လာပါ။ ရေးသင့်တာတွေ ဆက်ရေးပါဦး။
ကိုစေးထူးပြောသလိုပဲ တချိန်ချိန်ပြန်လာမယ်ဆိုတာ ယုံကြည်ထားတဲ့အတွက် ဒီပို့စ်ဟာ နိဂုံးဆိုတာကို လက်မခံချင်ဘူး။ နောက်ဆုံးမှတ်ချက်လေးကို မဖတ်မိဘူး မရှိဘူးလို့ပဲ ယူဆထားလိုက်ပါရစေ။
ကိုစေးထူး ခရီးလမ်းမှာ အစစအရာရာ အဆင်ပြေပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Have a nice trip! See you soon!
have a safe trip. please come back soon.
တစ်တောရှင်းသွားပီပေါ့ကွာ
please AKM တစ်တောရှင်းသွားတာပေါ့လို့ပြောရအောင် ရှင်ကဘာမို့လို့လဲ သစ်တောရှင်းလင်းရေးအဖွဲ့က တော့ မဟုတ်လောက်ပါဘူးနော်၊ ကိုယ်ကသူများလောက်မလုပ်ပြနိုင်ရင် ဘေးထွက်နေပါ၊ မရှုံချပါနဲ့ ၊ မကူညီချင်နေပါ မနှောက်ယှက်ပါနဲ့ ဆိုတျာ ရှင်တို့လိုလူမျိုးတွေအတွက် ရည်ရွယ်တာဖြစ်မယ်
ကိုအေကေအမ်..
ဒီဘလော့(ဂ)မှာ တင်ခဲ့တဲ့ စာတွေ ကိုယ်တွေ့ ဖြစ်ရပ်မှန်တွေဖတ်ပြီး အမှန် သိသွားတဲ့ လူတွေ ကြောင့် တတောမရှင်း ပါဘူး။ ကျွန်တော်တို့ အပြင်လောက က ရပ်တည်မှုကြောင့်ု့ ဘလော့ရေးတာရပ်ချင်ရပ်သွားမယ်..ဒါပေမယ့် တိုင်းပြည် တိုးတက်စေလိုတဲ့ အတွေးနဲ့ ကိုယ်နိုင်ရာထောင့် ကနေ တတ်အားသမျှ သဲတပွင့်ဖြစ်ဖြစ် ဖြည့်ပေးချင်တဲ့ စိတ်တွေကိုတော့ ဘယ်သူမှ မရှင်းနိုင်ပါဘူး..အဲဒိတောတွေ အကုန် ရှင်းချင်သပဆိုရင် လဲ မြန်မာပြည်ထဲမှာ နောက်ထပ် သန်း ၅၀ သော တောတွေ ရှိနေပါသေးတယ်ခင်ဗျ။
အမြင်တွေ မှုန်မွှားနေဆဲဆိုရင် ကျွန်တော့်ဘလော့(ဂ)မှာ လာဆွေးနွေးနိုင်ပါတယ်..
မောင်ရင်
ကလိုစေးထူး - အကိုရေ ကျွန်တော်တို့ဟာ ရှည်လျားသောလမ်းတွေ လျှောက်ရင်း ခရီးတွေ သွားနေတဲ့ လူတွေပါ။ ဒီ blog ဟာ အကိုရဲ့ လမ်းမှာရှိတဲ့ နားခိုရာနေရာတခုဆိုရင် တော်တော် လှပတဲ့ နေရာလေးပါ။ ဒီနေရာလေးကို ပြန်လာပြီး ကြာကြာအနားယူနိုင်ပါစေ။
ပြန်လာ နိုင်ပါစေ ကိုစေးထူး။
ကိုစေးထူး
ပြန်ရေးစေချင်ပါတယ်။
စောင့်နေပါတယ်။
ဇနိ
ကိုစေးထူး..
လုပ်သင့်တာ..
လုပ်ချင်တာ..
လုပ်မှ ဖြစ်မှာပါဆိုတာတွေ
ကျမတို့ ဘ၀တွေထဲမှာ
အမြဲရင်ဆိုင်ရမှာပါ..။
အကောင်းဆုံးကို
ပိုင်းခြားဖြတ်ကျော်နိုင်ပါစေ..
ကိုစေးထူး.. နှုတ်မဆက်ပါနဲ့ဗျာ.. တချိန်တွေ့ကြရအောင်ပါ..
ပြန်လာမယ်လို့ ယုံကြည်မျှော်လင့်ပါတယ် ...
ကိုကလိုစေးထူးရေ။ အမြန်ဆုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ ပြန်လာပြီး ဘလော့ဂ်မှာလည်း စာကောင်းပေမွန်တွေ ဆက်လက်ရေးသားနိုင်ပါစေခင်ဗျာ..
အကိုသံလွင် ဘာလို့ နှုတ်ဆက်သွားတာလဲ အင်း ဦးနတ္ထိသွားတုန်းက သူပဲ နှမြောတယ် ပြောပြီး ခုတော့ သူလဲ နှုတ်ဆက်ပြန်ပြီ။
ဘာပဲဖြစ်ဖြစ် ပြန်လာစေချင်ပါတယ် (ပြန်လာခဲ့ပါ)။ အသိပညာတွေ ဝေငှပါဦးဗျာ....
ပြန်လာနိုင်အောင်ကြိုးစားရင် ပြန်ရောက်နိုင်မယ်လေ။
ပြန်လာနိုင်ပါစေလို့..............
Post a Comment