Monday, July 09, 2007

တောင်းပန်ခြင်း…

မနေ့ကပေါ့…။

ညနေစောင်းလောက်မှ အိမ်ကို ပြန်ရောက်ခဲ့ပါတယ်။ ရောက်ရောက်ခြင်းပါပဲ…၊ ဆောက်နဲ့ မထွင်းတဲ့အပြင် အားပေးစကား အစုံအလင်နဲ့ ကျနော့်ရဲ့ ဘလော့ဂ်က ကျနော်ချစ်လှစွာသော မိတ်ဆွေများရဲ့ အားပေးစကားတွေဟာ ကျနော့်ကို တကယ်ကိုပဲ အားအင်တွေ ဖြစ်စေခဲ့ပါတယ်။

အထူးသဖြင့် မမေဓာဝီရဲ့ မေတ္တာ့ဝန်တာ ပို့စ်လေးက ကျနော့်ရဲ့ ပုဂ္ဂလိကဆိုင်ရာ ခံစားချက်တွေကို ဘေးဖယ်ပြီး ကျနော်ချစ်တဲ့ ကျနော့်မိတ်ဆွေတွေ ရှိရာကို ပြန်လာစေဖို့ အဓိက အားဆေးပါပဲ။

အားလုံးကို ကျနော် ပြန်လည်တောင်းပန်ပါတယ်။

ကျနော်…၊

မိုက်မဲခဲ့တယ်။
ကျနော့်အတွက် ပေးခဲ့တဲ့ အဖြူရောင် မေတ္တာတွေကို စော်ကားခဲ့မိတယ်။
ကျနော့်ရဲ့ ပုဂ္ဂလိက ခံစားချက်ကို ရှေ့တန်းတင်ပြီး အတ္တကြီးမိတယ်။

အခုတော့ ကျနော် အားလုံးရဲ့ မေတ္တာတွေကို နားလည်ခဲ့ပါပြီ။

အခု ကျနော်သွားခဲ့တဲ့ ခရီးစဉ် တလျှောက်လုံးမှာ တွေ့ခဲ့ရသမျှ အတွေ့အကြုံတိုင်းမှာ ကျနော့်မိတ်ဆွေတွေကိုသာ သတိရနေခဲ့မိတယ်ဆိုရင် ပိုတယ်ပြောကြမလား မသိနိုင်ပေမယ့် ကျနော်အားလုံးကို အရမ်းသတိရနေခဲ့တယ်။

အခု သွားခဲ့တဲ့ ခရီးစဉ်ကနေ ကျနော်စာတွေ ဆက်ရေးဖို့၊ ဘလော့ဂ်မှာ တင်ဖို့ ကုန်ကြမ်းတွေ များစွာပါလာခဲ့ပါတယ်။ နောက်ရက်တွေက စပြီး ကျနော့်ဘလော့ဂ်ကို အသက်ဆက်ပါတော့မယ်။ ကျနော် စာတွေ ပြန်ရေးပါတော့မယ်။ မမေဓာဝီရဲ့ ပို့စ်ထဲမှာ ဖော်ပြထားတဲ့ ဆရာမမေငြိမ်းရဲ့ ကဗျာတစကို ယူသုံးပါရစေတော့…။

ကျနော်…။

တကယ်တမ်းကျ…
ထွက်ပြေးတာကိုက
ထွက်ပြေးမရ…တာ။

ကလိုစေးထူး


12 comments:

pandora said...

ဝူးထွားထွား.. ဟေး... အရင်ဆုံးကြိုတာကွ..

M.Y. said...

That's it man!!!!
That's it!!

မေဓာဝီ said...

ကြိုဆိုပါ၏

moe nyo said...

ဝေး !!! ဖားစည်သံ ပြန်ကြားရပြီ ...
ပါလာသမျှ ကုန်ကြမ်းတွေ ထုတ်ပေတော့ ဗျို့ ...
စောစောပြန်လာလို့ ကျေးဇူး ကိုစေးထူးရေ ...

MELODYMAUNG said...

Welcome back Bro!
တင်မဲ့ ပို့စ်တွေ ဖတ်ဖို့ ရာ အဆင်သင့် ပဲနော် ငှဲငှဲငှဲ :) (ပြန်လာပြီဆိုလို့ တကယ် ကျေးဇူးတင်တယ်)

Chocolaier said...

Welcome Back!
သူ့ဘလော့သူပြန်လာတာကို ကြိုဆိုပါတယ်ပြောရတာ အူကြောင်ကြောင်တော့နိုင်သား... ;)
ပျော်လို့ နောက်တာနော်။ အရမ်းဝမ်းသာပါတယ်။ =)

Anonymous said...

ကိုစေးထူး

အခုလိုပြန်လာတာ၊ စာတွေပြန်ရေးမယ်ဆိုတာကို အရမ်းဝမ်းသာတယ်ဗျာ… :)

Anonymous said...

welcome back mannnnnnnn!

Chit Lay Pyay said...

ဝမ်းသာလိုက်တာ ဘယ်လိုပြောရမှန်းတောင် မသိဘူး၊ တကယ်ပြောတာပါ၊ စာတွေစောင့်ဖတ်နေပါ့မယ်၊

P.Ti said...

welcome back...hope you have more energy to write more posts... :D ... looking forward to read your new posts...

Anonymous said...

ကိုစေးထူးပြန်လာတာ တော်တော်ဝမ်းသာမိပါတယ်။ ခုရက်ပိုင်းဘလော့ဂ်တွေဘက် သိပ်မရောက်ဖြစ်လို့ ကိုစေးထူးနှုတ်ဆက်သွားတာမသိဘူး။ မမေဒါဝီဘလော့ဂ်ဖတ်ဖြစ်မှပဲ သိတော့တယ်။ ကိုစေးထူးရဲ့ အတွေး၊ အရေးတွေက ကျနော့်အတွက် သိပ်မျက်စိပွင့်နားပွင့်ဖြစ်စေပါတယ်။ ဆက်ရေးပါနော်။

Anonymous said...

အကိုသံလွင် ကုန်ကြမ်းသွားရှာရင် သွားရှာတယ်ပေါ့။ ဟွန့် လူတွေကို ဒုက္ခပေးသွားတယ်... :P

အကိုသံလွင်နော် ကြပ်ကြပ်လုပ်...